၂၀၀၆ ခုနှစ်ဆန်းနေပြည်တော်ကို ပြောင်းလာတော့ လမ်းမကြီးတွေ ဖောက်လို့ မပြီးသေးဘူး။ လူနေအဆောက်အဦတွေမပြီးသေးဘူး။ ကျွန်တော်တို့ဆိုရင် ရုံးခန်းမှာပဲ အိပ်ရ တယ်။ ဈေးဝယ် မယ်၊ အစားအသောက်ကောင်းကောင်းစားမယ်ဆိုရင် ပျဉ်းမနားအထိသွားရတဲ့ ခေတ် ပေါ့။
အဲဒီအခိျန်က ရုံးပိတ်ရက်ဖြစ်ဖြစ်၊ ရုံးဆင်းချိန် ညနေခင်းဖြစ်ဖြစ် ဘီယာဆိုင် မရှိသေးတော့ ထန်းရည်ဆိုင်သွားရတယ်။ ကျွန်တော်တို့ သွားလေ့ရှိတဲ့ ဆိုင်က ရုံးတွေဘက်ကလာရင် အခု ရာဇဌာနီ လမ်း နဲ့ ရာဇသင်္ဂဟ လမ်းဆုံ ၊ ကုမုဒြာကြာပန်းအဝိုင်း အကျော် ဘယ်ဘက်မြေနီလမ်း လေးအတိုင်း ဝင်သွားရတဲ့ ထန်းတော။ လယ်ကွင်းထဲက ထန်းတောစုလေး။ လေတဖြူးဖြူးနဲ့ သဘာ၀ ထန်းရည် ဆိုင်။
ကုမုဒြာကြာပန်းအဝိုင်းနေရာကလည်း ရာဇဝင်နဲ့၊ ဒီတစ်ဝိုက်က ရွာဟောင်းနေရာ၊ ရှားပင်ကုန်း လို့ ခေါ်တယ်။ ရာဇသင်္ဂဟ လမ်းမကြီးဖောက်တော့ ဒီရွာကို ဘောဂသီရိ ကားကွင်းဘက်ကို ရွှေ့ လိုက်တယ်။ ရွာရွှေ့သွားပေမယ့် သင်္ချီုင်းကုန်းက ကျန်ခဲ့တယ်။ အဝိုင်းကနေ အမျိုးသားပြတိုက် ဘက်ကို သွားရင် ရာဇသင်္ဂဟလမ်း ညာဘက်အခြမ်းက သင်္ချ ိုင်းနေရာပေါ့။ အခုအချိန်ထိ သံဃာ တော်တစ်ပါးရဲ့ အရိုးဂူလို့ပြောတဲ့ ဂူတစ်ခုကျန်သေးတယ်။ အခုလို လမ်းမီးတွေ ထိန်ထိန် မလင်းခင်အချိန်က ညဘက်ဆိုရင် ကားထွက်တားတယ်၊ ဆိုင်ကယ်တားတယ်၊ ပြီးရင် ပျောက်သွား တယ်ဆိုပြီး ပြောလေ့ရှိတယ်။
ရွာရွှေ့တော့ သင်္ခ ျိုင်းကို စနစ်တကျမရွှေ့ခဲ့လို့ မကျွတ်မလွတ်သူတွေရှိတယ်လို့ ဆိုကြတယ်။ ကုမု ဒြာအဝိုင်းဆောက်တော့လည်း ကြာပန်းပုံမမှန်လို့ဆိုပြီး နှစ်ခါ၊ သုံးခါ ဖျက်ပြီး ပြန်ဆောက်ရ တယ်။ ဒါကိုလည်း မြေမသန့် လို့ဆိုပြီးပြောကြတာပဲ။
၂၀၁၁ နောက်ပိုင်းရောက်တော့ သင်္ချ ိုင်းဟောင်းပတ်ဝန်းကျင်မှာ စည်ပင်က အော်ဂဲနစ်စိုက်ခင်းဆို ပြီး နဂါးမောက်ပင်တွေစိုက်တယ်၊ နောက်တော့ စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း အဲဒီနေရာ တစ်ဝိုက်မှာ အော်ဂဲနစ်စံပြစိုက်ခင်းဆိုပြီး တိုးချဲ့စိုက်တယ်။ ထန်းရည်ဆိုင်သွားတဲ့လမ်း ဘယ်ညာ မှာ စိုက်ခင်းတွေပေါ်လာတယ်။ ရာဇသင်္ဂဟလမ်းဘေးမှာ အော်ဂဲနစ် ဟင်းသီးဟင်းရွက် အရောင်း ဆိုင်ပေါ်လာတယ်။ ရာဇသင်္ဂဟ လမ်းညာဘက်လယ်ကွင်းထဲမှာ စိုက်ပျိုးရေးက အဆောက် အဦတွေ၊ ဂိုဒေါင် တွေ၊ ပျိုးခြံ တွေဆောက်တယ်။ စိုက်ပျိုးရေးက လူကြီးတွေကလည်း ကွင်းထဲမှာ လက်ညှိုး တစ်ထိုးထိုးနဲ့ အလုပ်တွေများကြတယ်။ အမှန်ကတော့သမ္မတဦးသိန်းစိန်က အော်ဂဲနစ် စိုက်ပျိုး ရေး ကို စိတ်ဝင် စား တယ်ဆိုလို့ ဌာနဆိုင်ရာတွေက အပြိုင်အဆိုင်လုပ်ပြချင်တာက ပိုများ တာပါ။ လယ်သမား တွေ ဆီနည်းပညာရောက်တာက နည်းနည်းပါပဲ။
၂၀၁၆ အစိုးရအပြောင်းအလဲဖြစ်ပြီးတဲ့အခါကျတော့ အော်ဂဲနစ်က ခေတ်မစားတော့ပြန်ဘူး။ ဒီလို နဲ့အော်ဂဲနစ်ဟင်းသီးဟင်းရွက်ဆိုင်နေရာကလက်ဖက်ရည်ဆိုင်ဖြစ်သွားတယ်။ အော်ဂဲနစ် စိုက်ခင်း ထဲမှာလည်း လက်ညှိုးထိုးနေတဲ့လူကြီးတွေမတွေ့ရတော့ဘူး။
ဟောအခု နေ ပြည်တော်တစ်ခေါက်ပြန်ရောက်တော့ အော်ဂဲနစ်စိုက်ခင်းနေရာမှာ သံဆူးကြိုးကာ ပြီး “ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ လရောင်တော ဥယျာဉ်စိုက်ပျိုး သက်မွေးပညာ သင်တန်း ကျောင်း၊ ဓာတုကင်းစင် လက်တွေ့စိုက်ခင်း” ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။ “ တာဝန်မှ အပ မည်သူမ ျှ ဖြတ်သန်းသွားလာခွင့်မပြု” ဆိုတဲ့ ဆိုင်းဘုတ်နီကြီးလည်းတွေ့တယ်။ စည်ပင်က စိုက် ထားတဲ့ နဂါးမောက်ပင်တွေကတော့ ရှိတုန်းပဲ၊ ဘုန်းကြီးအုတ်ဂူလို့ပြောတဲ့အဆောက်အဦလည်း ရှိနေ တုန်းပဲ။ အရင်က စိုက်ခင်းအဆောက်အဦတစ်ချို့ကတော့သံဘောင်တွေပဲကျန်တော့တယ်။ အော်ဂဲနစ် ဟင်းသီးဟင်းရွက်အရောင်းဆိုင် တစ်ဖြစ်လဲ လက်ဖက်ရည်ဆိုင်ကတော့ စည်ကားမြဲ။ လက်ဖက်ရည်ဆိုင်ကို စိုက်ပျိုးရေးဝန်ကြီးဌာနက ဘယ်သူကို ငှားလိုက်တာလဲဆိုတာလည်း စိတ်ဝင်စားစရာပဲ။
ပုံ ၁ မှ ၇ အထိ
ဒါဟာ နေပြည်တော်မှာဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ ဒုတိယမြောက်မြေကွက်ရယူလုပ်ငန်း ဆောင်ရွက်တာပဲ။ ၂၀၁၈ ခုနှစ်အတွင်းကလည်း ဥတ္တရသီရိ ရာဇသင်္ဂဟ အိမ်ရာ (၂) နားမှာ မြေ ဧက(၉၀)ကျော်ကိုတစ်ဧက သိန်း ၅၀ နှုန်းနဲ့ သိန်း ၆၅၀၀ ကျော်အကုန်အကျခံ ဝယ်ယူပြီး သင်တန်းကျောင်းဆောက်ဖို့ ဆောင်ရွက်ခဲ့ တယ်။ ပုံ ၈
အဲဒီအချိန်က ရာဇသင်္ဂဟ အိမ်ရာ(၂) လို နေရာမှာ တစ်ဧက သိန်းငါးဆယ်ဆိုတာ နည်းလွန်းတယ် လို့ဝေဖန်သံတွေပေါ်ထွက်ခဲ့တဲ့အတွက် နေပြည်တော်စည်ပင်ကတော့ ဘယ်အဖွဲ့အစည်းမဆို လေ ျှာက်လို့ရပါတယ်လို့ပြောခဲ့တယ်။ ဒါပေမယ့် ရာဇသင်္ဂဟာ အိမ်ရာ (၂) လို နေရာကောင်း တွေမှာ အခြားအဖွဲ့အစည်းတွေ ကို တစ်ဧက သိန်းငါးဆယ်နဲ့ ချပေးတဲ့သတင်း တော့မတွေ့မိ ဘူး။
အော်ဂဲနစ်စိုက်ခင်းကို သက်ဆိုင်ရာဌာနတွေက ထိထိရောက်ရောက်မလုပ်နိုင်တော့တဲ့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သင်တန်းစိုက်ခင်းအနေနဲ့ လုပ်မယ်ဆိုရင်လည်းကောင်းပါတယ်။ ဒါ ပေမယ့် ရာဇဌာနီ နဲ့ရာဇသင်္ဂဟ လမ်းထောင့်လို အချက်အခြာနေရာအတွက် မြေပြင်ပြီး၊ အဆောက် အဦတစ်ချို့ပါပြီး၊ စိုက်ခင်းပါပြီးနေရာကို ဘယ်ဈေးနှုန်းနဲ့ ရောင်းချ ဒါမှမဟုတ် ငှားရမ်းခဲ့သလဲ ဆို တာ ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ပေးရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေအပေါ် ပြည်သူတွေ သံသယရှင်းမယ်လို့ ထင်ပါ တယ်။
တစ်ချိန်က နေပြည်တော်ကို ဧည့်သည်တွေလာအောင် နည်းမျိုးစုံနဲ့ ဆွဲဆောင်ခဲ့ရတယ်၊ တာဝန် ထမ်းဆောင်တဲ့ ဝန်ထမ်းတွေပျော်အောင် ဝန်ဆောင်မှုတွေအခမဲ့ပေးခဲ့ရတဲ့အချိန်တွေ ရှိတယ်။ အဲဒီအချိန်ကဆိုရင် အစိုးရကို ဆန့်ကျင်သူတွေက တောခေါင်ခေါင်ထဲက လူမရှိတဲ့မြို့တော် ကြီး ၊ ကြပ်ပြေးနေပြည်တော် ဆိုပြီး ကောင်းကောင်းဝေဖန်ခဲ့တယ်။
နှစ်တွေကြာလာတဲ့အခါ နေပြည်တော်ဟာ အပျိုဖော်ဝင် လှသွေးကြွယ်တဲ့ မိန်းမပျို လေး ဖြစ် လာတော့ပိုးပန်းသူတွေများလာတယ်။ မလှဘူးပြောခဲ့သူတွေ အလှအပကို ခံစားတတ်တဲ့ အချိန် ရောက်လာတယ်။ မယူဘူးလို့ဆိုခဲ့ပေမယ့် ယူတဲ့သူတွေရှိလာတယ်။ သူပိုးလို့ ငါလည်းပိုးတယ် ဆိုပြီး ဆင်ခြေပေးသူတွေလည်း ပေါ်လာတယ်။
ဒီလိုနဲ့ ရှားပင်ကုန်းဟာလည်း လရောင်ဆန်းလို့ လန်းတော့တာပါပဲ။