သုံးနှစ်အထိ အမြတ်မရသေးလို့ အစုရှယ်ယာရှင်တွေကန့်ကွက်နေတဲ့ YUPTရဲ့ ဥက္ကဋ္ဌ ၊ အုပ်ချုပ်မှု ဒါရိုက်တာနဲ့ ဒါရိုက်တာတွေ အကြောင်း ခေတ်သစ်မီဒီယာက သတင်းရေးသားရာမှာ – YUPT ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင် (၉) ဦးရှိပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခန့်အပ်ထားသူ ၄ ဦး ရှိကာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုက်ရိုက်ခန့်အပ်သူ ဦးဇော်ထွန်းက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၏ သမီးဖြစ်သူ ဒေါ်ပြုံးသာမြင့်က အုပ်ချုပ်ဒါရိုက်တာအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဦးအောင်မြတ်က ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ဒါရိုက်တာ ၅ ဦးမှာ အစုရှယ်ယာရှင်များဘက်မှ ရွေးချယ်သူများဖြစ်ကြောင်း သိရှိရသည်။ လို့ဖော်ပြထားပါတယ်။ သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ https://www.facebook.com/khitthitnews/posts/760790247691657?tn=K-R
Tag Archives: YUPT
YUPT အစည်းအဝေးအပေါ်သုံးသပ်ချက်
YUPT နှစ်ပတ်လည်အစည်းအဝေး မှာ အစုရှယ်ယာရှင်တွေရဲ့ တင်ပြချက်တွေကို နားထောင်ကြည့် တယ်။ အဓိက သတိပြုမိတာကတော့ ၁။ ဒါရိုက်တာအဖွဲ့မှာ အစိုးရခန့်ဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ( ဝန်ကြီးချုပ်) ကတာဝန်ပေး ထားတဲ့ ပုဂ္ဂိုလ်တွေက ဥက္ကဋ္ဌ၊အုပ်ချုပ်မှုဒါရိုက်တာ တာဝန်တွေယူထားတယ်။ ဒါပေမယ့် ဒီပုဂ္ဂိုလ် တွေက ကားလိုင်းပြေးဆွဲတဲ့၊ ကားလိုင်းကို စီမံအုပ်ချုပ်တဲ့အတွေ့အကြုံလုံးဝမရှိဘူး။ ၂။ အစုရှယ်ယာရှင်တွေ ( သူတို့စကားအရဆိုရင် အရင်က ယာဉ်ပိုင်ရှင်တွေ) က ရွေးချယ်ထား တဲ့ ဒါရိုက်တာတွေက လုပ်ပိုင်ခွင့်မရှိဘူး။ တကယ်တော့ ဒီဒါရိုက်တာတွေက ကားလိုင်းအတွေ့ အကြုံရှိတဲ့ သူတွေဖြစ်တယ်။ ၃။ YUPT က အခု ဥက္ကဋ္ဌ လက်ထက်နှစ်နှစ်အတွင်းမှာ တစ်ခါမှ အမြတ်ငွေ ခွဲမပေးဘူး ၊ ရှုံးတယ်လို့ပြောတယ်။ ၂၀၁၆ ခုနှစ်Continue reading “YUPT အစည်းအဝေးအပေါ်သုံးသပ်ချက်”
အမြတ်မရသေးတဲ့ YUPT
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရှယ်ယာ ၃၅ ဘီလျံထည့်ဝင်ထားတဲ့ ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)ရဲ့ ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှာ သုံးနှစ်ပြည့်တဲ့အထိ အမြတ်ငွေမရလို့ အငြင်းပွားမှု ဖြစ်ပွားတယ်လို့ အလဲဗင်းသတင်းမှာဖတ်ရတယ်။ YBS စတဲ့အချိန်က မထသ နှစ်ပေါင်းများစွာ ရှာမှ ရတဲ့ ငွေကို တစ်လတည်းနဲ့ရတယ်ဆိုလား ပြောသံတွေကြားခဲ့ဖူးတာ အမှတ်ရမိတယ်။