လော် ဒုက္ခ

ဘားအံ က အပြန် တွေ့ခဲ့ရတဲ့ လော် ကားကြီး။ ကျွန်တော်တို့ ခဏနားနေတဲ့ ဆိုင်ရှေ့မှာ ရပ်ပြီး ဖွင့်လိုက်တာ ပန်းကန်တွေတောင် တုန်တယ်။

မင်္ဂလာဆောင်ဆိုရင် နှစ်သိန်းခွဲ၊ အကြိုတစ်ရက်၊ မင်္ဂလာနေ့တစ်ရက် နှစ်ရက်ဖွင့်ပေးတယ်။ အခု ဖွင့်ထားတာ အသံအတိုးဆုံးပဲ၊ စက်တစ်လုံးပဲသုံးထားသေးတယ်တဲ့။

သူများတွေ စက်အသစ်တပ်ရင် ကိုယ်လည်းလိုက်တပ်ရတယ်။ မဟုတ်ရင် ငှားတဲ့သူမရှိဘူး။ ပွဲလိုက်တဲ့လော်ဆိုတာ အသံကျယ်ရတယ်၊ သီချင်းစုံရတယ်တဲ့။

အပြင်လောကမှာလည်း လော်၊ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာလည်း လော် ၊ လော် နိုင်ငံ ကြီးမှာ နေရတာ မလွယ်လှဘူး။

2 thoughts on “လော် ဒုက္ခ

Leave a comment

Why are you reporting this comment?

Report type