ဆူးလေ

မနက်ငါးနာရီခွဲ ၊ အရင်က အိပ်ယာစောစောထတဲ့ ဆူးလေ ဟာ အိပ်ပုတ်ကြီးနေတယ်။ ခေတ်မီ ဟိုတယ်ကြီးနဲ့ ဈေးဝယ်စင်တာရှေ့က ကားမှတ်တိုင်မှာတော့ စောစောမထလို့မဖြစ်တဲ့၊ အိမ်မှာပဲ နေဖို့ မဖြစ်နိုင်တဲ့ ၊ ခပ်ခွာခွာနေဖို့ မတတ်နိုင်တဲ့ ငါ့ဝမ်းပူဆာ မနေသာ သမားတွေ ပူးကပ်ပြီး ကား စောင့်နေကြတယ်။ အရင်က ခပ်စိပ်စိပ်လာ တ တ်တဲ့ ဘတ်စ်ကားတွေကလည်း အခုတော့ ခပ်ခွာ ခွာပဲလာကြတော့တယ်။တံတားအောက်ကနေ လူငယ်လေးသုံးယောက် ဖြတ်လေ ျှာက်သွားတယ်။ လုပ်ငန်းခွင်ကို သွား မယ့် သူတွေထင်ပါရဲ့ ။ တစ်ယောက်က လုပ်ငန်းခွင်သုံး ဦးထုပ်ဆောင်းထားတယ်။ ပလက်ဖောင်း၊ ကတ္တရာလမ်းနဲ့ရေအိုင်တွေပေါ်မှာအရောင်ပြန်နေတဲ့ အနီရောင်၊ အဝါရောင်တွေ၊ လူရှင်းနေတဲ့ ကားလမ်းမကြီး၊ ဝမ်းရေးခက်ခက် လူသုံးယောက်။ ဆာရီရယ်ပန်းချီကားတစ်ချပ်။ရန်ကုန်သားတွေထဲမှာဘယ်သူစည်းကမ်းရှိသလဲ၊ဘယ်သူစည်းကမ်းမဲ့လဲဆိုတာ စစ်ဆေးတဲ့ လူကူး တံတားအောက်မှာContinue reading “ဆူးလေ”

အလှဆင်သူ

တစ်ချိန်က အခု ရှန်ဂရီလာဟိုတယ်ရှိတဲ့ဘက်အခြမ်း ၊ ပန်းခြံထောင့်လေးမှာ သစ်သားပုံးလေး တွေနဲ့ မီးခြစ်ပြင်တယ်၊ရောင်းတယ်၊ ဝယ်တယ်၊ နာရီမှန်ကပ်တယ်။ နာရီ ကြိုးလဲတယ်၊ စတစ် ကာလေးတွေ ရောင်းတယ် ဆိုတဲ့ ဆိုင်လေးတွေရှိခဲ့ဖူးတယ်။မီးခြစ်ဆိုရင် ဇစ်ပိုက မီးခြစ်ဘုရင်ပေါ့။ အဲဒီဆိုင်လေးတွေမှာ မီးခြစ်အဖုံးကို ထောက်ကနဲ မည်အောင်ဖွင့်လိုက်၊ မီးခြစ်ပြလိုက်၊ လေထဲမှာ ခါပြပြီး တော်ရုံနဲ့ မီးမငြိမ်းတဲ့အကြောင်း၊ လေ ဘယ်လောက်တိုက်တိုက် မီးခြစ်ခြစ်လို့ရကြောင်းသရုပ်ပြနေတာကိုတွေ့ရမယ်။ ဒီဆိုင်လေး တွေမှာ ဇစ်ပိုဆီဆိုတာလည်း ဖြည့်ပေးတယ်။ ဇစ်ပိုမီးခြစ်ဟာ ဇစ်ပိုဆီနဲ့ မှ တစ်ချက် ခြစ်၊ တစ်ခါတောက်တယ်ဆိုပဲ။ ဇစ်ပိုနဲ့ပုံစံ တူ မီးခြစ်တွေလည်း ရှိတယ်။ ဒါပေမယ့် ဇစ်ပိုမီးခြစ်ကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ အသစ်မကိုင်နိုင်ရင် တောင် ဇစ်ပိုအဟောင်းဝယ်ကိုင်မယ် ဆိုတဲ့သူတွေအများကြီးပဲ။တစ်ခါသုံး ဂတ်စ်မီးခြစ်လေးတွေပေါ်လာတော့လည်း တစ်ခါသုံးမီးခြစ်ကိုContinue reading “အလှဆင်သူ”