ကျွန်တော် – ငါ ၁၉၉၂ ခုနှစ် မှာ ထုတ်ခဲ့တဲ့ ရဲဘော်သစ်မောင်ရဲ့ ပြည်တွင်းသောင်းကျန်းမှုသမိုင်း စာအုပ်ပြန်ဖတ် နေတယ်။
သူငယ်ချင်း- ကောင်းတယ်။ ဒါမှ ဒီအဖွဲ့တွေ ဘာ့ကြောင့်ပေါ်လာသလဲ၊ ဘယ်သူ့ကြောင့်ပေါ်လာ သလဲဆိုတာ မင်း ပြန်သတိရပြီး လစ်ဘရယ်ရောဂါ နည်းနည်းသက်သာသွားမယ်။
ကျွန်တော်- အေးပါကွာ၊ ဒါနဲ့ အဲဒီစာအုပ် အပိုင်း(၃) စာမျက်နှာ ၂၃ မှာ ၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန် ရေး ကောင်စီအစိုးရတက်လာချိန်မှာ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲ ဝင်နေတာ ဗကပ၊ အလံနီ ကွန်မြူနစ်၊ ကေအင်ယူ၊ ရှမ်းအဖွဲ့ သုံးဖွဲ့၊ ကေအိုင်အေ၊ မွန်ပြည်သစ်၊ ကေအင်န်ပီပီ၊ တရုတ်ဖြူ အကြွင်းအကျန်နဲ့ မူဂျာဟစ်အကြွင်းအကျန် ပဲ ရှိတယ်လို့ ပါတယ်။ အားလုံး ဆယ့် တစ်ဖွဲ့ ပေါ့။
သူငယ်ချင်း – အေးလေ၊ အဲဒါဘာဖြစ်လဲ။
ကျွန်တော် – အခု ဘယ်နှစ်ဖွဲ့ရှိလဲ သိချင်လို့။
သူငယ်ချင်း- မင်းကွာ။
ဤတွင်တစ်ခန်းရပ်။
Who should we blame for breaking up the country? Only one word for that guilty person, Psychopath.
LikeLike