ဘယ်ကို သွားမလဲ – ကမ္ဘာကြီးနဲ့လှိုင်သာယာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ကျွန်တော်ရေးသား ခဲ့ တဲ့ ဆောင်းပါးတွေကို စုစည်းထားတဲ့ “ ဘယ်ကို သွားမလဲ – ကမ္ဘာကြီးနဲ့လှိုင်သာယာ” စာအုပ်ကို ၂၀ ဧပြီ ၂၀၂၃ ရက်နေ့ မှာ စတင်ဖြန့်ချိပါ့မယ်။

ဒီစာအုပ်မှာ “မင်းသားရူး” ၊ “ မြို့အုပ်မင်း”၊ “ သာပြော လုပ်လွဲ ” ၊ “ရေစကြိုစကားဝိုင်း”၊ စစ်သား မျက်ရည်” အပါအဝင် ဆောင်းပါး ၆၀ ပုဒ်ပါဝင်ပြီး စာဖတ်သူများအနေနဲ့ ၂၀၂၁ – ၂၀၂၂ နှစ်များ အတွင်း နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး အခြေအနေများကို တစ်စိတ်တစ်ပိုင်းခံစားနိုင်လိမ့်မယ်လို့ မေ ျှာ်လင့်ပါတယ်။

စာအုပ်အမည်က “ ဘယ်သွားမလဲ မောင်ရေခဲ ” နဲ့ “ ကမ္ဘာကြီးနဲ့လှိုင်သာယာ” ဆိုတဲ့ ဆောင်းပါး အမည်နှစ်ခု ကို ပေါင်းစပ်ထားတာဖြစ်ပြီး မတူညီတဲ့ အခြေအနေ နှစ်ခု အနက်တစ်ခုခုကို ရွေးရ တော့မယ် ဆိုတာကို ထင်ဟပ်ထားတာဖြစ်ပါတယ်။စာအုပ်အဖုံးဒီဇိုင်းစီစဉ်သူကတော့ ကမ္ဘာကြီး ကို ခရီးနှင် မယ်ဆိုရင် ဟောင်းနွမ်း နေတဲ့ တံခါးတစ်ချပ် ကိုဖြတ်သန်းရမယ်လို့ တွေးဆပုံဖော် ထားပါ တယ်။

ဒီစာအုပ်ကို “ပင်လယ် စာပေဖြန့်ချိရေး” ၊ ဖုန်း ၀၉ ၇၅၈၂၉ ၀၇၁၆ ကနေ ဖြန့်ချိမှာဖြစ်ပါတယ်။ စာအုပ်တန်ဖိုး ၆၀၀၀ ကျပ်ဖြစ်ပါတယ်။ ဖုန်းဆက်မှာရင် ရန်ကုန်နဲ့ နယ်မြို့များကို ပို့ပေးပါတယ်။

One thought on “ဘယ်ကို သွားမလဲ – ကမ္ဘာကြီးနဲ့လှိုင်သာယာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: