Power ဂျာနယ်အင်တာဗျူး

လွန်ခဲ့တဲ့ နှစ်နှစ် ၂၀၂၀ ဇူလိုင်လ ၁၆ ရက်နေ့ ရွေးကောက်ပွဲ အကြို အင်တာဗျူး

အဲဒီအချိန်ထဲက NLD နဲ့ ပြည်ခိုင်ဖြိုးအခြေအနေကို အခုလို သုံးသပ်ခဲ့တယ်။

xx လူထုက ဒေါ် အောင်ဆန်းစုကြည်အပေါ်မှာ (မဲပေးခဲ့တဲ့ မဲဆန္ဒရှင်အ များစုက)အဲဒီအချိန်တုန်းက ယုံပြီးပုံအပ်ခဲ့တယ်။ ဘာပဲ ပြောပြော NLD အစိုးရရဲ့ စွမ်းဆောင်မှုကို သူတို့အား မရဘူးဆိုရင်တောင်မှ နောက်ထပ် ၅ နှစ်အချိန်ပေးချင် သေးတယ်ဆိုတဲ့စိတ် လူအတော်များများမှာရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကက အဲဒီပြဿနာပဲ။ ရှင်း ရှင်းပြောရရင် NLD အစိုးရက အရင်လူတွေလောက် တော့ မဆိုးသေးပါဘူးဆိုတာလောက်တော့ ရှိတာပေါ့။ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ပြောတာမဟုတ်ဘူး။ အဂ တိလိုက်စားမှုတွေ၊ ခရိုနီကိစ္စတွေ၊ ဆွေမျိုးကောင်းစားရေး ဝါဒတွေ ဒီလိုဟာမျိုးတွေနဲ့ပတ်သက်ရင် ဒီအစိုးရမှာ လည်း မကင်းဘူး။ သို့သော် အရင်တုန်းက ဒီ့ထက်ပိုဆိုး တယ်ဆိုတဲ့ ဖြေသိမ့်မှုက လူတွေတော်တော်များများမှာ ရှိနေတယ်။ ဒါကပဲ ရွေးကောက်ပွဲမှာ NLD အတွက် အားသာချက်တစ်ခုဖြစ်နေတယ်။xx

xx လူတွေရဲ့အမြင်မှာ ပြည်ခိုင်ဖြိုးဟာ ဟိုးတုန်း က ပြည်ခိုင်ဖြိုးအသင်းပုံစံအတိုင်းပဲ လူတွေက မြင်နေ တယ်လို့ ကျွန်တော်ခံစားရတယ်။ ဒါကလူထုရဲ့ အပိုင်း။
နောက်တစ်ခုက ပါတီဝင်တွေအပိုင်း။အထက်က ခေါင်း ဆောင်ပိုင်းက ဘယ်လောက်ပဲပြောပြော ပါတီတစ်ခု အသက်ဝင်ဖို့ဆိုတာက ရပ်/ကျေးနဲ့ မြို့နယ်အဆင့်မှာ ရှိတဲ့ ပါတီဝင်တွေရဲ့လှုပ်ရှားမှုက အများကြီးအရေးပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD ပါတီက ဒေါ်အောင် ဆန်းစုကြည်ရဲ့ အရှိန်နဲ့ တစ်နိုင်ငံလုံးမှာ လှုပ်ရှားလို့ရ တယ်။ ပြည်ခိုင်ဖြိုးပါတီက ဥက္ကဋ္ဌလုပ်နေတဲ့ ဦးသန်းဋ္ဌေး ပုံရိပ်က လူထုကြီးကို ရွေ့လျားသွားအောင် လုပ်နိုင်တဲ့ အင်အားမရှိဘူး။ ပါတီ တကယ်အလုပ်ဖြစ်ဖို့ ဆိုတာက မြို့နယ်နဲ့ ရပ်/ကျေးမှာရှိတဲ့ ပါတီဝင်တွေရဲ့ တက်ကြွမှုက အများကြီးအရေးပါတယ်။xxx

( ကောက်နှုတ်ချက်)

ဥပဒေနဲ့ အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သဘောထားကွဲလွဲခွင့် တွေ ရှိခဲ့ ချိန်က ပွင့်ပွင့်လင်းလင်း ပြောခဲ့တာတွေကို မဖတ်ရသေးသူများ ဖတ်နိုင်ဖို့ ပြန်မ ျှေ၀ လိုက်ပါတယ်။

=====================
The Power News
July 16, 2020 ·
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကို ဝေဖန်တယ်
ဆိုတာထက် ဘာမှမဝေဖန်ဘဲနဲ့ ဝိုင်းမြှောက်လို့ရှိရင် အကြီးအကဲတွေဘယ်လိုဒုက္ခရောက်တယ်ဆိုတာ ကိုယ်တွေ့ပဲ

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်နှင့် အင်တာဗျူးလုပ်ရန် ညီငယ်တစ်ယောက်ချိတ်ဆက်ပေးမှုကြောင့် အဆင်ပြေခဲ့သည်။ မိမိလည်း ဦးရဲထွဋ်ကို မေးရမည့်မေးခွန်းများကို ပြင်ဆင်ရသည်။ ဦးရဲထွဋ်နှင့်ပတ်သက်သည်က မေးစရာများနေသည်။ ဘယ်အကြောင်းအရာတွေ မေးရမလဲကိုသာ ပြန်စဉ်းစားရင်း တချို့မေးခွန်းများကို ပြန်ဖျက်လိုက်သည်။

ဦးရဲထွဋ်နှင့် အင်တာဗျူးတကယ်လုပ်တော့ ၂၆ မိနစ်ကျော်ကျော်သာ ကြာသည်။ ဦးရဲထွဋ်နှင့် Off The Record ပြောသည်က တစ်နာရီ ကျော်ကြာသည်။ The Power News ပရိသတ်သို့ ချပြလိုက်လျှင် တော်တော်လေးပွဲဆူသွားမည်။ ဦးရဲထွဋ်နှင့်မိမိလည်း ဟိုကတရားစွဲ၊ ဒီကတရားစွဲနှင့် ချာလပတ် လည်သွားနိုင်သည်။ ထဲထဲဝင်ဝင်လုပ်ခဲ့သည့် ဝန်ကြီးတစ်ယောက်၏ တချို့စကားတွေက ပရိသတ်သိသင့်သိထိုက်သည်များပါနေ၍ ပြန်လည်ဖော်ပြလိုက်ပါသည်။

