စင်္ကာပူက ပြန်လာတဲ့ လူ ၁၁ ယောက် သတင်းကို သိသူတွေက ဖြစ်စေ ၊ ဒါမှမဟုတ် ကာယကံရှင်တွေကိုယ်တိုင်က ဖြစ်စေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အမြန်သတင်းပို့သင့်ပါတယ်။
ဒါမှလည်း ကျန်းမာရေးဝန်ကြီးဌာနက လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ် နိုင်ပြီး အားလုံး စိတ်အေးရမှာဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့နယ်တွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးအား COVID-19 သံသယလူနာအဖြစ် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းနှင့်အတူ ပြန်လာသည့် လူ ၁၁ ဦးအား လိုက်လံရှာဖွေ နေကြောင်း မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောကြားသည်။
( သတင်းကောက်နှုတ်ချက်)