ဒီနေ့ နေ့လယ် ၁၂ နာရီ လမ်းမတော်မြို့နယ် ၁၀ လမ်းထိပ် နားမှာ တစ်ပိဿာ ၄၇၅၀ ကျပ် ဈေးနဲ့ စားအုန်းဆီရောင်းချပေး နေတဲ့ မြင်ကွင်း၊
အမှန်တကယ်စားသုံးသူလည်းပါတယ်၊ ရှစ်ထောင်နဲ့ ပြန်ကောက်တဲ့သူရှိတယ်ဆိုပြီး တန်းစီသူ လည်း ပါတယ်။ အခုလိုရောင်းချပေးတာကတော့ ရေတို ကုစားနည်းပဲ ဖြစ်မှာပါ။ ကြိုက်တဲ့ အချိန် ၊ ကြိုက်တဲ့နေရာမှာ အများလက်လှမ်းမီတဲ့ ဈေး နှုန်း နဲ့ ဝယ်နိုင်မှ အမှန်တကယ် ကုန်ဈေးနှူန်း ကျပြီလို့ ပြောနိုင်မှာပါ။
တစ်ချိန်က အစစအရာရာ ရှားပါးတဲ့အတွက် သိမ်ကြီးဈေးအောက်က အစိုးရကုန်တိုက်တွေ၊ သမဝါယမ ဆိုင်တွေမှာ တစ်ခုခု ရောင်းပေးပြီးဆိုတာနဲ့ အပြေးအလွှား တန်းစီကြ၊ အမြတ်တင် ရောင်းကြ ဆိုတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ပြီး “တန်းစီတိုးစား” ဆိုတဲ့စကားလုံးကလည်း ခေတ်စားခဲ့ တယ်။
အဲဒီကာလက အစိုးရကလည်း ကုန်ထုတ်လုပ်မှုမြင့်မားအောင်၊ ဈေးကွက်ထဲမှာ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှခြေရောက်အောင် မလုပ်နိုင်တော့ ကုန်သည်တွေကိုပဲ အပြစ်တင်ပြီး ထစ်ကနဲ ဆို “ ဇူဇကာစစ်ဆင်ရေး” ဆိုပြီး ကုန်သည်တွေကို ဖမ်းတော့တာပဲ။
အခုကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမောင်စူးစမ်းက “ အစိုးရက ကုန်ထုပ်လုပ်မှုကို မကိုင်နိုင်ဘဲ ဖြန့်ချိရေးကို သွားကိုင်နေရင် မြွေကို အမြီးသွားဆွဲနေတာနဲ့တူတယ်” လို့ ဝေဖန်ခဲ့ဖူး တယ်။
မြတ်ခိုင်စကားကို ငှားသုံးရရင် “ တစ်ခါက ဖြစ်ပါသည်” ပေါ့လေ။


Anyman that tries to rob me and my dignity will lose.
by Nelson Mandela
LikeLike