ပြန်ကြားရေးဝန်ကြီး(ငြိမ်း) ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း
အွန်လိုင်းဝဏ္ဏ

Power။ ။ ဒီနေ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေက ဘယ်သူမှ အသံမထွက်ရဲဘူး။ အသံထွက်တဲ့သူတွေလည်း မျိုးစုံတံဆိပ်အကပ်ခံရတယ်။ အထူးသဖြင့် အာဏာရအစိုးရကို ဘယ်သူမှ မဝေဖန်ရဲဘူး။ ကြိတ်ခံနေကြရတယ်။ မပြောရဲတဲ့အထဲမှာ စီးပွားရေးလည်းမကောင်း ဘဏ်တိုးပါ ပိနေတဲ့ စီးပွားရေးလုပ်ငန်းရှင် တွေလည်း ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး သွားမေးရင်လည်း လုပ်ငန်းရှင်အတော်များများက မီဒီယာမှာ မထည့်ရင် ပြီးရော။ ဖြစ်နေတဲ့အခြေအနေတွေကို ရင် ဖွင့်ကြတယ်။ မီဒီယာကို ပြောတဲ့သူက မျိုးစုံ တံဆိပ်အကပ်ခံရမှာ ကြောက်တဲ့အတွက် လက်ရှောင်ကြတယ်။ ဒါပေမယ့် ဒီအထဲမှာ ဦးရဲထွဋ်က လူမှုကွန်ရက်ကနေ ပြောတယ်၊ ဝေဖန်တယ်၊ ထောက်ပြတယ်။ ဒါပေမယ့် လည်း အကောင်းအပြောမခံရဘူး။ ဒီလိုအခြေအနေတွေ ဘာကြောင့် ဖြစ်နေရတာလဲ။

UYH ။ ။ ပထမဆုံးအချက်က ဒေါ်အောင်ဆန်းစု ကြည်ရဲ့အရှိန်အဝါက အရမ်းကြီးတယ်။ ဒေါ်အောင် ဆန်းစုကြည်က သြဇာရော၊ အာဏာပါရှိတယ်။ မြန်မာ့ နိုင်ငံရေးမှာ ဦးနေဝင်းတို့၊ ဦးသန်းရွှေတို့က အာဏာပဲ ရှိတာ။ သြဇာမရှိဘူး။ တပ်မတော်အစိုးရရဲ့ နှစ်ပေါင်းများ စွာကြာလာတဲ့ အုပ်ချုပ်မှုကို လူတွေက ငြီးငွေ့လာတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဝင်လာတာ။ အဲဒီမှာ လူတွေက သူ့ကိုကြည်ညိုတဲ့စိတ်ရယ်၊ လုပ်ပိုင် ခွင့်ပေးချင်တဲ့ စိတ်တွေက များလာတော့ တစ်စုံတစ် ယောက်က သူ့ကိုဝေဖန်လိုက်တဲ့အခါမှာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်ကို လူတွေကအပြုသ ဘောနဲ့ ဝေဖန်တယ်လို့ သူ့ကိုထောက်ခံတဲ့သူအများစုက မခံယူနိုင်ဘူး။ သူတို့က ဘယ်လိုခံယူသလဲဆိုတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်ပြီးတော့မှ တပ်မတော်က ကျောထောက်နောက်ခံပြုတဲ့ နိုင်ငံရေး ပါတီ၊ ဒါမှမဟုတ် တပ်မတော်က အာဏာပြန်ရအောင်လုပ် တယ်ဆိုတဲ့ အမြင်မျိုးရှိတာကိုး။ ရှိတဲ့အတွက်ကြောင့် ပြောလိုက်တဲ့ သူတိုင်းကို ဝေဖန်မှုက ပြင်းထန်တာကိုး။ ကျွန်တော်က ဘာ့ကြောင့်ပြောလဲဆိုတော့ နိုင်ငံရေးတာ ဝန်တွေ ထမ်းဆောင်ကတည်းက ဝေဖန်တာတွေနဲ့ပတ် သက်ပြီး ခံစားချက်မရှိဘူး။ ကိုယ်ပြောသင့်တာကို ပြော မယ်ဆိုတဲ့ စိတ်ပဲရှိတယ်။ အခုကျွန်တော်ပြောနေတာ တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကို ဝေဖန်တယ်ဆိုတာထက် ဘာမှမဝေဖန်ဘဲနဲ့ ဝိုင်းမြှောက် လို့ရှိရင် အကြီးအကဲတွေ ဘယ်လိုဒုက္ခရောက်တယ်ဆို တာကို ကျွန်တော် ကိုယ်တွေ့မြင်ခဲ့တဲ့အတွက်ကြောင့်မို့ အဲဒီလိုမျိုးမဖြစ်စေချင်တဲ့စိတ်နဲ့ ကျွန်တော်ဝေဖန်တာပါ။ မကြိုက်မှန်းသိတယ်။ အဆဲခံရမှန်းလည်း သိတယ်။ သို့သော် ဘယ်သူမှမပြောတဲ့အချိန်မှာ ကိုယ်က ပြော သင့်ပြောထိုက်တာကို ပြောမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော် ပြောနေတာပါ။

Power။ ။ ၂ဝ၁၅ သန်းခေါင်ယံ အာဏာသိမ်းပွဲ အဓိက ဖြစ်ခဲ့ရတဲ့အကြောင်းရင်းကို အဲဒီတုန်းက ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ တစ်ယောက်အနေနဲ့ ရော၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အနေ နဲ့ပါ ပွင့်ပွင့်လင်းလင်း မြ>ွခင်းမချန်ပြောပါဦး။

