စာအုပ်တစ်အုပ် အတွေးတစ်စ (၂)

စာအုပ်တစ်အုပ် အတွေးတစ်စ (၂)

လွန်ခဲ့တဲ့ ခုနှစ် နှစ် ၂၈-၉ – ၂၀၁၅ ရက်နေ့မှာ ဒစ်ဂျစ်တယ် နည်းပညာက အစဉ်အလာ သမားရိုးကျ နိုင်ငံရေး အင်စတီကျူးရှင်းတွေအပေါ် ရိုက်ခက်မှု အကြောင်း စာအုပ်လေ့လာ သုံးသပ်ချက်လေးရေးခဲ့တယ်။

ဒစ်ဂျစ်တယ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုက ပြည်သူလူထုတွေရဲ့ မျက်စိတွေ၊နားတွေကို ဖွင့် ပေးလိုက်တဲ့အတွက် နိုင်ငံရေးသမားတွေက လူထု ကို ပုံသွင်းတဲ့ခေတ်ကနေ လူထုက သူတို့ဘာသာ သတင်းအချက်အလက်တွေကို ရှာဖွေပြီး နိုင်ငံရေးသမားတွေကို သုံးသပ်တဲ့ခေတ်၊ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ထဲထဲ ဝင်ဝင်ပါဝင်တဲ့ခေတ်ကို မူရင်းစာရေးသူ “iDemocracy” ခေတ်လို့ အမည်ပေး ခဲ့တယ်။

ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှာ သတင်းမှန်၊ အချက်အလက်မှန်တွေရှိသလို သတင်း အမှား၊ ပုံဖျက်ထားတဲ့အချက်အလက်တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ် နည်းပညာ အပြောင်းအလဲကို နားလည်တဲ့ နိုင်ငံရေးသမားတွေ၊မူဝါဒ ချမှတ်သူတွေက အဲဒီပလက်ဖောင်းပေါ် ကနေ လူထု ယုံကြည်မှုရအောင် ကြိုးစားတယ်။ အဲဒီပလက်ဖောင်းတွေပေါ်ကနေ လူထု အသံကို နားထောင်တယ်။ မီဒီယာသဘောတရားကို လူထု နားလည်အောင် ပညာပေးတယ်။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ လူထုအသိအမြင်ပြောင်းလဲလာမှုကို နားမလည်နိုင်တဲ့ နိုင်ငံရေး သမားတွေ၊ မူဝါဒချမှတ်သူတွေကတော့ မီဒီယာနည်းလမ်းသစ်တွေကို အပြစ်တင်ရင်း ၊ မီဒီယာ တွေကို ထိန်းချုပ်ဖို့ကြိုးစားရင်း လူထု နဲ့ ဝေးသထက်ဝေးသွားကြတယ်။

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်လို့ ပြောရင် iDemocracy အကြောင်းတော့ နည်းနည်း သိ ထားသင့်တယ်လို့ ယူဆတဲ့အတွက် စာအုပ်ဖတ်ညွှန်းလေးကို ပြန်မ ျှဝေလိုက်ပါတယ်။


The End of Politics and The Birth of iDemocracy
By Douglas Carswell

ရွေးကောက်ပွဲတွေရှိနေဆဲ၊ နိုင်ငံရေးသမားတွေကလည်း အရွေးချယ်ခံရဆဲ၊ အစိုးရအဖွဲ့ တွေ၊လွှတ်တော်တွေလည်း ရှိနေဆဲ။ဒါပေမယ့် နိုင်ငံရေးရာမူဝါဒတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေ၊ ပညာရှင် တွေ၊ဗျူရိုကရက်တွေကပဲ ဆုံးဖြတ်နေတဲ့ ခေတ်ကုန်လုပြီ။ ဒစ်ဂျစ်တယ် နည်းပညာကြောင့် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေကြား ကွာခြားချက်တွေက ကျဉ်းမြောင်းလာခဲ့ပြီ။ အစဉ်အလာ အင်စတီကျူးရှင်းတွေအခန်းကဏ္ဍက လျော့ပါးလာပြီဆိုပြီး သုံးသပ်ရေးထားတဲ့ စာအုပ်ပါ။

စာရေးသူ Douglas Carswell က စာရေးဆရာ၊ ဘလော့ဂါ၊ နိုင်ငံရေးဝေဖန်သုံးသပ်သူ၊ ပြီးတော့ ဗြိတိသ ျှ အောက်လွှတ်တော်အမတ်၊ ၂၀၀၅ ခုနှစ်ရွေးကောက်ပွဲမှာ ကွန်ဆာဗေး တစ်ပါတီကနေ အမတ်ဖြစ်လာတယ်။ ၂၀၀၉ မှာ လွှတ်တော်အတွင်း ပြုပြင်ပြောင်းလဲရေး တွေကြိုးပမ်း ဆောင်ရွက်ခဲ့မှု ကြောင့် အဲဒီနှစ်အတွက် ဗြိတိန်နိုင်ငံသားဆုအမည်စာရင်း တင် သွင်းခြင်းခံရပြီး Spectator မဂ္ဂဇင်းစာဖတ်သူများက အကောင်းဆုံး လွှတ်တော်အမတ် အဖြစ် ရွေးချယ်ပေးတာ ခံခဲ့ရပါတယ်။ သူက ဒစ်ဂျစ်တယ်နည်းပညာကြောင့် မီဒီယာ အပါအဝင် ရှိပြီး အင်စတီကျူးရှင်း တွေကို ဘယ်လို ကျော်လွှားခဲ့တယ်ဆိုတာကို ဥရောပပါလီမန်အမတ် Daniel Hannan နဲ့ ဥပမာ ပေးခဲ့တယ်။

Daniel Hannan က ၂၀၀၉ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ဥရောပပါလီမန်မှာ သုံးမိနစ် ကြာမိန့်ခွန်းပြောခဲ့တယ်။ သူ့မိန့်ခွန်းက အဲဒီအချိန်က ဗြိတိသ ျှ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းကိုဝေဖန်တိုက်ခိုက်ခဲ့တာပါ။ သူ့မိန့်ခွန်းကို ဘယ်နိုင်ငံရေးသမားကမှ ကိုးကား ပြောတာမရှိဘူး။ ဘယ်နိုင်ငံရေးလေ့လာသုံးသပ်သူကမှလည်း အရေးမထားခဲ့ဘူး။ ဘယ် မီဒီယာကမှလည်း မဖော်ပြခဲ့ဘူး။ သူတို့အတွက် ဒီမိန့်ခွန်းက အသွေးအမွှားအလေးထား စရာမဟုတ်ဘူးလို့ သတ်မှတ်ထားတယ်။

ဒါပေမယ့် အဲဒီမိန့်ခွန်း ဗီဒီယိုကို You Tube ပေါ်တင်လိုက်တဲ့အခါ နာရီပိုင်းအတွင်း ကြည့်သူလေးသောင်းဖြစ်သွားတယ်။ရက်နည်းနည်းကြာတော့ တစ်သန်းကျော်သွား တယ်။ နောင်တော့ ကြည့်ရှုသူ သုံးသန်းကျော်သွားတယ်။ အဲဒီတော့မှ မီဒီယာတွေကလည်း သူပြောတာကို သတင်းလုပ်ပြီးရေးကြတော့တယ်။

ကျွန်တော်လည်း အဲဒီစာအုပ်ကို အခုမှ စပြီး စာမြည်းနေတုန်းပါ။ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့စာအုပ်ဖြစ်လို့နိုင်ငံရေးသမားများ၊ နိုင်ငံရေးကိုစိတ်ဝင်စားသူများ၊ လူမှုအဖွဲ့ အစည်း အသီးသီး မှာ ပါဝင်ဆောင်ရွက်နေသူတွေ ဖတ်သင့်တဲ့စာအုပ်အဖြစ် စာညွှန်း ပေးလိုက်ပါတယ်။

One thought on “စာအုပ်တစ်အုပ် အတွေးတစ်စ (၂)

Leave a comment

Why are you reporting this comment?

Report type