မိတ်ဆွေတစ်ယောက်က ညွှန်းလို့ ရှမ်းပြည်နယ် သမိုင်းနဲ့ပတ်သက်တဲ့ စာအုပ် သုံးအုပ် ဝယ်လိုက် တယ်။ စာရေးသူ ဆရာ စိုင်းခမ်းမိုင်း က မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ နည်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာ ဌာန ကထိက အဆင့်ကနေ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စင်္ကာပူအမျိုးသား တက္ကသိုလ်၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် နဲ့ သြစတေးလျ အမျိုးသားတက္ကသိုလ်တွေ မှာ သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တောင်ကြီးမြို့ အခြေစိုက် ရှမ်းသုတေသန စင်တာရဲ့ အမှုဆောင်ဒါရိုက်တာနဲ႕ နှစ်စဉ်ထုတ်ဝေတဲ့ ရှမ်းသုတေသန စာ စောင်ရဲ့ အယ်ဒီတာ အဖြစ် တာဝန်ယူထားပါတယ်။ ဆရာ့ကိုယ်ရေးသမိုင်းအပြည့်အစုံကို ဓာတ်ပုံ မှာ လေ့လာနိုင်ပါတယ်။ စာအုပ်သုံးအုပ်မှာContinue reading “ရှမ်းပြည်နယ်အကြောင်းစာအုပ်ကောင်းများ”