ဒီနေ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ကြေ ညာချက်မှာပါတဲ့ “ လူစုလူဝေး” ဆိုတဲ့စကားရပ်ကို ဘယ်လို အနက်ဖွင့် မလဲ လို့ သတင်းထောက်တွေကမေးခဲ့တယ်။ ဘာသာရေးအရ ဝတ်ပြု ဆုတောင်းတာတွေကို ဘယ်လိုလုပ်မလဲလို့လည်း ထောက်ပြခဲ့တယ်။

ဦးဇော်ဌေးကတော့ သက်ဆိုင်တဲ့ ဌာနတွေ၊ တိုင်းဒေသကြီး၊ ပြည်နုယ်အစိုးရတွေက ဆုံးဖြတ်မယ်ဆိုတဲ့ သဘောဖြေကြားခဲ့တယ်။

စင်္ကာပူမှာတော့ လူ ၂၅၀ ကျော်တဲ့ အခမ်းအနားတွေ၊ ဖျော်ဖြေပွဲတွေ မလုပ်ဖို့၊ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ အမိန့်ထုတ်ပြန်ထားတယ်။ လက်မှတ်ရောင်း ထားပြီးပြီဆိုရင်တော့ လုံလောက်တဲ့အကာကွယ်လုပ်ထားတဲ့ အကြောင်း ကျေနပ်အောင် သက်သေပြနိုင်မှ ဆက်လက်ကျင်းပခွင့်ပြုမယ်။

ဒီကန့်သတ်ချက်ဟာ ဘာသာရေးအခမ်းအနားတွေ၊ ပုဂ္ဂလိက အခမ်း အနား ( ဥပမာ မွေးနေ့ပွဲ ) တွေနဲ့လည်း အကျုံးဝင်ပါတယ်။

ဒါ့အပြင် ၂၅၀ ထက်နည်းတဲ့အရေအတွက်နဲ့ ကျင်းပမယ်ဆိုရင်တောင် လေဝင်လေထွက် နဲ့ နေရာအကျယ်အဝန်းအ ပါအဝင် လိုက်နာရမယ့်အချက်တွေကိုလည်း သီးခြား သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: