ကျွန်တော် – အလို ၊ ဒီတစ်ခါ မျက်နှာမသာမယာနဲ့ ဘာဖြစ်လာတာတုန်း။
သူငယ်ချင်း- တက်လို့ဟေ့၊ တက်လို့။ ငါ လေးသောင်းနဲ့ ဝယ်နေရတဲ့ မျက်စဥ်းက တစ်ပတ်အတွင်း ခုနှစ်သောင်း ဖြစ်သွားတယ်၊ ဆံပင်ဝင်ညှပ်တော့ ဆံပင်ညှပ်ခ နှစ်ထောင်ထပ်တက်တယ်၊ ဆေးဆိုး တာ ငါးထောင်ထပ်တက်တယ်၊ ခေါင်းလျှော်တာ တစ်ထောင့်ငါးရာထပ်တက်တယ်။ မိန်းမကတော့ ဈေးကပြန်လာရင် ပွစိပွစိနဲ့ ဘယ်သူ့ကို ကျိန်ဆဲနေလဲ မသိဘူး။
ကျွန်တော်- အောင်မာ၊ မင်းတောင်အသံထွက်လာပါလား။ အခြေခံလူတန်းစားတွေ၊ လစာနည်း ဝန် ထမ်း တွေဆို ညည်းရလွန်းလို့ အသံတောင်ဝင်နေပြီ။ ဒီတော့ ညည်းမနေနဲ့ ကိုယ့်လူ၊ မင်းတို့ မိုးနတ်မင်း ကြီး ကြားအောင် ဆုတောင်းပေါ့။
သူငယ်ချင်း- မင်းအတော်ညံ့ပါလား၊ မိုးနတ်မင်းလို နတ်မျိုးက တစ်သက်လုံး ပူဇော်ပသတာပဲ စားလာတာကွ၊ ဝယ်မစားဘူး။ ဒီတော့ ကုန်ဈေးနှုန်းအကြောင်းပြောလို့ ကိုယ်ချင်းမစာတတ်ဘူး၊ ပူဇော်ရမယ့်အချိန်မပူဇော်ရင် ပြဿနာရှာမယ်၊ ပူဇော်တာတောင် အုန်းသီးကြွက်မြီးမတန်းလို့၊ ငှက် ပျောပွဲမလှလို့ ဆိုပြီး ရန်လုပ်သေးတာ။ ဒါပေမဲ့ စောင်မကြည့်ရှုဖို့ ဆိုရင်တော့ သိုက်ဆက်၊ ဘာဆက် ညာဆက်ဆိုပြီး ဆွေတော်မျိုးတော်တွေပဲ မစတာကွ။ ဆက်ပြောရင် လွန်ကုန်မယ်။
ကျွန်တော်- မင်းမိုးနတ်မင်းက “မစ” ရင်သာ လူရွေးတာပါကွာ၊ ဒုက္ခရောက်အောင်လုပ်ရင်တော့ အစိမ်း အကျက်မရွေး လူအားလုံး စိတ်ညစ်အောင် မူးအောင် မော်အောင် လုပ်နိုင်ပါတယ်၊ အခု မင်းတောင် အော်နေရပြီမဟုတ်လား။
ဤတွင်တစ်ခန်းရပ်
One good thing comes out of this stae of despair is seeing less men with jet black hair, which they all look unnatural like Xi Jinping.
LikeLike