စစ် နှင့် ငြိမ်းချမ်းရေး

“ (တစ်ချိန်မှာ) ငါတို့ အောင်မြင်စွာကျော်ဖြတ်နိုင်မှာပါ ( We Shall Overcome) ”

၁၉ ၅၀၊ ၁၉ ၆၀ ဆယ်စုနှစ်များ အာဖရိကန်နွယ်ဖွားအမေရိကန်နိုင်ငံသားတွေ၊ တနည်းအား ဖြင့် လူမည်းတွေ၏ နိုင်ငံသားအခွင့်အရေးတိုက်ပွဲတွေပြင်းထန်ခဲ့သည့် အချိန်က လူမည်း အခွင့် အရေးတိုက်ပွဲဝင်သူများ၏ တိုက်ပွဲဝင်တေးသံ၏ အမည် ဖြစ်သည်။ ထိုတေးသီချင်းက အမေရိကန် နိုင်ငံရေးခေါင်းဆောင်နှစ်ဦးရဲ့ ဘဝနှင့် ဆက်စပ်နေသည်။

အမေရိကန် ပြည်တွင်းစစ် ( ၁၈၆၂ – ၁၈၆၅) အပြီးတွင် တောင်ပိုင်းပြည်နယ်များရှိ ကျေးကျွန်စနစ် ကို ဖျက်သိမ်းခဲ့သည်။ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြိုးစားခဲ့သည့် တောင်ပိုင်းပြည်နယ် ၁၁ နယ်ကလူမည်းတွေကို ကျွန်ဘဝက လွတ်မြောက် အောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေရ အောင်ဆောင်ရွက်ပေးခဲ့သည်။ လူမည်းတွေ မဲပေးခွင့် ရဖို့ ၊ ရွေးကောက်ခံနိုင်ဖို့ အသားအရောင်၊ လူမျိုး၊လိင်ခွဲခြားမှုမရှိဘဲ နိုင်ငံသားအခွင့်အရေးရရှိစေ မည့် အခြေခံဥပဒေပြင်ဆင်ချက်များကို ပြဋ္ဌာန်းပေးခဲ့သည်။

သို့သော် တောင်ပိုင်းပြည်နယ်များရှိ လူမည်းတွေအတွက် နိုင်ငံသားအခွင့်အရေးမှာ ပေးကားပေး ၏ မရ ဆိုသည့်အခြေအနေ နှင့် ရင်ဆိုင်ခဲ့ရသည်။ အသားအရောင်၊ လူမျိုး ခွဲခြားမှုမရှိဘဲ မဲပေးခွင့် ရစေမည့် အခြေခံဥပဒေပြင်ဆင်ချက်ကို ၁၈၇၀ ပြည့်နှစ်တွင်အတည်ပြုခဲ့သော်လည်း နှစ်ပေါင်း ကိုးဆယ့်ငါးနှစ်ကြာ ၁၉ ၆၅ ခုနှစ်အထိ လူမည်းများမဲပေးပိုင်ခွင့်ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ အမေရိကန်တောင်ပိုင်းပြည်နယ် ၁၁ ပြည်နယ်တွင် မဲပေးခွင့်ရှိသည့် လူမည်း ငါးသန်း ကျော်အနက် ၁၀% ခန့်သာ မဲပေးခွင့်ရရှိခဲ့သည်။