UYH။ ။ နှစ်ပိုင်းခွဲ ပြောရမယ်။ တစ်ခုကတော့ ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင်တွေကြားမှာ ဖြစ် တဲ့ပြဿနာ။ ကျွန်တော်က အစိုးရဝန်ကြီး ဖြစ်ပေမယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ CEC မဟုတ်ဘူး။ မဟုတ်တဲ့အ တွက်ကြောင့်မို့ အတွင်းမှာဖြစ်ခဲ့တဲ့ ပြဿနာအသေး စိတ်ကိုတော့ ကျွန်တော်မသိဘူး။ သို့သော် ၂ဝ၁၅ သြ ဂုတ်လ ရာထူးကနေဖယ်ရှားတော့မယ်ဆိုတဲ့ အချိန်မှာ တော့ စပြီးသိတာပေါ့။ ကျွန်တော်သိသလောက်နဲ့ နောက် တစ်ခါ ကျွန်တော့်စာအုပ်အတွက် ပြည်ခိုင်ဖြိုးအလုပ် အမှုဆောင် အဖွဲ့ဝင်တွေကို ကျွန်တော်အင်တာဗျူးရလို့ မေးတဲ့ဟာကနေ သိသလောက်ပြောရရင်တော့ စတာက တော့ ရွေးကောက်ပွဲအတွက်ပြင်ဆင်တဲ့အချိန်ကနေ စတာပေါ့။ ၂ဝ၁၄ လောက်မှာ ပြည်ခိုင်ဖြိုး ဗဟိုအလုပ် အမှုဆောင် လေးယောက်ကနေပြီး ဦးသိန်းစိန်နဲ့ ဦးရွှေ မန်းဆီကို စာရေးကြတယ်။ အဓိကကတော့ ပါတီကဘာ ဆက်လုပ်မှာလဲ။ ဘယ်သူ သမ္မတဖြစ်မယ်၊ မဖြစ်မယ်က အရေးမကြီးဘူး (ဒီစကားကို သမ္မတဦးသိန်းစိန်လည်း ပြောဖူးပါတယ်)။ ဘယ်သူ သမ္မတလုပ်မယ်၊ မလုပ်တာထက် ပါတီနိုင်ရ မယ်။ ပါတီနိုင်မှသာလျှင် ပါတီက ကိုယ်ရွေးချင်တဲ့လူကို သမ္မတရွေးလို့ရမယ်။ အခုအချိန်က ပါတီအောင်နိုင် ရေးအတွက် လုပ်ရမယ့်အချိန်ရောက်ပြီ။ အခုအချိန်မှာ အထူးသဖြင့် ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ဆက်ဆံရေးက ပွင့်လင်းမှုမရှိဘူး။ သူတို့နှစ်ယောက် ကြားမှာ ဘာတွေ သဘောတူညီချက်ရှိတယ်ဆိုတာကို ပါတီ ဗဟိုအလုပ်အမှုဆောင်တွေတောင် မသိရဘူး။ ပါတီဝင်အောက်ခြေမှာလည်း NLD ကို မဟာမိတ် အဖြစ်နဲ့ လက်တွဲမယ်ဆိုတာလည်း ဘယ်လိုမှလက်ခံ နိုင်စွမ်းရှိမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ အရေးအကြီး ဆုံးကတော့ ထိပ်ပိုင်းနှစ်ယောက် ပြန်ပြီးညီညွတ်ပါ။ ညီညွတ်ပြီးရင် ပါတီအောင်နိုင်ရေးကို လုပ်ပါဆိုတဲ့ စာကို ရေးကြတယ်။ ဒါက သူတို့ရေးတဲ့စာရဲ့သဘော။ အဲဒီစာကိုလည်း ကျွန်တော့်စာအုပ် ပြုစုတဲ့အချိန်မှာ မူရင်းစာကို ဗဟိုအလုပ်အမှုဆောင်တစ်ယောက်က ပြလို့ ကျွန်တော်မြင်ခဲ့ရတယ်။ မှတ်တမ်းတင်ခွင့်တော့ မရဘူး။ ဒီလိုမျိုး စဖြစ်ကြတယ်။ အဲဒီအခြေအနေက တိုးတက်မှု မရှိလာဘူး။ မရှိလာဘဲနဲ့ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းလျာထားတဲ့အခါမှာလည်း တပ်မတော်နဲ့ သမ္မတဦးသိန်းစိန်ဘက်က လုပ်ချင်တာနဲ့ ဦးရွှေမန်းဘက်က လုပ်ချင်တာကြားမှာ သဘောထား ကွဲပြားမှုတွေ ရှိလာတယ်။ နောက်အဲဒီကြားထဲမှာပဲ ဘာ တစ်ခု ထွက်လာသလဲဆိုတော့ (ဒါကတော့ ကျွန်တော် လည်း သက်သေအထောက်အထား မမြင်ရဘူး)။ သို့ သော် ပါတီထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ပြောတာ က တပ်နဲ့၊ အစိုးရနဲ့၊ ပါတီနဲ့ကြားမှာ ကိုယ်စားလှယ်လောင်း လျာထားချက်တွေ အပြန်အလှန် ညှိနေတဲ့အချိန်မှာ အဲဒီလျာထားတဲ့ စာရင်း NLD ပါတီဘက်ကို ပေါက် ကြားသွားတယ်။ ဒီအတွက်လည်း ဦးရွှေမန်းမှာ တာဝန် မကင်းဘူးဆိုတဲ့ စွပ်စွဲချက်တွေလည်းရှိတယ်။ ဒါကတော့ ကျွန်တော် အထောက်အထားမမြင်လို့ မှန်တယ်၊ မှား တယ်လို့ မပြောလိုဘူး။ သို့သော် ဖြစ်ခဲ့တဲ့ စွပ်စွဲချက်ကို ပြောပြတာ။ ဒီလိုဟာတွေ ဖြစ်လာတဲ့အချိန်မှာ နောက် ဆုံးမှာပါတီက ရွေးကောက်ပွဲအတွက်လည်း ဆုံးဖြတ် ရမယ့်အချိန် နီးလာပြီ။ ဒါကြောင့်မို့ ခေတ္တဥက္ကဋ္ဌရာထူးကို ဦးရွှေမန်းကို လွှဲထားမယ့်အစား ဦးဋ္ဌေးဦးကို ခေတ္တ ဥက္ကဋ္ဌရာထူးပေးသင့်တယ်လို့ ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။ အဲဒါကိုလည်း သမ္မတဦးသိန်းစိန်က သဘောတူတယ်။ အာဏာသိမ်းတယ်ဆိုတာထက် ဦးသိန်းစိန်က သူလွှဲပေး ခဲ့တဲ့တာဝန်ကို ပြန်ယူပြီးတော့ နောက်ထပ်ပိုသင့်တော် မယ့်လူတစ်ယောက်ကို လွှဲပေးခဲ့တာပါ။ ဒါကတော့ ဖြစ် စဉ်ပေါ့။

