စေတနာ့ဝန်ထမ်း နဲ့ အစိုးရဝန်ထမ်း

COVID 19 ကာကွယ်ကုသ ထိန်းချုပ်ရေး မှာ ကူညီဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းတွေကို စနစ်တကျ စုဖွဲ့နိုင်ဖို့ နဲ့ နောင်ဖြစ်လာမယ့် အရေးပေါ်အခြေအနေတွေမှာလည်း အစိုးရ မူဝါဒ နဲ့အညီ အတွက် စုစည်းပါဝင်နိုင်ဖို့အတွက် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းအသင်းချုပ် ( National Volunteer Corps) ဖွဲ့ဖို့စီစဉ်နေတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဖွဲ့တယ်။

ဖွဲ့စည်းတဲ့ရည်ရွယ်ချက်တွေကို အနှစ်ချုပ်လိုက်ရင်တော့

၁။ လက်ရှိ ရင်ဆိုင်နေရတဲ့ ကူးစက်မြန်ရောဂါ ကပ်ဘေးအတွက်ရော၊ နောင်မှာဖြစ်လာနိုင်တဲ့ သဘာဝဘေးအပါအဝင် အရေးပေါ်အခြေအနေ အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရန်။

၂။ အရေးပေါ်အခြေအနေမှာ အစိုးရဆောင်ရွက်ချက် နဲ့ အလှုရှင်များ၊စေတနာ့ဝန်ထမ်းများ ရဲ့ လုပ်ဆောင်ချက်များ ဟန်ချက်ညီညီပေါင်းစပ်နိုင်ရန် ။

၃။ စေတနာ့ဝန်ထမ်းဆောင်ရွက်သူများရဲ့ လုပ်ငန်းဆိုင်ရာလိုအပ်ချက်၊အုပ်ချုပ်မှုဆိုင်ရာလိုအပ် ချက်များကို ဖြည့်ဆည်းပေးရန်။

ဆိုတဲ့ ဆိုတဲ့ သုံးချက်ပါပဲ။

ဒီရည်ရွယ်ချက်တွေက သဘာဝဘေး၊ ရောဂါကပ်ဘေးလို အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်တုန့်ပြန် ရာမှာ တကယ်လိုအပ်တဲ့အချက်တွေပဲ။ အစိုးရအနေနဲ့ ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ အရေးကြီးဆုံးလိုအပ်ချက် တစ်ခုပဲရှိတယ်။

အဲဒါကတော့ စေတနာ့ဝန်ထမ်း နဲ့ အစိုးရ ဝန်ထမ်း သဘောသဘာ၀ မတူတဲ့အချက်ကို သတိထား ဖို့ပါပဲ။

ဒီနေရာမှာ ကျွန်တော်ပြောတဲ့ စေတနာ့ဝန်ထမ်းဆိုတာ တစ်နိုင်ငံလုံးမှာ အင်န်ဂျီအို၊ အိုင်အန်ဂျီအို ပုံစံနဲ့လုပ်နေတဲ့ အဖွဲ့အစည်းကြီးတွေကို မဆိုလိုပါဘူး။ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်မှာ စေ တနာရှင်တွေစုပေါင်းပြီး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။

အဲဒီဒေသအဆင့်စေတနာ့ဝန်ထမ်းများနဲ့ အစိုးရဝန်ထမ်းများကြားမှာ

၁။ အဖွဲ့အစည်း သဘောသဘာဝမတူဘူး။ အထက်အောက် ဆက်ဆံရေးထက် ဘေးတိုက် ဆက်ဆံရေးကို ပိုများတယ်။

၂။ ခေါင်းဆောင်မှုပုံစံမတူဘူး။ အထက်အောက် အမိန့်ပေးစနစ် မဟုတ်ဘူး။ စံနမူနာပြခေါင်းဆောင်မှု နဲ့ ဦးဆောင်တယ်။

၃။ လုပ်ငန်းဆောင်ရွက်ပုံက ဒေသအခြေအနေနဲ့ကိုက်ညီအောင် ပြောင်းလွယ်၊ ပြင်လွယ် လုပ်ရ တယ်။

၄။ စိတ်ဓာတ်လှုံ့ဆော်မှုက ဘာသာရေးကြောင့်၊ အယူဝါဒကြောင့်၊ အဖွဲ့အစည်းကြောင့်၊ အားနည်းတဲ့အုပ်စုတစ်ခုခုကို ကူညီချင်တဲ့စိတ်ကြောင့်၊ လူမှုရေးစိတ်ဓာတ် ကြောင့် အကြောင်း အမျိုးမျိုးရှိတယ်။

ဒါက အကျဉ်းချုပ်ပြောတာပါ။ မတူညီတဲ့ သဘောသဘာဝတွေကို အသေးစိတ်ပြောရင် အများကြီး ရှိတယ်။

အခု အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းအသင်းချုပ်ကြီးဖွဲ့မယ်၊ နိုင်ငံတော်အဆင့်က ခေါင်းဆောင်မယ်ဆိုပေမယ့် တကယ်လက်တွေ့ အကောင်အထည်ဖော်ရမှ ာက မြို့နယ်အဆင့် ဖြစ်ပါတယ်။

မြို့နယ်အဆင့် ဌာနဆိုင်ရာ အထူးသဖြင့် ထွေ/အုပ်တွေ က စေတနာ့ဝန်ထမ်းတွေရဲ့ သဘော သဘာ၀ ကိုနားလည်ပြီး စည်းရုံးနိုင်ရင်တော့ လုပ်ငန်းစဉ်အားလုံးချောချောမွေ့မွေ့ ပြီးမြောက် မှာပဲ။ အဲဒီလိုမဟုတ်ဘဲ ပုံစံခွက်ထဲကို အတင်းရိုက်သွင်းနေရင်တော့ စိန်ခေါ်မှုတွေပိုများလိမ့် မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: