လွန်ခဲ့တဲ့ ခုနစ် တိတိ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြောခဲ့တဲ့ အင်န်အယ်လ်ဒီ အစိုးရ သစ်အပေါ် သဘောထား ။

ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းရေးကို လက်ခံ နိုင်ရပါမယ်။


အခုညနေ ရုပ်သံမီဒီယာတစ်ခု ရုံးခန်းကို ရောက်လာပြီး နောက်ဖြစ်လာမယ့် သမ္မတအသစ်ကို ဘယ်လို သဘောထားလဲ လို့ ကျွန်တော့်ကိုမေးပါတယ်။
အဲဒီမေးခွန်းအပေါ် အခုလို ဖြေကြားခဲ့ပါတယ်။

၁။ ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေနဲ့ အညီ ရွေးချယ်တင်မြှောက်တဲ့ သမ္မတ သစ်ဟာ နိုင်ငံတော်အကြီးအကဲသစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝန်ကြီးတစ်ဦးအနေနဲ့ သမ္မတသစ်ဦးဆောင်တဲ့အစိုးရအဖွဲ့သစ်ကို ချောချောမွေ့မွေ့ တာဝန်လွှဲပေးဖို့အတွက် ဆောင်ရွက်ပါ့မယ်။

၂။ ဧပြီ ၁ ရက်နေ့ သာမန်ပြည်သူတစ်ဦးဖြစ်သွားချိန်မှာတော့ သမ္မတကို ကိုယ့်နိုင်ငံရဲ့ နိုင်ငံ အကြီးအကဲအဖြစ် ရိုသေလေးစားမယ်။ တစ်ဖက်ကလည်း ပြည်သူတစ်ဦးအနေနဲ့ ဝေဖန် ဖို့ လိုတယ်ဆိုရင် ယဉ်ကျေးစွာဝေဖန်ထောက်ပြပါ့မယ်။

နောက်လည်း ဒီမေးခွန်းကိုပဲ မေးလာကြမှာဖြစ်လို့ ဒီကနေပဲ ထပ်ဖြေပေးလိုက်ပါတယ်။

One thought on “

Leave a comment

Why are you reporting this comment?

Report type