နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၂၀ မတ် ၂၀၂၀ )


၁။ အီတလီနိုင်ငံမှာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃၄၀၅ ဦးတောင်ရှိသွားပြီဖြစ်တဲ့အတွက် ရောဂါစတင်ဖြစ်ပွားတဲ့ တရုတ် နိုင်ငံမှာ သေဆုံးသူအရေအတွက် ၃၂၄၅ ဦးကို ကျော်သွားပြီဖြစ်ပါတယ်။
၂။ တရုတ်နိုင်ငံမှာတော့ မနေ့က ရောဂါဖြစ်ပွားသူ ၃၉ ဦးစစ်ဆေးတွေ့ရှိခဲ့ပေမယ့် အားလုံးက ပြည်ပက ပြန်လာသူတွေဖြစ်ပါတယ်။ ပြည်တွင်းမှာ ကူးစက်သူ စစ်ဆေးမတွေ့ရှိ တာ နှစ်ရက်ရှိပါပြီ။
၃။ ထိုင်းနိုင်ငံကတော့ မတ် ၂၂ (တနင်္ဂနွေ) နေ့က စပြီး ထိုင်းနိုင်ငံကိုလာရောက်မယ့် ခရီးသည် တွေအားလုံး (ထိုင်းနိုင်ငံသားများအပါအဝင်) ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ထားခြင်းမရှိကြောင်း ဆေးလက်မှတ်ပါမှ ဝင်ခွင့်ပြုမယ်လို့ကြေညာလိုက်ပါတယ်။ ဆေးမှတ်တမ်းက ခရီးမသွားမီ ၇၂ နာရီ အတွင်း စစ်ဆေးထားတာဖြစ်ရပါမယ်။ ဒါအပြင် ဒီရောဂါအတွက် အနည်းဆုံး ဒေါ်လာ တစ်သိန်း ကျန်းမာရေးအာမခံလုပ်ထားကြောင်း အထောက်အထားလည်း ပြရမှာဖြစ်ပါတယ်။
၄။ အိန္ဒိယ နိုင်ငံကလည်း မတ်လ ၂၂ ရက်နေ့စပြီး နိုင်ငံတကာလေကြောင်းလိုင်းတွေ ဆင်း သက်ခွင့်ကို တစ်ပတ်ရပ်ဆိုင်းထားမယ်လို့ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အသက်၆၅ နှစ် အထက် နဲ့ အသက်ဆယ်နှစ်အောက် တွေကို အိမ်ထဲမှာပဲ နေဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

One thought on “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၂၀ မတ် ၂၀၂၀ )

Leave a comment

Why are you reporting this comment?

Report type