ကျွန်တော့်အယူအဆ ပြောရရင်တော့ အဲဒီလို လုပ်တာ သိပ်နောက်ကျတယ်။ အမှန်က ဒီလိုဖြစ်စဉ် မျိုးကို ၂ဝ၁၄ အစလောက်မှာ လုပ်ခဲ့လို့ရှိရင် ပါတီက ပြန်တည်ဆောက်လို့ရတယ်။ သြဂုတ်လမှာ လုပ်လိုက် တဲ့အခါကျတော့ ပါတီရဲ့ အကွဲအပြဲက အောက်ခြေမှာ ရိုက်ခတ်ပြီးတော့ ပါတီပြန်တည်ဆောက်ဖို့အချိန်လည်း မရတော့ဘူး။ လုပ်လိုက်တဲ့ဟာကလည်း ခပ်မြန်မြန် လုပ်လိုက်သလို ဖြစ်သွားတဲ့အခါကျတော့ လူထုအမြင်မှာ လည်း ပုံရိပ်မကောင်းဘူး။ ဥပမာဆိုပါတော့ ရဲတွေချ ထားတယ်ဆိုတဲ့ကိစ္စမျိုး။ အဲဒီရဲတွေ ချထားတယ်ဆိုတဲ့ ကိစ္စက ကျွန်တော်သိသလောက်ပြောရရင် သမ္မတကြီး အမိန့်ပေးတာလည်း မဟုတ်ဘူး။ အဲဒီအချိန်တုန်းက ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို သွားတက်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေက လုပ်တာ လည်းမဟုတ်ဘူး။ မြို့တော်ဝန်တာဝန်ယူထားတဲ့ ဦးသိန်း ညွန့်တစ်ယောက်တည်းရဲ့ အစီအစဉ်နဲ့လုပ်တာ။ ဦးသိန်း ညွန့်က ကျွန်တော်သိသလောက်ဆိုရင် ဘာကိုစိုးရိမ်သလဲ ဆိုတော့ ဦးရွှေမန်းက သူ့မှာ လုံခြုံရေးအဖွဲ့ရှိတာကိုး။ ဒီမှာ အစည်းအဝေးလုပ်ပြီဆိုတဲ့သတင်းကို ကြားရတဲ့ အခါမှာ သူ့ရဲ့လုံခြုံရေးအဖွဲ့နဲ့အတူ ဒီကိုဝင်လာလိမ့်မှာကို စိုးရိမ်တယ်။ စိုးရိမ်တဲ့အတွက်ကြောင့် အဲဒီလို ဝင်လာရင် ဝင်လာလို့မရအောင်ဆိုပြီးတော့မှ ရဲတွေ ချတဲ့သဘော။ ဒါပေမယ့် ပုံရိပ်က မကောင်းဘူး။ အဲဒါတွေက ရွေး ကောက်ပွဲဝင်ပြိုင်တဲ့ ပါတီရဲ့ပုံရိပ်ကို သွားထိခိုက်တယ်။ ဖြစ်စဉ်ကတော့ အဲဒါပဲ။ လုပ်သင့်လို့လုပ်ပေမယ့် လုပ်တဲ့ အချိန် နောက်ကျတယ်။ လုပ်နည်းလုပ်ဟန်က သိပ်ပြီး အံဝင်ခွင်ကျမဖြစ်ဘူး။

Power။ ။ USDP ၂ဝ၁၅ မှာ ရွေးကောက်ပွဲရှုံးခဲ့ တာက ဒီအခြေအနေတွေကြောင့်ကော ပါလား။

UYH။ ။ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲမှာ အများ စုမရတာကတော့ အကြောင်းတွေအများကြီးရှိတာပေါ့။ ဒါကတော့ ပန်းဝင်ခါနီးမှာ ဖြစ်တဲ့ကိစ္စဆိုတော့ အကျိုး သက်ရောက်မှုပိုများတာပေါ့။ ကျွန်တော့် ပုဂ္ဂိုလ်ရေး အမြင်အရပြောရရင်တော့ ပြည်ခိုင်ဖြိုးဟာ အများစုအ နိုင်မရဘူးဆိုတာ အစောကြီးကတည်းက မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်က အရမ်းတက်နေတယ်။ နောက်တစ်ချက်က ဦးသိန်းစိန်အစိုးရရဲ့ အောင်မြင်မှုကို ပါတီရဲ့အောင်မြင် မှုအဖြစ် အသွင်ပြောင်းနိုင်ခြင်းမရှိဘူး။ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဦးရွှေမန်းနဲ့အဖွဲ့တွေက NLD လုပ်ရမယ့် အလုပ်ကို NLD ကိုယ်စားဝင်လုပ်ပြီး အဲဒီမှာ ဦးသိန်းစိန် အစိုးရကို ဝေဖန်တိုက်ခိုက်တယ်။ ဆိုတဲ့အခါကျတော့ အစိုးရပုံရိပ်မကောင်းတာ ပါတီပုံရိပ်လည်းမကောင်းဘူး။ ဒီလိုအကြောင်းတွေအများကြီးရှိပါတယ်။ ကျွန်တော့် စာအုပ်ထဲမှာတော့ တော်တော်လေး ပြည့်ပြည့်စုံစုံရေး ထားပါတယ်။

Power။ ။ အခု USDP မှာ လုပ်နေတဲ့သူတွေက ဦးရဲ ထွဋ်ရဲ့ စီနီယာတွေ၊ USDP ခေါင်းဆောင်တွေ ဒီနေ့ နိုင်ငံရေးလုပ်နေတဲ့အပေါ်၊ ပြည်သူတွေရဲ့ သဘောထား လည်း ဦးရဲထွဋ် သိနေတယ်။ USDP ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ဦးရဲထွဋ်ကိုယ်တိုင်ကော အားရ ကျေနပ်မှုရှိရဲ့လား။ ဝေဖန်ပေးပါဦး။

UYH။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရဲ့ အဓိကပြဿနာက အရင်ဦးသိန်းစိန်အစိုးရ ၅ နှစ် တာလုပ်ဆောင်ခဲ့တာကိုပဲ ကာကွယ်နေရတာ မဟုတ် ဘူး။ သူ့ကို ထူထောင်ပေးခဲ့တာက တပ်မတော်အစိုးရ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်အစိုးရရဲ့ ခေတ်ကာ လအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကိုပါ အပြစ်တင် ခံနေရတယ်။ ဒီပြဿနာက ပြည်သူလူထုကို ပြည်ခိုင်ဖြိုး စည်းရုံးတဲ့အခါမှာ အဓိကပြဿနာ ဖြစ်နေတယ်။ သူ့ရဲ့ ပုံရိပ်ပြဿနာဖြစ်နေတယ်။