ထို့အတူ ကျွန်ဘဝမှ လွတ်မြောက်ပြီး နှစ် တစ်ရာရှိသည့်တိုင် တောင်ပိုင်းပြည်နယ်ရှိ လူမည်းများမှာ စာသင်ကျောင်း မှ အစ ခရီးသည် ပို့ဆောင်ရေးယာဉ်များနှင့် စားသောက်ဆိုင် များအလယ်၊ အိမ်သာ အဆုံး အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ခွဲခြား ကန့်သတ်ခံနေရဆဲဖြစ်သည်။ တောင်ပိုင်းပြည်နယ်များ တွင် “ လူဖြူများအတွက်သာ” “ လူမည်းနှင့် အသားအရောင်ရှိသူများအတွက်” ဆိုသည့် ဆိုင်းဘုတ်တွေ ကို နေရာအနှံ့ တွေ့ရသည်။ ရိုင်းစိုင်းသူအချို့ကတော့ “ လူမည်း နှင့် ခွေး မဝင်ရ ” ဟု စော်ကား မော်ကား ဆိုင်းဘုတ်တွေချိတ်ဆွဲထားကြသည်။ လူမည်းတွေကို လူဖြူတွေကို အုပ်စု နဲ့ ဖမ်းဆီး ၊ အနိုင်ကျင့် ပြီး တရားစီရင်သည့် ဓလေ့ထုံးစံကလည်း မပျောက်သေး။ထိုကဲ့သို့ ပြစ်မှုကျူးလွန် သူတွေကို လူဖြူရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအရေးယူသည့် ထုံးစံလည်းမရှိ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် နိုင်ငံရေးအမြင်ကျယ်လာသည့် လူမည်းတွေက တောင်ပိုင်း ပြည်နယ်တွေက အသားအရောင်ခွဲခြားမှု စနစ်ဆိုးကို တိုက်ဖျက်ဖို့ ကြိုးစားကြသည်။ အစဉ်အလာ အရ တိုးတက်သောအယူအဆရှိသည့် မြောက်ပိုင်းပြည်နယ်များက လူဖြူနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေက ထိုလှုပ်ရှားမှုကြီးကိုထောက်ခံသည်။ လူမည်းတွေရဲ့ နိုင်ငံသား အခွင့်အရေးကိုအာမခံမည့် ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစား ကြသည်။

သို့သော်ထိုဥပဒေကြမ်းတွေက အောက်လွှတ်တော်တွင်အတည်ပြုနိုင်သည့်တိုင် အထက်လွှတ်တော် ရောက်ချိန်တွင် တောင်ပိုင်းပြည်နယ်အမတ်တွေက အထက်လွှတ်တော် လုပ်ထုံးလုပ်နည်းတွေ သုံးပြီး တားဆီးသည့်အတွက် အတည်မပြုနိုင်ခဲ့။ ဒီလိုနဲ့ နိုင်ငံရေး ထွက်ပေါက်ပိတ်နေသည်ဟု ခံစားလာရသည့် လူမည်းတွေကြားမှာ အနုနည်းနဲ့မရလ ျှင် အကြမ်းနည်းနှင့်တုန့်ပြန်ရင် ကောင်းမလားလို့တွေးသူတွေပေါ်လာသည်။ အမေရိကန်လို လူတိုင်းလက်နက်ကိုင်ခွင့်ရှိသည့် နိုင်ငံမှာ လက်နက်ဆွဲကိုင်တိုက်ခိုက်ဖို့ဆိုတာ ခက်ခဲသည့် ကိစ္စတော့မဟုတ်။

လူမည်းများ၏ နိုင်ငံသားအခွင့်အရေးအတွက် အကြမ်းနည်းနဲ့ တိုက်ပွဲဝင်ဖို့ဆိုတာကို ဆန့်ကျင် သူတစ်ဦးက လူမည်းခေါင်းဆောင် မာတင်လူသာကင်း ဖြစ်သည်။ ဂန္ဒီကြီး ၏ အကြမ်းမဖက် တိုက်ပွဲဝင်သည့် မူဝါဒကို နှစ်သက်သည့် မာတင်လူသာကင်း သည် ၁၉ ၅၉ ခုနှစ်တွင် အိန္ဒိယ နိုင်ငံကို သွားရောက်ခဲ့သည်။ အိန္ဒိယလွတ်လပ်ရေးအတွက် အကြမ်း မဖက်တိုက်ပွဲဝင်ခဲ့သည့် ဝန်ကြီးချုပ် နေရူး အပါအဝင် အိန္ဒိယနိုင်ငံရေးသမားတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ သည်။ ထိုခရီးစဉ်မှ အပြန် မာတင်လူသာကင်းက လူမည်းတွေကို အကြမ်းမဖက်သည့် နည်းဖြင့်တိုက်ပွဲ ဝင်ဖို့ စည်းရုံးသည်။ လူမည်းအများစုက လက်ခံကြသည်။

ဒီလိုနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ လူမည်းတွေ တိုက်ပွဲဝင်ကြသည်။ လူဖြူများအတွက် သီးသန့် သတ်မှတ်ထားသည့် စားသောက်ဆိုင်တွေမှာ ဝင်ထိုင်သည်။ ဆဲရေးတိုင်းထွာမှုတွေကို တုန့်ပြန်မှု မလုပ်၊ ဆိုင် အတွင်းကဆွဲထုတ်လ ျှင် တိုင်တွေ၊ စားပွဲတွေကို ဖက်ထားပြီး ထွက်သွားဖို့ ငြင်းဆန်သည်။ ငြုပ်ဆီတွေ၊ ခရမ်းချဉ်သီးဖျော်ရည်တွေ ခေါင်းပေါ်လောင်းချလ ျှင် ခေါင်းငုံ့ခံသည်။ လူမည်းတွေ စုဝေးပြီး မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်ဖို့ကြိုးစားသည်။ သူတို့ချီတက်ရာလမ်းမှာ ရဲတွေ၊ လူဖြူကြီးစိုးရေးဝါဒီတွေက အင်အားသုံးဖြိုခွင်းလ ျှင် လက်တုန့်မပြန်၊ ဖမ်းလ ျှင် လိုက်သွား သည်။ ရိုက်လ ျှင်ခံသည်။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ဆန္ဒပြပွဲတွေ ဆက်လုပ်သည်။

အဲဒီလှုပ်ရှားမှုတွေအတွင်းမှာ လူမည်းတွေ သီချင်းတစ်ပုဒ်ကို သံပြိုင်ဆိုသည်။ ဒီသီချင်းက ၁၉ ၀၁ ခုနှစ်က ပေါ်ပေါက်ခဲ့သည့် ဓမ္မတေးတစ်ပုဒ်ကို အခြေခံပြီး ၁၉ ၄၀ ပြည့်နှစ်တွေမှာ လူမည်း သပိတ် မှောက်သူတွေ သီဆိုခဲ့သည့် သီချင်းဖြစ်သည်။ ထိုအချိန်ကတော့ မူလစာသား “( ဂုဏ်ကျေးဇူးတော် ကြောင့်) ငါ အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာပါ” ဆိုသည့်နေရာတွင် “ ဒို့ အောင်မြင်စွာကျော်ဖြတ်နိုင်မှာပါ” ဟု အစားထိုးသီဆိုခဲ့ခြင်းသာဖြစ်သည်။

မာတင်လူသာကင်းတို့၏ အကြမ်းမဖက်ရေးလှုပ်ရှားမှုမှာတော့ မူလစာသားတွေနေရာမှာ “ ငါတို့ မကြောက်ဘူး။ ငါတို့ အသည်းနှလုံးထဲကနေ ယုံကြည်တယ်၊ တစ်နေ့မှာ ငါတို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာပါ၊” စသည့် စိတ်ခွန်အားကို မြှင့်တင်ပေးသည့် စာသားတွေနဲ့အစားထိုးလိုက် သည်။ ချီတက်ပွဲတွေမှာ၊ ထိုင်သပိတ်တွေမှာ၊ တရားရုံးတွေမှာ၊ အချုပ်ကားတွေပေါ်မှာ ဒီတေးသံတွေ အသံမစဲ ပံျဝဲနေ သည်။

တောင်ပိုင်းပြည်နယ်က လူမည်းအခွင့်အရေးလှုပ်ရှားသူတွေရဲ့ အကြမ်းမဖက်ရေးလှုပ်ရှားမှုတွေကို စာနာသည့် မြောက်ပိုင်းပြည်နယ်များက လူဖြူတက်ကြွလှုပ်ရှားသူတွေ တောင်ပိုင်းကို ဆင်းလာ ကြသည်။ အတူလက်တွဲ ချီတက်ကြသည်။ ဒီတော့ တိုက်ပွဲဝင်သီချင်းမှာ “ တစ်နေ့မှာ ငါတို့ အားလုံး အတူတူလက်တွဲ ချီတက်နိုင်ရမယ်၊ တစ်နေ့မှာ ငြိမ်းချမ်းစွာနေထိုင်နိင်ရမယ်” ဆိုသော စာသားထပ်တိုးလာသည်။ ၁၉ ၆၃ ခုနှစ် နွေရာသီ လူသုံးသိန်းကျော်ပါဝင် သည့် ဝါရှင်တန်မြို့တော် လူမည်းအခွင့်အရေး ချီတက်ပွဲမှာ ကျေးလက်ရိုးရာတေးအဆိုတော် Joan Baez က We Shall Overcome တေးသီချင်းကို တင် ဆက်လိုက်တော့ ထိုသီချင်းသည် အမေရိကန်နိုင်ငံ အတွက် သာမက ကမ္ဘာအနှံ့က လူ့အခွင့် အရေး၊ နိုင်ငံသားအခွင့်အရေး တိုက်ပွဲ ဝင်သူတွေ အတွက် တိုက်ပွဲဝင်တေးသံဖြစ်လာခဲ့သည်။

၁၉ ၆၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် လူမည်းတွေမဲပေးခွင့်ရရှိရေးအတွက် ချီတက်ဆန္ဒပြပွဲ တစ်ခု ကို အလာဘားမားပြည်နယ်၊ ဆယ်လ်မာ မြို့မှာကျင်းပခဲ့သည်။ ဆယ်လ်မာမြို့လေးတည်ရှိရာ ခရိုင်လူဦးရေထက်ဝက်ကျော်က လူမည်းများဖြစ်သော်လည်း မဲပေးခွင့်ရှိသူဦးရေ၏ ၂% သာ လူမည်းတွေဖြစ်နေသည်။ လူမည်းတွေမဲဆန္ဒရှင်အဖြစ်မှတ်ပုံတင်ခွင့်ရရေးအတွက် ကြိုးစားမှု တွေ ကလည်း အကြောင်းအမျိုးမျိုးပြပြီး ပယ်ချခံရသည်။ ဒီလိုနဲ့ လူမည်းတက်ကြွလှုပ်ရှားသူ ခြောက် ရာကျော်က ၅၄ မိုင် ကွာဝေးသည့် ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးထံ သူတို့ အခက်အခဲကိုတင်ပြဖို့ကြိုးစားသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ဝေါလေ့စ် က နံမည်ကြီးကွန်ဆားဗေးတစ်ဝါဒီ။ ဝေါလေ့စ်က ဒေသခံရဲတပ်ဖွဲ့အား ဆန္ဒပြသူ တွေကို ရသည့်နည်းလမ်းဖြင့်တားဆီးဖို့ ညွှန်ကြားသည်။

ဒီလိုနဲ့ မတ်လ ၇ ရက်နေ့ ဆယ်လ်မာမြို့ပြင် တံတားမှာ ချီတက်ဆန္ဒပြသူတွေ နှင့် ရဲတပ်ဖွဲ့ ထိပ် တိုက်တွေ့သည်။ ရဲတပ်ဖွဲ့က လူစုခွဲဖို့အမိန့်ပေးသည်။ ဆန္ဒပြသူတွေက လက်တွဲမဖြုတ်ပဲ ချီတက်သည်။ ချီတက်လို့မရတော့ ရောက်တဲ့နေရာမှာ ထိုင်ချပြီး ဆန္ဒပြ သည်။ နောက်ဆုံး ရဲ တွေက မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေသုံးပြီး ရိုက်နှက် လူစုခွဲသည်။ မြင်းစီးရဲတပ်ဖွဲ့ဝင် တွေက လူအုပ်ကြားကို မြင်းနဲ့ ဝင်တိုက်သည်။ လူဖြူအစွန်းရောက်သမားတစ်ချို့က ဘေးကနေ ရဲတပ်ဖွဲ့ကို အားပေးသည်။ နောက်တော့ သူတို့ကိုယ်တိုင် ဝင်ရိုက်သည်။ လူမည်း ဆန္ဒပြသူတွေ က လက်တုန့်မပြန်၊ ငြိမ်းချမ်းစွာဆန္ဒပြရင်း အကြမ်းဖက်သမ ျှကို ငုံ့ခံသည်။

ဆဲလ်မာမြို့ အဖြစ်အပျက်ကို ရုပ်သံသတင်းထောက်အချို့က မှတ်တမ်းတင်ထားလိုက်နိုင်သည်။ မတ်လ ၇ ရက်နေ့ ည ရုပ်သံသတင်းတွေမှာ ထိုသတင်းပါလာတော့ မြောက်ပိုင်းပြည်နယ် တွေသာမက တောင်ပိုင်းပြည်နယ်က သဘောထားပျော့ပြောင်းသူတွေပါ တုန်လှုပ်သွားခဲ့သည်။ နောက်ပိုင်းနေ့တွေမှာ ပြည်သူတွေက “We Shall Overcome” သီချင်းကို သီဆိုပြီး ဆုတောင်းကြသည်။ သမ္မတ အိမ်ဖြူတော်ရှေ့အပါအဝင် နိုင်ငံအနှံ့က ဆန္ဒပြပွဲတွေမှာ “We Shall Overcome” တေးသံကို ကြားရသည်။

ထိုအချိန်က အမေရိကန်သမ္မတမှာ တောင်ပိုင်း တက္ကဆက်ပြည်နယ်သား ဂျွန်ဆင်ဖြစ်သည်။ ဆဲလ်မာ မြို့ အရေးအခင်းမဖြစ်မီ နှစ်ရက်အလို မှာ ဂျွန်ဆင်နှင့် မာတင်လူသာကင်း တွေ့ဆုံခဲ့သည်။ ဂျွန်ဆင် က လူမည်းအခွင့်အရေးအတွက် ကြိုးစားပေးမည့်အကြောင်း ကတိပေးသည်။ သို့သော် ၁၉ ၃၇ ခုနှစ် ကနေ ၁၉ ၆၀ ပြည့်နှစ်အထိ အောက်လွှတ်တော်အမတ်၊ အထက်လွှတ်တော်အမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ချိန်တွင် လူမည်းအခွင့်အရေး နှင့်ပတ်သက်သည့် ဥပဒေကြမ်းမှန်သမ ျှကို ကန့်ကွက် မဲပေးခဲ့သည့် ဂျွန်ဆင်၏ မှတ်တမ်းကြောင့် လူမည်း အခွင့်အရေးလှုပ်ရှားသူတွေက တောင်ပိုင်း သား ဂျွန်ဆင် ၏ ကတိကို ယုံကြည်မှုမရှိကြ။

ဆဲလ်မာအရေးအခင်းအပြီး တစ်ပတ်အကြာ ၁၉ ၆၇ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ သမ္မတ ဂျွန်ဆင်က ကွန်ဂရက်လွှတ်တော် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောတော့ တစ်နိုင်ငံလုံးက စိတ်ဝင်စားစွာစောင့်ကြည့်နေခဲ့သည်။ မာတင်လူသာကင်းနှင့်သူ့ အဖွဲ့သားတွေကလည်း ဆဲလ်မာ မြို့ကနေ စောင့်ကြည့်နေခဲ့သည်။ ဝါရှင်တန်မြို့တော်မှာလည်း ဆန္ဒပြသူတွေက အိမ်ဖြူတော် ရှေ့မှာ စုဝေးဆန္ဒပြရင်း ဂျွန်ဆင်ဘာပြောမလဲဆိုတာ စောင့်ကြည့်နေခဲ့သည်။

သမ္မတ ဂျွန်ဆင်က လူမည်းအခွင့်အရေးလှုပ်ရှားမှုသမိုင်းကို အကျဉ်းချုပ်ပြောသည်။ တောင်ပိုင်း သား သူ့အတွေ့အကြုံကို ဝေမ ျှသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လူမည်းများ၏ အခွင့် အရေးကိုအာမခံနိုင်မည့် ဥပဒေကြမ်းတွေ အတည်မပြုနိုင်ခဲ့သည့် ဖြစ်ရပ်များကို ပြန်သုံးသပ် သည်။ သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသား လူမည်းများ၏ အခြေခံနိုင်ငံသားအခွင့် အရေးကို ငြင်းပယ်ထားဖို့မသင့်တော့ကြောင်း ဝန်ခံသည်။ နောက်ဆုံး သူ့အစိုးရအနေနှင့် နိုင်ငံ သားအခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို တစ်ပတ်အတွင်း လွှတ်တော်ကို တင်သွင်းမည့် အကြောင်းနှင့် လွှတ်တော်က အမြန်ဆုံးအတည်ပြုပေးဖို့တိုက်တွန်းသည်။

သမ္မတ ဂျွန်ဆင်က ဥပဒေကြမ်းကို အတည်ပြုနိုင်သည့်တိုင်အောင် လက်တွေ့အကောင်အထည် ဖော်ရာတွင် အခက်အခဲတွေအများကြီး ကြုံရမည်ဟု ဆိုသည်။ အဲဒီနောက်တော့ ဘယ်လို အခက် အခဲတွေတွေ့တွေ့ “ ငါတို့ အောင်မြင်စွာကျော်ဖြတ်နိုင်မှာပါ ( We Shall Overcome) ” ဟု ပြောကြားလိုက်သည်။ လူမည်းအခွင့်အရေးတိုက်ပွဲဝင်တေး ကို လူဖြူသမ္မတ က ကိုးကားပြော ဆိုလိုက်သည့်အခါ လွှတ်တော်တစ်ခုလုံး ခဏတာ ငြိမ်သက်သွားခဲ့သည်။နောက်တော့ မိုးပြို မတတ် လက်ခုပ်သံတွေပေါ်ထွက်လာတော့သည်။ လူမည်းအခွင့်အရေးလှုပ်ရှားမှုတစ်လေ ျှာက် လုံး မျက်ရည်မကျခဲ့သော မာတင်လူသာကင်း ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။ အိမ်ဖြူတော် ရှေ့ က ဆန္ဒပြသူတွေ လက်ခုပ်တီးကြ၊ အချင်းချင်းပွေ့ဖက်ဂုဏ်ပြုကြ၊ ဝမ်းနည်းဝမ်းသာ ငိုကြွေးကြ သည်။

ထို့နောက်မှာတော့ ဂျွန်ဆင်နှင့် မာတင်လူသာကင်းတို့ ပူးပေါင်းကြိုးပမ်းမှုကြောင့် လူမည်းများ၏ နိုင်ငံသားအခွင့်အရေးကို အာမခံနိုင်မည့် မဲပေးခွင့်ဆိုင်ရာ ဥပဒေ၊ အိမ်ငှားရမ်းမှု ဥပဒေ၊ ပညာသင်ကြားမှုဆိုင်ရာ ဥပဒေတွေကို ဆက်တိုက်ပြဋ္ဌာန်းနိုင် ခဲ့ သည်။

အကြမ်းမဖက်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် မာတင်လူသာကင်းကတော့ ၁၉ ၆၈ ဧပြီ ၄ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။ မာတင် လူသာ ကင်း၏ ဈာပနအခမ်းအနားတွင် လူငါးသောင်းကျော်က “We Shall Overcome” တေးသံ ကို သီကျူးခဲ့ကြသည်။ လွှတ်တော်က မာတင်လူသာကင်းမွေးနေ့ကို ပြည်ထောင်စု ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးခဲ့သည်။ မာတင်လူသာကင်းမရှိတော့ ပေမယ့် လူမည်းအများစုက မာတင် လူသာကင်း၏ အကြမ်းမဖက် ရေးလှုပ်ရှားမှုကို ဆက်လက်စွဲကိုင်ပြီး နိုင်ငံရေးတိုက်ပွဲဝင်လာခဲ့ကြသည်။ မာတင်လူသား ကင်း၏ အကြမ်းမဖက်ရေးဝါဒ မှာ ၂၀၀၈ ခုနှစ်တွင် အိုဘားမား သမ္မတအဖြစ်ရွေးချယ်ခံရမှုဖြင့် သရဖူ ဆောင်းနိုင်ခဲ့သည်။

နိုင်ငံသားအခွင့်အရေး၊ မဲပေးခွင့်ဆိုင်ရာအခွင့်အရေးဥပဒေတွေကို ပေါ်ပေါက်လာအောင် ဦးဆောင် ဦးရွက်ပြုခဲ့သည့် သမ္မတဂျွန်ဆင်လည်း သူရဲကောင်းဖြစ်ခဲ့သည်။ သမ္မတ လင်ကွန်းက လူမည်း များ ၏ နှောင်ကြိုးတွေကို ဖြတ်တောက်ပေးခဲ့သည်၊ သမ္မတ ဂျွန်ဆင်က လူမည်းတွေကို မဲရုံ ပို့ပေးခဲ့ သည်ဟု ချီးကျူးခံရသည်။ ဒါပေမယ့် သမိုင်းမှာ သမ္မတ ဂျွန်ဆင်ကို နိုင်ငံသားအခွင့်အရေး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမခံရ။ ဗီယက်နမ်စစ်ပွဲက သူ့ကို အရိပ်ထိုးသွားခဲ့သည်။

၁၉ ၆၄ ခုနှစ် ဂျွန်ဆင်သမ္မတရွေးကောက်ပွဲဝင်ချိန်က ဗီယက်နမ်မှာ အမေရိကန် စစ် အကြံပေး တစ်သောင်းခြောက်ထောင်သာရှိသည်။ ဂျွန်ဆင်က ဗီယက်နမ်ရောက် အမေရိကန် စစ်အင်အားကို တိုးချဲ့ခြင်းမပြုဖို့ ရွေးကောက်ပွဲ ကတိပေးသည်။ သို့သော် ၁၉ ၆၆ ခုနှစ်ရောက် တော့ အမေရိကန် စစ်သား သုံးသိန်းရှစ်သောင်းငါးထောင်၊ ၁၉ ၆၈ ခုနှစ်ရောက်တော့ အမေရိကန် စစ်သား ငါးသိန်းလေးသောင်းကိုးထောင် ဗီယက်နမ်စစ်မြေပြင်မှာ ရောက်နေ သည်။ ဒီလိုနဲ့ အမေရိကန်နိုင်ငံအနှံ့အပြားမှာ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေပေါ်ပေါက်လာသည်။ သမ္မတ ဂျွန်ဆင်သွားလေရာနေ ရာမှာ ဗီယက်နမ်စစ်ဆန့်ကျင်ရေးကြွေးကြော်သံတွေကြားရသည်။ ပြည်သူတွေက ဗီယက်နမ်စစ်ပွဲကို ဂျွန်ဆင်ရဲ့ စစ်ပွဲဟု အမည်ပေးခဲ့ကြသည်။ နောက်ဆုံးတွင် လူထု ထောက်ခံမှု လုံး၀ မရတော့သည့် သမ္မတ ဂျွန်ဆင်က ဒုတိယ အကြိမ် သမ္မတ သက်တမ်းအတွက် အရွေး မခံတော့ပါဟု ကြေညာပြီး နိုင်ငံရေးလောကကို စွန့်ခွာသွားခဲ့ သည်။

လင်ဒန်ဂျွန်ဆင် နှင့် မာတင်လူသာကင်း၊ တစ်ခရီးတည်းသွားခဲ့သူတွေပေမယ့် စစ် နှင့် ငြိမ်းချမ်းရေး အကြား ရွေးချယ်မှုက သူတို့ သမိုင်းကို အဆုံးအဖြတ်ပေးသွားခဲ့သည်။

3 thoughts on “စစ် နှင့် ငြိမ်းချမ်းရေး

  1. အမေရိကကောင်တွေက ပညာတတ်တယ်ကွ
    မင်းအဘက ရမ်းတုတ်နေတာ
    အေးအေးချမ်းချမ်းဆန္ဒပြရင်တော့ လီးပဲရမယ်

    Like

  2. But they didn’t kill 800+ people in 4 months. Only 100 or so people died between 1952 and 1968 [https://en.wikipedia.org/wiki/Civil_Rights_Memorial]

    Of course, we all want peacful means. Please do not forget that it takes two hands to clap.

    I personally underestimated the PDF, thinking that they will never be able to stand the Myanmar military. They may not be on par with the Myanmar military in terms of weapons. However, the hatred towards the army is so much that people are willing to start small-scale fightings, risking their own lives.

    Revolution started from strong will and emotions. Please don’t forget that only 30 comrades started the military training from the Japanese in Hainan island.

    I think Min Aung Hlaing may have unleashed the hatred of the population towards the military, and I don’t think it will be easy to contain even with the iron-fist rule, arresting and torturing people. This hatred is going to last for a long time, and the military will not be able to rule for the country to prosper.

    Social media is also helping PDF unlike 1988. Back then people only had radios (BBC, VOA) to listen to. Now, the information flows much faster with cell phones. Easily dismissing these events to go the route of 1988 is premature. So is to assume that NUG will become just like NCGUB. Unlike 1988, the Burmese diaspora is stronger and richer than ever.

    When students came out to the border in 1988, they had no help except from the EAO. Now, the Burmese diaspora is huge all over the world, willing to help. These are the differences between 1988 and now.

    Just like we said in the 90s, the only predictable thing about Burma is its unpredictability. Nobody knows what will come next.

    Like

  3. In fact, the situation today is so different from 1988 (or even 2007) because of U Thein Sein government. People didn’t acknowledge his government’s achievement because of his association with the military and USDP (again this deep hatred towards the military by the society at large).

    U Thein Sein did the country good during his 5 years as president. He opened up the country, and put it on the right track. NLD made it even better after the first 5 years.

    Because of these conditions, the protests, PDF, NUG will not be the same as what we saw in the 90s.

    Like I said, nobody will know what will come next.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: