ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မူလအစကို ရှာဖွေနေတဲ့ တရုတ်ပညာရှင်တွေကတော့ ပထမဆုံး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာဟာ ဟူးဘေးပြည်နယ်သား အသက် ၅၅ နှစ်ရှိသူဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဖြစ်ခဲ့တယ်လို့ ယူဆနေကြောင်း ဒီနေ့မတ် ၁၃ ရက်နေ့ထုတ် South China Morning Post သတင်းစာမှာဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်ပညာရှင်တွေက Patient Zero လို့ခေါ်တဲ့ မူလပထမ အစ လူူနာကို တွေ့အောင်ရှာနေတာပါ။ အဲဒီလို တွေ့ရင် ရောဂါပိုးဇစ်မြစ်နဲ့ ရောဂါကူးစစ်ပုံကို ပိုပြီး နားလည်နိုင်ပြီး ကာကွယ်ဆေးထုတ်လုပ်မှုကို အထောက်အကူပြုမှာဖြစ်ပါတယ်။
SCMP ရဲ့ သတင်းမှာတော့ အဲဒီ့လူနာကို မူလပထမအစ အဖြစ် တိတိကျကျ မပြောနိုင်သေး ဘူး။ ဒါပေမယ့် အဲဒီနေ့ နောက်ပိုင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့လူနာ တစ်ရက်ကို တစ်ယောက်က နေ ငါးယောက်အထိ တိုးလာတယ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ၂၇ ယောက်၊ ဒီဇင်ဘာ ၂၀ မှာ ၆၀ အထိဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ ဟူဘေးပြည်နယ်ဆေး ရုံ က ဆရာဝန် Zhang Jixian က ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုး အသစ်တစ်မျိုးကြောင့်ဖြစ်တယ်ဆိုတာ ကို စပြောခဲ့တယ်။
မူလပထမအစ လူနာကို ရှာတွေ့ဖို့နီးစပ်လာတာဟာ ကာကွယ် ကုသရေးအတွက် အားတက်စရာ ဖြစ်ပေမယ့် တစ်ဖက်ကလည်း ဒီရောဂါဟာ နိုဝင်ဘာလလယ်ထဲက စတင်ဖြစ်ပွားနေတဲ့အတွက် လူတွေ သတိမထားမိခင်မှာ ဘယ်လောက်အထိ ကူးစက်သွားခဲ့သလဲဆိုတာလည်း မေးခွန်း တစ်ခုဖြစ်လာပါတယ်။ အရင်ကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ် သက်တဲ့ အစောဆုံးလူနာကို ဒီဇင်ဘာလ ၈ ရက်နေ့မှာတွေ့တယ်လို့ မှတ်တမ်းတင်ထား ခဲ့ တာဖြစ်ပါတယ်။