အဲဒါကိုပြောင်းဖို့ဆိုရင် ကျွန် တော့်ရဲ့အမြင်က ပြည်ခိုင်ဖြိုးပါတီက သူဟာပါတီသစ် ဖြစ်နေပြီ။ အရင်တုန်းကတော့ ကျွန်တော်တို့အားနည်း ချက်တွေ ရှိမယ်။ အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ မှ ဘာတွေ အားနည်းနေတယ်။ အဲဒီအားနည်းချက်တွေကို ပြင်ဆင်ပြီး ပြီ။ ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်သွား မယ်ဆိုတာကို ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ချပြ ဖို့လိုတာပေါ့။ ဘေးကနေ အကဲခတ်ကြည့်တဲ့ လူတစ် ယောက်အနေနဲ့ပြောရရင် အဲဒီရည်မှန်းချက်ကို အ ကောင်အထည်ဖော်တဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေ သေးတယ်။ လူတွေရဲ့အမြင်မှာ ပြည်ခိုင်ဖြိုးဟာ ဟိုးတုန်း က ပြည်ခိုင်ဖြိုးအသင်းပုံစံအတိုင်းပဲ လူတွေက မြင်နေ တယ်လို့ ကျွန်တော်ခံစားရတယ်။ ဒါကလူထုရဲ့ အပိုင်း။

နောက်တစ်ခုက ပါတီဝင်တွေအပိုင်း။ အထက်က ခေါင်း ဆောင်ပိုင်းက ဘယ်လောက်ပဲပြောပြော ပါတီတစ်ခု အသက်ဝင်ဖို့ဆိုတာက ရပ်/ကျေးနဲ့ မြို့နယ်အဆင့်မှာ ရှိတဲ့ ပါတီဝင်တွေရဲ့လှုပ်ရှားမှုက အများကြီးအရေးပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD ပါတီက ဒေါ်အောင် ဆန်းစုကြည်ရဲ့ အရှိန်နဲ့ တစ်နိုင်ငံလုံးမှာ လှုပ်ရှားလို့ရ တယ်။ ပြည်ခိုင်ဖြိုးပါတီက ဥက္ကဋ္ဌလုပ်နေတဲ့ ဦးသန်းဋ္ဌေး ပုံရိပ်က လူထုကြီးကို ရွေ့လျားသွားအောင် လုပ်နိုင်တဲ့ အင်အားမရှိဘူး။ ပါတီ တကယ်အလုပ်ဖြစ်ဖို့ ဆိုတာက မြို့နယ်နဲ့ ရပ်/ကျေးမှာရှိတဲ့ ပါတီဝင်တွေရဲ့ တက်ကြွမှုက အများကြီးအရေးပါတယ်။

အဲဒီတော့ အဲဒီတက်ကြွမှု ရှိလား၊ မရှိလားဆိုတာက တိုင်းတာရတာလွယ်ပါတယ်။ ပြည်ခိုင်ဖြိုးမှမဟုတ်ဘူး ဘယ်ပါတီပဲဖြစ်ဖြစ် မြို့နယ် အဆင့် ရပ်/ကျေးအဆင့်မှာ ဗဟိုကဆင်းလာမှ၊ တာ ဝန်ရှိသူတွေ ဆင်းလာမှ၊ ပြည်နယ်နှင့်တိုင်းက တာဝန် ရှိသူတွေဆင်းလာမှ ပါတီဝတ်စုံဝတ်ပြီး လှုပ်ရှားတာ မျိုးနဲ့စာရင် နိစ္စဓူဝ လူတွေရဲ့ဘဝထဲမှာ ကျုပ်ကတော့ ဘယ် ပါတီဝင်ဟေ့ဆိုပြီးတော့မှ လက်မထောင်ပြီး ပါတီ ဝတ်စုံဝတ်ကာ တက်တက်ကြွကြွလှုပ်ရှားနေမှ။ အဲဒါကို ကြည့်လိုက်လို့ရှိရင် အောက်ခြေပါတီဝင်က ဘယ် လောက် တက်ြ<ွကတယ်ဆိုတာကို မြင်ရတာပေါ့။ ပြည် ခိုင်ဖြိုးရဲ့ အောက်ခြေလူထု တက်ကြွပုံကိုလည်း ခုနက ပြောတဲ့ ပေတံနဲ့တိုင်းမယ်ဆိုရင် လိုသေးတယ်လို့ ကျွန် တော်ခံစားလို့ ရတယ်။ သို့သော်ရွေးကောက်ပွဲကြားမှာ တော့ အချိန်အများကြီး ကျန်သေးတယ်ဆိုတဲ့အတွက် ကြောင့် ရွေးကောက်ပွဲအရှိန်နဲ့ မြင့်တက်လာရင်လည်း မြင့်တက်လာမှာပေါ့။

Power။ ။ ဦးရဲထွဋ်စာအုပ် မြန်မာလိုထွက်တော့မယ် ပြောတယ်။ ထွက်ရင်လည်း ပွဲဆူဦးမယ်လို့ ပြောနေကြ တယ်။ မြန်မာပြည်နိုင်ငံရေးကို လှုပ်ခတ်သွားမယ့် ဦးရဲ ထွဋ်စာအုပ်အခြေအနေလေး ပြောပြပါဦး။

UYH။ ။ ကျွန်တော့်စာအုပ်ကို ကျွန်တော်က အင်္ဂလိပ် လိုရေးခဲ့တယ်။ ကိုယ်ရေးတဲ့စာအုပ်ကို ကိုယ်ကိုယ်တိုင် ဘာသာပြန်ဖို့ တိုက်တွန်းတဲ့လူတွေလည်း ရှိတယ်။ ဒါပေ မယ့် ကျွန်တော်က ကျွန်တော်ကိုယ်တိုင် ဘာသာပြန်ဖို့ ဆန္ဒမရှိဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီစာအုပ်ကို ကျွန် တော် မူကြမ်းစတင်ရေးတုန်းက မြန်မာလို အကျဉ်းချုပ် ရေးတာ။ ပြီးတော့မှ အင်္ဂလိပ်လိုရေးတယ်။ ရေးတဲ့ အခါမှာ တချို့စကားလုံးတွေက (ကျွန်တော်မြန်မာလို ရေးထားတဲ့ စကားလုံးတွေက နည်းနည်းပြင်းထန်တယ်)အဲဒါကိုအခြေပြုပြီး ရေးလိုက်တဲ့ အင်္ဂလိပ်စာလုံးကလည်း ပြင်းထန်တယ်။ ကျွန်တော့်စာအုပ်ကို တည်းဖြတ်ပေးတဲ့ ကြီးကြပ်တဲ့ ဆရာကြီး ရောဘတ်တေလာနဲ့ ကျောင်းက အဖွဲ့တွေက သူတို့ရဲ့အယ်ဒီတာမူဝါဒနဲ့ မကိုက်လို့ ပြန် ပြင်လိုက်တယ်။ သင့်လျော်တဲ့စကားလုံးနဲ့ အစားထိုး ပေးတာပေါ့။ မူရင်းအဓိပ္ပာယ်က ကျွန်တော့်ခေါင်းထဲမှာ ရှိနေတယ်။ ကျွန်တော် ဘာသာပြန်လိုက်လို့ရှိရင် အဲဒီ စကားလုံးတွေ ပြန်သုံးမိရင်ဖြင့် မကောင်းဘူး။

မြန်မာ့ နိုင်ငံရေးကို သေချာနားလည်တဲ့ သူတစ်ယောက်က ဘာ သာပြန်မယ်ဆိုလို့ လွှဲပေးလိုက်တယ်။ သို့သော် ဘာ တစ်ခုပဲ တောင်းဆိုလဲဆိုတော့ သူပြီးသွားရင် ကျွန်တော် ပြန်ကြည့်မယ်လို့ ကျွန်တော်က တောင်းဆိုလိုက်တယ်။ သူဘာသာပြန်ထားတာသည် ကျွန်တော် ပြောတဲ့ဆိုလို ချက်ကို ထင်ဟပ်လား၊ မထင်ဟပ်ဘူးလား ကျွန်တော် ပြန်ကြည့်ချင်တာ။ ပထမအဆင့်တော့ ပြီးသွားပြီ။ သူ ပြန်ချောနေတယ်။ သူပြန်ချောပြီးရင် ဒုတိယအဆင့်ပြီး လို့ရှိရင်တော့ စာအုပ်ထုတ်တော့မယ်။ ဒါက စာအုပ် အခြေအနေ။

ခင်ဗျားက ပွဲဆူတယ်လို့ပြောတော့ ကျွန်တော့် စာအုပ်က အဓိကပွဲဆူဖို့ရေးတာ မဟုတ်ဘူး။ နောက် တစ်ခါ ဦးသိန်းစိန်အစိုးရရဲ့ အောင်မြင်မှုတွေအကြောင်း ရေးတာလည်း မဟုတ်ဘူး။ ကျွန်တော်ရေးတဲ့ စာအုပ်က ၂ဝ၁ဝ နဲ့ ၂ဝ၁၆ ကြားထဲမှာ ကျွန်တော်တို့သည် ပြုပြင် ပြောင်းလဲရေးကို ဒီ့ထက်ပိုပြီးတော့မှ လုပ်နိုင်တဲ့အခွင့် အရေးတွေရခဲ့တယ်။ ဒါပေမယ့် အဲဒီအခွင့်အလမ်းတွေကို ကျွန်တော်တို့မလုပ်နိုင်ခဲ့ဘူး။ ဘာကြောင့် မလုပ်နိုင်သလဲ ဆိုတာ ကျွန်တော်သင်ခန်းစာဖော်ထုတ်တာ။ သင်ခန်းစာ ဖော်ထုတ်တဲ့အခါမှာ အဲဒီတုန်းက အဓိကဇာတ်ကောင် ဖြစ်တဲ့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်း။ အဓိကပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ အုပ်ချုပ်ရေးကိစ္စမှာ အဓိကလုပ်ရတဲ့ ကျွန်တော်တို့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ အကြောင်းပါ တယ်။ သူတို့ရဲ့သင်ခန်းစာကို ဖော်ထုတ်တာဖြစ်တဲ့ အတွက်ကြောင့်မို့ ကောင်းတာထက် အားနည်းချက် တွေက ပိုများတာပေါ့။ ဒီစာအုပ်ကို ပွဲဆူအောင်ရေးတာ မဟုတ်ပေမယ့်လည်း ဒီစာအုပ်ထွက်လာရင်တော့ ကျွန် တော်ထင်တယ် ကျွန်တော့်အပေါ်မှာ မကျေလည်တဲ့သူ တွေ ပိုများလာမှာပေါ့။

Power။ ။ မြန်မာ့နိုင်ငံရေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်နဲ့ ကာကွယ် သွားတယ်။ ကြိုက်တဲ့အစိုးရတက် ၂ဝဝ၈ အခြေခံဥပဒေ ပေးထားချက်အတိုင်း ကစားရမယ်။ ဦးရဲထွဋ်အနေနဲ့ နေပြည်တော် ခြောက်လုံးတန်းက မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက်အထိ အရေးပါနေဦးမယ်လို့ ထင်သလဲ။

UYH။ ။ ခင်ဗျားခုနကပြောတဲ့ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကာကွယ်ခဲ့တယ်ဆိုတာ ကို ကျွန်တော် သဘောမတူဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက မြန်မာနိုင်ငံမှာ ဒီမိုကရေ စီ အသွင်ကူးပြောင်းရေးကို သွေးမြေမကျဘဲနဲ့ လုပ်လို့ရ အောင် သူကအစဖော်ပေးခဲ့တာဗျ။ မြန်မာ့နိုင်ငံရေးမှာ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ နိုင်ငံရေးသမားတွေနဲ့ တပ်နဲ့ကြားမှာ မယုံကြည်မှုက အရမ်းကြီးတာကိုး။ ယုံ ကြည်မှုက လုံးဝမရှိဘူး။ အဲဒီနှစ်ခုကို ယုံကြည်မှုရဖို့က အတူလက်တွဲလုပ်မှ ရမယ်။

အဲဒီလို အတူလက်တွဲလုပ် တဲ့အခါမှာလည်း အရင်လမ်းစဉ်ပါတီခေတ်တုန်းကလို မျိုး တပ်ကဦးဆောင်တာမျိုးမဟုတ်ရဘူး။ သို့သော် တပ် သည် အမတ် ၂၅ နေရာရထားတဲ့ ညွန့်ပေါင်းအစိုးရပုံ စံမျိုးတွဲလုပ်။ တွဲလုပ်ပြီးလို့ရှိရင် အဲဒါက ယုံကြည်မှုရလာ လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆိုပြီး ရည်ရွယ် ချက်နဲ့ဆွဲခဲ့တာ။ ဒါကိုလည်း ၂ဝဝ၇ နောက်ပိုင်း ဂမ်ဘာ ရီလာတဲ့အချိန်မှာ အဲဒီတုန်းက ဝန်ကြီးဦးကျော်ဆန်းက အမြဲတမ်းထည့်ပြောတဲ့စကား ခင်ဗျားတို့ကိုကျွန်တော် ပြန်ပြောမယ်။

အဲဒီ့ဝန်ကြီး ဦးကျော်ဆန်းပြောတဲ့စကား ကို ကျွန်တော် အတိအကျပြန်ပြောရရင် ”၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ ပန်းတိုင်မဟုတ်ဘူး။ ဒါဟာ အစပဲဖြစ်တယ်။ ပါဝင်ပတ်သက်နေတဲ့ သူတွေကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကြိုက်တဲ့အချိန်ပြင်လို့”ရပါတယ်။

သူက ဒီလိုပဲပြောခဲ့တယ်။ ကျွန်တော်တို့ ကျမ်းကျိန်တဲ့အထဲမှာ လည်း ပါပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ပြောထားပါတယ်။ မပြင်ဘူးလို့ မပါပါဘူး။ ခင်ဗျားရဲ့အဖေဆီကရတဲ့ အမွေ ဆိုင်အိမ်ကို ခင်ဗျားထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ လိုအပ်ရင်ခင်ဗျားပြင်လို့ရတာပဲ။ ပိုကောင်းမယ်ထင်ရင် ခင်ဗျားပြင်မှာပေါ့။ ဟုတ်တယ်မလား။ သို့သော် မဖြစ် သင့်မဖြစ်ထိုက်တဲ့ လူလက်ထဲရောက်မသွားအောင်တော့ ခင်ဗျားကာကွယ်ရမှာပေါ့။ ဒီသဘောမျိုးပြောတာပါ။

နေပြည်တော် ခြောက်လုံးတန်းမှာ နိုင်ငံရေးကို တက်တက်ြ<ွကြ<ွကလှုပ်ရှားနေတာ လက်ရှိမှာ ဦးရွှေမန်း တစ်ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေရဲ့ အခန်းကဏ္ဍ နဲ့ သူတို့ရဲ့အရိပ်ကတော့ ဆက်ပြီး ရှိနေသေးတယ်လို့ ပြောလို့ရမယ်။ ဦးရွှေမန်းတစ်ယောက်ပဲ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါနေတာပေါ့လေ။ အဲဒီတော့ သူ ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာကတော့ ကျွန်တော် ထင်တယ် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အဖြေပေါ်မှာပါ။ ဒီအဖြေအရ ပြည်သူလူထုက သူ့ရဲ့ခေါင်းဆောင်မှုကို လက်မခံတော့ဘူးဆိုရင်တော့ နေပြည်တော်ခြောက်လုံး တန်းရဲ့အခန်းကဏ္ဍကတော့ တဖြည်းဖြည်းနဲ့ မှေးမှိန် သွားမှာပေါ့။

Power။ ။ သမ္မတဦးသိန်းစိန်နဲ့ကော ဦးရဲထွဋ် အ ဆက်အသွယ်ရှိလား၊ တွေ့ဖြစ်သေးလား။ သမ္မတ ဟောင်း ဦးသိန်းစိန်အနေနဲ့ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက် ပြီး ထူးထူးထူးခြားခြား မှတ်ချက်ပေးတာ၊ ပြောတာ တွေရှိလား ခင်ဗျ။

UYH။ ။ သမ္မတ ဦးသိန်းစိန်က ဘယ်ပါတီနိုင်ခြင်း မနိုင်ခြင်းထက်ကို သူ့ရဲ့စိုးရိမ်မှုက ၂ဝ၁၁၊ ၂ဝ၁၆ မှာ တုန်းကအရွေ့တစ်ခုဖြစ်အောင် သူအများကြီး ကြိုးစားခဲ့ တယ်။ အဲဒီအရွေ့ကနေပြီးတော့မှ နောက်ပြန်လန်ကျ သွားမှာကို သူစိုးရိမ်တယ်။ အဲဒီစိုးရိမ်စိတ်က သူ့မှာပိုများ တယ်။ နောက်ပြည်ခိုင်ဖြိုးက သူဥက္ကဋ္ဌ လုပ်ခဲ့တဲ့ပါတီ ဖြစ်တဲ့အတွက်ကြောင့် ပြည်ခိုင်ဖြိုးကိုတော့ ၂ဝ၁၅ ထက် ပိုပြီး အခြေအနေပိုကောင်းစေချင်တာပေါ့။ ဒါပေမယ့် အဲဒါကို သူတက်တက်ကြွကြွ ဝင်လုပ်မလားဆိုတာကို တော့ ကျွန်တော်ထင်တယ် သူမလုပ်လောက်တော့ဘူး။ သူ တက်တက်ကြွကြွ လုပ်မယ်ဆိုလို့ရှိရင်လည်း သူ့ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်တာတွေကိုလည်း သူ မခံချင်တော့ဘူး။ အဲဒီတော့ သူ နိုင်ငံ့ခေါင်းဆောင် ဟောင်း၊ ပါတီခေါင်း ဆောင်ဟောင်းတစ်ယောက်အနေနဲ့ အတိုင်းအတာတစ်ခုအထိ လုပ်ပေးတာကလွဲရင် အရမ်း ကြီး တက်တက်ကြွကြွထွက်ပြီး မဲဆွယ်ဖို့တော့ ကျွန်တော် ထင်တယ် တော်တော် အလားအလာနည်းတယ်။

Power။ ။ သမ္မတဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်း လဲရေးတွေ အများကြီးလုပ်ခဲ့တယ်။ အရင်စစ်အစိုးရရဲ့ ဆိုးမွေတွေနဲ့လည်း ခိုင်းနှိုင်းခံခဲ့ရတယ်။ အရွေ့တစ်ခုကို အစိုးရအဖွဲ့က လုပ်ပြခဲ့ကြတယ်။ ဒီနေ့ NLD အစိုးရရဲ့ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြီးပြောကြေးဆိုရင် လူတွေက အတော်များများ လက်ရှောင်ကြတယ်။ ဝေဖန်တဲ့သူကို လည်း တံဆိပ်မျိုးစုံကပ်နှိပ်ကွပ်ကြလို့ မီဒီယာကမေးရင် ထွက်ပြေးတဲ့လူ များတယ်။ ကျန်ခဲ့တဲ့အပတ်က ကျွန် တော် နေပြည်တော်မှာ အန်ကယ်ဦးတင်အေးနဲ့ တွေ့ခဲ့ တုန်း အန်ကယ်ဦးတင်အေးက ဒီနေ့အခြေအနေတွေက လူတွေက ငြိမ်နေမှာပေါ့ဗျ။ သူတို့မဲပေးခဲ့တဲ့သူတွေကိုး လို့ ပြောတာကို မှတ်မိနေတယ်။ အဲဒီအမြင်တွေအပေါ် ဦးရဲထွဋ် အမြင်ကိုပြောပါဦး။

UYH ။ ။ ဒါကတော့ အမှန်ပဲလေ။ လူထုက ဒေါ် အောင်ဆန်းစုကြည်အပေါ်မှာ (မဲပေးခဲ့တဲ့ မဲဆန္ဒရှင်အ များစုက)အဲဒီအချိန်တုန်းက ယုံပြီးပုံအပ်ခဲ့တယ်။ ဘာပဲ ပြောပြော NLD အစိုးရရဲ့ စွမ်းဆောင်မှုကို သူတို့အား မရဘူးဆိုရင်တောင်မှ နောက်ထပ် ၅ နှစ်အချိန်ပေးချင် သေးတယ်ဆိုတဲ့စိတ် လူအတော်များများမှာရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကက အဲဒီပြဿနာပဲ။ ရှင်း ရှင်းပြောရရင် NLD အစိုးရက အရင်လူတွေလောက် တော့ မဆိုးသေးပါဘူးဆိုတာလောက်တော့ ရှိတာပေါ့။ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ပြောတာမဟုတ်ဘူး။ အဂ တိလိုက်စားမှုတွေ၊ ခရိုနီကိစ္စတွေ၊ ဆွေမျိုးကောင်းစားရေး ဝါဒတွေ ဒီလိုဟာမျိုးတွေနဲ့ပတ်သက်ရင် ဒီအစိုးရမှာ လည်း မကင်းဘူး။ သို့သော် အရင်တုန်းက ဒီ့ထက်ပိုဆိုး တယ်ဆိုတဲ့ ဖြေသိမ့်မှုက လူတွေတော်တော်များများမှာ ရှိနေတယ်။ ဒါကပဲ ရွေးကောက်ပွဲမှာ NLD အတွက် အားသာချက်တစ်ခုဖြစ်နေတယ်။

Power။ ။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အမျိုး သား ထောက်လှမ်းရေးအဖွဲ့ ဖွဲ့မလို့ လုပ်နေရင်းနဲ့ ပျက် သွားတယ်ပြောတယ်။ ဦးရဲထွဋ်သိသလောက် ပြောပြပါ ဦး။

YUH ။ ။ အဲဒီတုန်းက စဉ်းစားတာက နိုင်ငံတကာမှာ ဆိုရင် အမျိုးသားလုံခြုံရေးကောင်စီဆိုတာရှိတယ်။ ကျွန် တော်တို့မှာရှိတဲ့ ကာလုံဆိုတာက ခေါင်းပဲရှိတာ။ လူကြီး တွေ စဉ်းစားပြီးတော့မှ မူဝါဒချတာပေါ့။ နောက် မဟာ ဗျူဟာချမယ်။ နေ့စဉ်တက်နေတဲ့ ထောက်လှမ်းရေး သတင်းတွေ၊ စစ်ဘက်နဲ့မပတ်သက်တဲ့ ကျန်တဲ့ကိစ္စတွေ ကို လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေကြားထဲမှာ သတင်း ဖလှယ်နိုင်မယ့် အဖွဲ့တစ်ဖွဲ့ ရှိကိုရှိရမယ်။ သူဟာ ရုံးအ ဖွဲ့ရှိရမယ်။ ဒီလိုမျိုးတွေ စဉ်းစားကြတယ်။ အရင်တုန်းက NIB ကို ထောင်ခဲ့တုန်းက အဲဒီလိုပုံစံမျိုးလုပ်ခဲ့ကြတာ။ ဒါပေမယ့် တပ်မတော်ထောက်လှမ်းရေးက အရမ်းသြဇာ ကြီးတဲ့အခါကျတော့ NIB က မပီပြင်တော့ဘဲနဲ့ တပ်မ တော်ထောက်လှမ်းရေးရဲ့ သြဇာခံလို ဖြစ်သွားတယ်။ တပ်မတော်ထောက်လှမ်းရေးရဲ့ ရုံးအဖွဲ့လိုဖြစ်သွားတယ်။ အမှန်က NIB သည် ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင် ရာအဖွဲ့အစည်းတွေရဲ့အပေါ်မှာ ရှိရမယ်။ ဒါက ဖြစ်ခဲ့ တဲ့ဟာပေါ့။

အဲလိုဖြစ်ခဲ့တဲ့ ပြဿနာက ရှိနေတဲ့အခါကျ တော့ ဦးသိန်းစိန်လက်ထက်မှာ ဒီ NIB လို (NIB ဆို တာတော့ မဟုတ်ပါဘူး) အမျိုးသားလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုကို ပြန်ပြီးတော့ ထူထောင်မယ်ဆိုပြီး စဉ်းစားကြတဲ့အခါမှာ ပြည်ခိုင်ဖြိုးပါတီထဲမှာကိုက အဲဒီ အကြံအစည်ကို လက်မခံတဲ့သူက အတော်များတယ်။ ဦးသိန်းစိန်ကိုယ်တိုင်ကလည်း ဦးရွှေမန်းနဲ့ ပြဿနာဖြစ် နေတော့ လွှတ်တော်ထဲမှာရှိနေတဲ့ ပြည်ခိုင်ဖြိုးအမတ်တွေ ရဲ့ ထောက်ခံမှုကိုရအောင်လည်း သူက မလုပ်နိုင်ဘူး။ အဲဒီလိုအခြေအနေတွေနဲ့ နောက်တစ်ခါရွေးကောက်ပွဲနီး လာတာလည်း ပါတာပေါ့။ ဒါကြောင့်မို့ ရပ်သွားတာပါ။ အမှန်က ဘယ်အစိုးရပဲတက်တက် သမ္မတရဲ့အောက်မှာ နေပြီးတော့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေကို ပေါင်း စပ်ညှိနှိုင်းပေးမယ့် ယန္တရားတစ်ရပ်က ရှိကို ရှိရမယ်။ ဒီမိုကရေစီနိုင်ငံတိုင်းမှာလည်း ရှိကိုရှိတယ်။

အွန်လိုင်းဝဏ္ဏ
The Power သတင်းဂျာနယ် အမှတ် ၄၊ ၂၀၂၀ ဇူလိုင် ၁၆ ရက်နေ့ထုတ်မှ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: