ပလောင် မဟာမြတ်မုနိ ဘုရားကြီး မရည်ရွယ်ဘဲ နဲ့ ဖူးခဲ့ရတဲ့ ဘုရားဖြစ်ပါတယ်။ ငါးထပ်ကြီး ဆွေတော် မျိုးတော် သင်္ချိုင်း ကို သွားတော့ ကားရပ်တဲ့နေရာဘေးမှာ “ပလောင် မဟာမြတ် မုနိ ဘုရားကြီး ” ဆိုတဲ့ မုခ်ဦးကို တွေ့ရတယ်။ ဒါ့ကြောင့် ငါးထပ်ကြီး ကုန်းတော်ပေါ်က ပြန်ဆင်း လာတော့ ပလောင် မဟာမြတ်မုနိဘုရားကုန်းတော်ပေါ်တက်ခဲ့တယ်။
ပလောင်မဟာမြတ်မုနိဘုရားကြီးက ဒေါပုံ ရွှေနံသာစာသင်တိုက်ထဲမှာရှိပါတယ်။ စောင်းတန်း အတိုင်းတက်သွားရင် ဓမ္မာရုံပုံစံ အဆောက်အဦတစ်ခုနဲ့ နှစ်ထပ်ကျောင်းတိုက်တစ်ခု တွေ့ မယ်။ အဲဒါက ရွှေနံသာ အလယ်ကျောင်းတိုက်လို့ပြောတယ်။ ပလောင်မဟာမြတ်မုနိဘုရားကြီး ရဲ့ ဂန္ဓကုဋိတိုက်က ဓမ္မာရုံပုံစံ အဆောက်အဦရဲ့ နောက်မှာ ရှိတယ်။ တံခါးပိတ်ထားတယ်။
ကျောင်းတိုက်ကို သွားမေးတောာ့ ဦးဇင်းတစ်ပါး သော့လိုက်ဖွင့်ပေးတယ်။ ဦးဇင်းက တစ်ဝါပဲ ရှိသေးတော့ ဘုရားသမိုင်းကို မသိဘူး။ ဆွမ်းစားချိန်ဖြစ်နေတဲ့အတွက် ကျောင်းထိုင်ဆရာ တော်ကို တော့ လေ ျှာက်ထားမေးမြန်းတာ မလုပ်နိုင်ခဲ့ဘူး။
မဟာမြတ်မုနိ ပုံတူ ဆင်းတုတော်က ဉာဏ်တော်လည်း မြင့်တယ်၊ အချိုးအစားကျနပြီး သပ္ဗာယ် တယ်။ ဂန္ဓကုဋိ တိုက်ထဲမှာ ဘုရားသမိုင်းနဲ့ပတ်သက်တဲ့ အထောက်အထားရှာမတွေ့ဘူး။ ဦးဇင်းက ဖွင့်ပြလို့ စာတိုက်တစ်ခုထဲမှာ ပေစာထုတ်တွေ သိမ်းထားတာတွေ့ရတယ်။ စနစ် တကျ ထိန်းသိမ်းထားတာမျိုးတော့မဟုတ်ဘူး။ ကာလကြာလာရင် ပျက်စီးမှာပဲ။ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များ ဖတ်ရှု ထိန်းသိမ်းထားနိုင်ရင်ကောင်းမယ်။
တိုက်ထဲမှာ ရှမ်းပြည်တောင်ပိုင်းက အလှူရှင်တွေ ၁၃၅၈ ခုနှစ် ( ၁၉ ၉ ၆ ခုနှစ်) က လှှုထားတဲ့ ကြေးမောင်းတစ်လုံးတွေ့တယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတာကို ပြန်ပြင် တဲ့ အလှူရှင်စာရင်းတစ်ခုတွေ့တယ်။ ဘုရားကုန်းအတက် စောင်းတန်းမှာတော့ “ ရန်ကုန် တအောင်းသံဃာတော်များ အဖွဲ့ ဦးစီးကြီးမှူး၍ တအောင်းစာပေ ယဉ်ကျေးမှု ကော်မတီ နှင့် ရန်ကုန်ရောက် တအောင်းမိသားစုများကောင်းမှု ၂၈ – ၁ – ၂၀၁၉ ဆိုတဲ့ မှတ်တမ်းတစ်ခု တွေ့တယ်။
ဒီမဟာမြတ်မုနိ ဘုရားကြီးရဲ့ အလှူရှင်က ဘယ်သူလဲ၊ ရန်ကုန်မြို့မှာ တအောင်း ( ပလောင်) တိုင်းရင်းသားတွေ ဘယ်အချိန်ကစရောက်လာလဲ ဆိုတာ ဖော်ထုတ်နိုင်ရင်ကောင်းမယ်။ တစ်ချို့ တိုင်းရင်းသားတွေက ကျွန်တော်တို့ထင်တာထက် စောပြီး ရန်ကုန်မြို့မှာ အခြေချနေထိုင် နေ တာ ပါ။ ဥပမာအားဖြင့် ရှမ်းတိုင်းရင်းသားတွေဆိုရင် သီပေါဘုရင် နန်းတက်ပြီးနောက်ပိုင်းမှာ ရန်ကုန် ကို ရွှေ့ပြောင်းအခြေချနေထိုင်နေကြပြီ။ အဲဒီအချိန်က ရှမ်းတိုင်းရင်း သား အများစုက ကြည့်မြင် တိုင်၊ စမ်းချောင်းမှာ နေထိုင်ကြတယ်။
ဒါ့ကြောင့် အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲ အပြီး ၁၈၈၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အိန္ဒိယ ဘုရင်ခံချုပ် ဒပ်ဖရင် ရန်ကုန်ကို ရောက်လာတဲ့အခါ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရန်ကုန်မှာ ရှိတဲ့ ရှမ်း တိုင်းရင်းသားတွေကို တွေ့ဆုံပြီး ရှမ်းပြည်နယ်နဲ့ ပတ်သက်တဲ့ ဗြိတိသ ျှ အစိုးရရဲ့ သဘောထား ကို ရှင်းပြ၊ ရှမ်းစော်ဘွားတွေနဲ့ ဗြိတိသ ျှ အစိုးရ ဆက်ဆံရေးမှာ အကူအညီပေးဖို့ ပြောဆိုခဲ့ ကြောင်း လေ့လာမှတ်သားဖူးတယ်။
ပလောင် မဟာမြတ်မုနိ ဘုရာသမိုင်းကြောင်းကို တိတိကျကျ သိနိုင်ရင် တအောင်း ( ပလောင် ) တိုင်းရင်းသားများနဲ့ ရန်ကုန် လူမှုရေး၊ စီးပွားရေးဆက်စပ်မှု သမိုင်းကို သိနိုင်မယ်ထင်ပါတယ်။





