သမ္မတလယ်တော

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက နေပြည်တော်ကောင်စီကနေ ဧက ကိုးဆယ်ကျော်နဲ့ ဧက နှစ်ဆယ်ကျော် ဝယ်ယူခွင့်ရတဲ့ အကြောင်း ပြောတဲ့အခါတိုင်း သမ္မတဦးသိန်းစိန်ရဲ့ လယ်တော ဧက ငါးရာ ဆိုတာကို ကွန်မင့်ရေးကြတယ်။

တကယ်တော့ ဦးသိန်းစိန် ပိုင်တာ ဧက ငါးရာမဟုတ်ဘူး။ ၃၈ ဧက ပဲရှိတယ် ၊ အဲဒီမြေ ကလည်း ၂၀၀၆/၇ မှာ လယ်သမားဆီက တိုက်ရိုက် ဝယ်ထားတယ်ဆို တာကို လွန်ခဲ့တဲ့လေးနှစ်ကလည်း ရှင်းပြဖူးတယ်။ အခုထပ်ပြီး တကယ်မသိတာလား၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ချင်လို့ မသိချင်ယောင် ဆောင်တာလားမသိဘူး။ ဧရာ ငါးရာ ဆိုတာ ပြန်ပြောလာကြတယ်။ ဆောင်းပါးရှင်တစ်ယောက်က ဆို သမ္မတ လယ်တော်ဆိုတာ အမေရိကန်သမ္မတတွေ အပန်းဖြေတဲ့ Capm David လောက်နီးနီး ဆောင်းပါးရေးခဲ့သေးတယ်။

ဒါ့ကြောင့် ကျွန်တော့်အဖြေကို ကိုးကားပြီး ၂၀၁၆ ခုနှစ် ဇွန်လ ၂ ရက်နေ့ ဆဲဗင်းဒေး မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်မ ျှဝေလိုက်ပါတယ်။

==========================================
ရွှေလယ်တောကော်ဖီဆိုင် ဦးသိန်းစိန် မပိုင်ဟုဆို
By နန္ဒ၊ ပိုင်စိုးသူ on Thursday, June 2, 2016 – 21:53

သမ္မတဟောင်း ဦးသိန်းစိန် ပိုင်ဆိုင်သည်ဟု နာ မည်ကြီးနေသော နေပြည်တော် သမ္မတလယ်တောရှိ ရွှေလယ် တောကော်ဖီဆိုင်ကို ဦးသိန်းစိန်က ငှားရမ်းထားခြင်းသာဖြစ်ကြောင်း သမ္မတဟောင်းနှင့်နီးစပ်သူ ဦးရဲထွဋ်က 7Day Daily အားပြောသည်။

‘‘အခု ရွှေလယ်တောဆိုင်နဲ့ ပတ်သက်ပြီး သမ္မတကြီးကိုမေး ပြီးပါပြီ။ သူပိုင်တာမဟုတ်ဘူး။ သူ့မြေကို ငှားထားတာပါ။ ရတဲ့ ငွေနဲ့ သူအနားယူချိန်မှာ သူနဲ့အတူပါလာတဲ့ တပည့်များကို ထောက်ပံ့ဖို့၊ သူခရီးသွားဖို့အပါ အဝင်တခြားအသုံးစရိတ်တွေ သုံးနိုင်ဖို့ ငှားထားတာလို့ ရှင်းပြတယ်’’ဟုဦးရဲထွဋ်က ပြောသည်။

သမ္မတလယ်တောဟု နာ မည်ကြီးသောနေရာမှာ ဦးသိန်း စိန်က ၎င်း၏နေအိမ်ရှေ့ရှိ ညောင်ပင်ကြီးစုကွင်းဟုခေါ်သော လယ် မြေများထဲမှ ဧက ၂၀ ကို ပိုင်ရှင် များထံမှ စာချုပ်စာတမ်းနှင့် ဝယ် ယူခဲ့ကြောင်း၊ တော်ဝင်ရတနာ လမ်းမှ ၁၅ ဧကကျော်ရှိသော ကိုင်းတောနေရာကို လုပ်ကိုင်ခွင့် လျှောက်ထားခဲ့သောနေရာဖြစ် ကြောင်း ဦးရဲထွဋ်က ပြောသည်။

‘‘သမ္မတလယ်တောအိမ်လို့ ပြောနေတာက ခန်းမလေးပါ။ ပေ ၂၀ × ပေ ၆၀ လောက်ရှိမယ်ထင် ပါတယ်။ စံအိမ်မဟုတ်ပါဘူး။ သူ သမ္မတ တာဝန်ထမ်းဆောင်တဲ့အ ချိန်မှာ အဲဒီနေရာမှာ အလွတ်သဘောတွေ့တာတွေ လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖူးတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါ ဧက ၅၀၀ ခန့်ရှိသော ညောင်ပင်ကြီးစုကွင်းထဲတွင် ရွာသူ၊ ရွာသားများပိုင်ဆိုသည့် မြေများ၊ လယ်ဆည်ဝန်ကြီးဌာနက စံပြလယ်ယာလုပ်ထားသည့် အကွက်အချို့နှင့် ပုဂ္ဂလိကပိုင် စက်ရုံအချို့တို့ရှိကြောင်း ဦးရဲထွဋ်က ပြောသည်။

ရွှေလယ်တောကော်ဖီဆိုင် မြေနေရာကို ငှားရမ်းသည့် စာချုပ်တန်ဖိုးနှင့် အချိန်ကာလကို မေးမြန်းရာ ဖြေကြားခြင်းမပြုခဲ့ပေ။

‘‘ဘယ်သူ့ကို ငှားသလဲဆို တာတောင် မမေးခဲ့ဘူး။ ဒါက သူ့ ကိုယ်ပိုင်စီးပွားရေးလေ။ သူပိုင်၊ မပိုင်ဘဲ မေးခဲ့တာ။ ပြီးတော့ ကျွန် တော်ရှင်းပြချင်တယ်ဆိုတော့သူ ခွင့်ပြုတယ်’’ဟု ၎င်းက ပြောသည်။

ရွှေလယ်တောဟု အမည် ပေးထားသော ကော်ဖီဆိုင်မှာ ရွှေ ပုဇွန်ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းက ငှားရမ်းလုပ်ကိုင်လျက်ရှိကြောင်း အဆိုပါဆိုင်ရှိ ဝန်ထမ်းများထံမှ သိရသည်။

သမ္မတလယ်တောတွင် ငှား ရမ်းလုပ်ကိုင်နေသည့် ရွှေလယ် တောကော်ဖီဆိုင်သည် ဇွန်လ ၂၁ ရက် (ကဆုန်လပြည့်နေ့)က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

‘‘အခုရက်ပိုင်းအတွင်းမှာဆို ရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်အပေါ် မှာ ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ထိုး နှက်တဲ့ကိစ္စတွေ အများကြီးတွေ့ နေရတယ်။ ၁၉၈၈ ကနေ အခုအချိန်ထိအတွင်းမှာ သားသမီးတွေရဲ့ နာမည်တွေနဲ့ ကုမ္ပဏီတွေထောင်ပြီးတော့မှ စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်ဆုံးသူဌေးထဲမှာပါဝင်တဲ့ လူတွေအများကြီးရှိနေတဲ့ နိုင်ငံမှာသမ္မတကြီးရဲ့ ကော်ဖီဆိုင်ဆိုပြီးတော့ သတင်းလုပ်တာကတော့ ကျွန်တော်ထင်တယ်။ ဆင်တွေကြားထဲမှာ ယုန်ဝင်ဖမ်းတာနဲ့တူတယ်လို့ ကျွန်တော်မြင်တယ်။ ခင်ဗျားတို့ကို ကျွန်တော် တကယ်အာမခံနိုင်ပါတယ်။ ခင်ဗျားတို့ ပြန်ကြည့်ကြည့်ပါ။ သူ တာဝန်ထမ်းဆောင်တဲ့အချိန်တွေ မှာ သမ္မတကြီးမှာ သမီးသုံး ယောက်ရှိတယ်။ သမ္မတကြီးသမီး သုံးယောက်အနေနဲ့ ကုမ္ပဏီထောင်ပြီးတော့ ဘာစီးပွားရေးတွေများ လုပ်ခဲ့တာရှိလဲ။ ဘာနိုင်ငံတော်ရဲ့ ကန်ထရိုက်တွေ၊ လုပ်ငန်းတွေကို ပေါချောင်ကောင်းနဲ့ယူခဲ့တာတွေရှိသလဲ။ နိုင်ငံတော်ရဲ့မြေတွေကို လွှဲပြောင်းရယူခဲ့တာရှိသလား။ မရှိပါဘူး။ အဲဒီလိုအခြေအနေမှာ သူ့အနေနဲ့ ဖွင့်ဖြစ်တယ်ဆိုရင်တောင် မှကြီးမားတဲ့ပြဿနာမဟုတ်ဘူး။ ဒါတွေက အများကြီးစဉ်းစားစရာ ကောင်းတယ်လို့ မြင်ပါတယ်။

သမ္မတဖြစ်တဲ့အတွက်ကြောင့် သမ္မတအဆောင်အယောင် ဥပဒေအရ အငြိမ်းစားယူတဲ့အခါမှာ သူ့ရဲ့ရပိုင်ခွင့်တွေရှိတယ်။ အဲဒါတွေနဲ့ သူနေတယ်။ အဲဒါကြောင့် သူထမ်းဆောင်ခဲ့တဲ့တာဝန်နဲ့ သူ့ရဲ့လစာနဲ့ သူ့မှာ ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်တာဟာ သားသမီးတွေက ကုမ္ပဏီတွေ ထောင်ပြီးတော့ နှစ်ပေါင်းများစွာ အုပ်လာတဲ့ လူတွေနဲ့စာရင်တော့ ဘာမှမေးခွန်းထုတ်စရာမလိုဘူးလို့ ထင်တယ်’’ဟု ဇွန်လ ၂ ရက်က နေပြည်တော်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီရန်ပုံငွေများနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲအပြီး၌ ရွှေလယ်တောကော်ဖီဆိုင်နှင့်ပတ်သက်၍ ဦးသိန်းစိန်ဖွင့်လှစ်ထားသည်ဟု ကောလာဟလထွက်နေသည့်အပေါ် ပြောကြားခဲ့ခြင်းဖြစ်သည်။

   

သတင်းလင့်ခ်က
https://7day.news/ရှလေယျတောကောျဖီဆိုငျ-ဦးသိနျးစိနျ-မပိုငျဟုဆို—–66588?fbclid=IwAR0amYQ5xox0h894FI-o-vk4_DW-pJOo421LnxchZDnpJl5xJlugwqDart4
ဖြစ်ပါတယ်။

One thought on “သမ္မတလယ်တော

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: