ကိုဗစ်မကြောက်တဲ့ စောင့်ရှောက်သူ

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့က သတင်းစာတွေစောင်ရေကျတယ်၊ သတင်းခန်းတွေ ပိတ်ပြီး အိမ်ကနေ အလုပ်လုပ်ရတယ်။ ဘဏ္ဍာရေးအခြေအနေအားနည်းတဲ့သတင်းစာတိုက်တွေ က လူအင်အားလေ ျှာ့ရတယ်။ တစ်ကမ္ဘာလုံးမှာ သတင်းထောက် အလုပ်လက်မဲ့ ဖြစ် တဲ့အရေ အတွက်ကိုတော့မသိရဘူး။ ဒါပေမယ့် နယူးယောက်တိုင်းမ်သတင်းစာကတော့ ဧပြီ လနဲ့ ဂျွန်လ အတွင်းမှာ အမေရိကန်သတင်းစာလောက မှာ အလုပ်လက်မဲ့ဖြစ်သူ သုံးသောင်းခြောက် ထောင် ကျော်ရှိတယ်လို့ဆိုတယ်။ အဲဒီအထဲမှာ အလွတ်တန်းသတင်းထောက်တွေမပါသေးဘူး။ ဒါပေမယ့် စောင့်ရှောက်သူ ( Guardian ) လို့အမည်ရတဲ့ ဗြိတိန်နိုင်ငံထုတ်သတင်းစာကတော့ ကိုဗစ် ၁၉ ကြောင့်ဖြစ်တဲ့ စီးပွားရေးကျဆင်းမှုဒဏ်ကို ပရိသတ်ထောက်ခံမှုနဲ့ကျော်လွှားနိုင်ခဲ့ တဲ့ အခြေအနေမှာရှိတယ်။ ဂါဒီးယန်းသတင်းစာက ပုံနှိပ်သတင်းစာအဖြစ်ရော၊ ဒစ်ဂျစ်တယ်သတင်းစာအဖြစ်ရော ဖြန့်ချိ တယ်။ ပုံနှိပ်သတင်းစာက ဗြိတိန်နိုင်ငံမှာ စောင်ရေContinue reading “ကိုဗစ်မကြောက်တဲ့ စောင့်ရှောက်သူ”