ပပဝတီ တည်းခိုခန်း ရာထူးလေးခုပိုင်ရှင် ကိုအောင်သူက ကျွန်တော်တို့နေရမယ့် အခန်းတံခါးကို ဖွင့်ရင်း “ မနေ့ထဲက ရောက်မယ်ဆိုလို့ အခန်း ပြင် ထားတာ” လို့ ပြောလိုက်တယ်။ သူ့စကား ကို ကြားလိုက်တော့ ကျွန်တော် တို့ အတွက်မှားပြီ ဆိုတာ ချက်ခြင်းသိလိုက်တယ်။ ကျွန်တော်တို့က အမြဲတမ်း မနက် ထွက်တဲ့ကားနဲ့သွားတာဆိုတော့ တည်းခိုမယ့် ရက်တွက် တဲ့ အခါ ကားစစီးတဲ့ ရက်ကို ပါထည့်တွက်ပြီး သုံးညအတွက် အခန်းကြိုမှာထားတာကိုး။ တကယ် တော့ ကားက နောက်နေ့ မနက်မှ မော်တင်စွန်းကိုရောက်တဲ့အတွက် နှစ်ညပဲ အိပ်ရမှာပါ။ အခု တော့ အခန်းခ တစ်ရက်စာ ငါးသောင်းငါးထောင် ပိုပေးရတော့မှာပေါ့။ ကိုယ့်ကို သိတဲ့အတွက် အား နာပြီး နှစ်ညContinue reading “မော်တင်စွန်း (၄)”
Category Archives: Travelogue
ဆည်းဆာ မော်တင်စွန်း
( လင်းခန့်ရဲ့ မေတ္တာကဗျာမှ )
မော်တင်စွန်း (၃)
ငရုတ်ကောင်းတောင် ထမင်းဆိုင်လေး ဘေးမှာ ထိုင်လိုက်၊ ထလိုက်နဲ့ ညကို ဖြတ်သန်းခဲ့ရပြီး မနက် သုံးနာရီခွဲတော့ ကားသမားတွေက ခရီးဆက်ဖို့ ပြင်တယ်။ ခရီးသည်တွေလည်း ခရီး ဆက်ဖို့ အတွက် ကျန်းမာရေးလုပ်ကြတယ်။ ကံထူးအောင်ကားဂိတ်က သန့်စင်ခန်း သန့်ရှင်းရေး ကောင်း သလောက် ကံထူးအောင်ကားနားတဲ့ ထမင်းဆိုင်က သန့်စင်ခန်းတွေကတော့ အဆင်မပြေလှဘူး။ ကျွန်တော်အသုံးပြုခဲ့ရတဲ့ သန့်စင်ခန်းသုံးခန်းတွဲကတော့ သစ်သားခင်း၊ သစ်သားကာ၊ တံခါးက အပြာရောင်မိုးကာစ။ အထဲဝင်ပြီးရင် ကြိုးလေးကို သံချောင်းမှာချိတ်ထားရတယ်။ အပြင်က ရုတ် တရက် ဆွဲဖွင့်တာကို ကာကွယ်နိုင်ဖို့အတွက် အထဲရောက်ရင် သီချင်းဆိုရင်ဆို၊ မဆိုရင် ချောင်း တဟွတ်ဟွတ်ဆိုးနေရတယ်။ အနံ့အသက်ကတော့ ဈေးအိမ်သာ အဆင့်ပဲ။ လေးနာရီအတိမှာ ကားပြန်ထွက်တယ်။ ရွာအထွက်မှာ စစ်ဆေးရေးဂိတ်ရှိပြီး ခရီးသည် စာရင်း ပေးContinue reading “မော်တင်စွန်း (၃)”
အရုဏ်ဦး မော်တင်စွန်း
( ရန်လင်းအောင် ၏ မော်တင်စွန်း နေ့စွဲတစ်ချို့ ကဗျာ ကောက်နှုတ်ချက်)
မော်တင်စွန်း (၂)
ကျွန်တော့်အနားမှာ လာထိုင်တဲ့သူက အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုဒဏ်တွေကြားမှာ လှုပ်ရှားရုန်းကန်နေရသူမှန်း သိသာတဲ့ အသွင်အပြင်နဲ့၊ အထဲ မှာ စပို့ရှပ်ဝတ်ပြီး အပြင်မှာ ဇစ်တပ်ထားတဲ့ ကော်လံပါဆွယ်တာဝတ်ထားတယ်၊ ဆွယ်တာ ကော်လံမှာအဖြူရောင် အစင်းကြောင်းနှစ်ခုပါတယ် ၊ ပုဆိုးက အစိမ်းပုတ်ရောင်ကွက်စိတ်၊ လက်ထဲ မှာ ကွမ်းထုတ် တစ်ထုတ်နဲ့။ အသက်ကလေးဆယ်ကျော် ( နောက်သူပြောတဲ့ အသက်အတိအကျ က ၄၇ နှစ်) ။ ခရီးသွားတို့ ထုံးစံအတိုင်း ဘယ်ကလာလို့၊ဘယ်သွားမလဲကနေ စကားစတာပေါ့။ ကျွန်တော့် ပုံ ကတော့ ရပ်ဝေးဧည့်သည်မှန်းသိသာနေတော့ ဘုရားပွဲသွားမှာလားလို့မေးတယ်။ သူက ရန်ကုန် ဂိတ်က စီးတာမဟုတ်ဘူး။ ဆားမလောက်ကနေ ဖြတ်စီး လာတဲ့သူ၊ ဟိုင်းကြီးကျွန်းကို သွားမှာတဲ့။ သူ့ဇာတိကဟိုင်းကြီးကျွန်းတဖက်ကမ်းကျောက်ကလပ်ကမ်းခြေရှိတဲ့အလယ်ကျွန်း၊နာဂစ် နောက် ပိုင်းContinue reading “မော်တင်စွန်း (၂)”
မော်တင်စွန်း ၁
ဟိုးအရင်ထဲက အငြိမ်းစားဘဝနဲ့ ခရီးတွေသွားတဲ့အခါ ခြေလျင်တောင်တက်ခရီးတွေ သွား သလို ဘုရားပွဲတွေ၊ အခြားဘာသာများရဲ့ ဘာသာရေးပွဲတော်တွေကိုလည်း လေ့လာမယ်လို့ ကြိုတင် စဉ်းစားခဲ့ဖူးတယ်။ အထူးသဖြင့် ဆရာမကြီးလူထုဒေါ်အမာ ရေးတဲ့ ၁၂ ပွဲဈေးသည် တွေ အကြောင်း၊ အညာဘုရားပွဲတွေအကြောင်းဆောင်းပါးတွေကို ဖတ်ပြီး အညာက ဘုရားပွဲ ဈေးတန်းကြီးတွေမှာ ကုန်ပစ္စည်းမျိုးစုံရောင်းကြ၊ ဝယ်ကြ တာကို လေ့လာချင်တယ်၊ ကျေးလက် ဒေသ ဘုရားဖူးတွေ နဲ့ စကားပြောကြည့်ချင်တယ်။ ဒါပေမဲ့ အခုကာလမှာ အညာ ဘုရားပွဲတွေကို သွားဖို့ ဆို တာမလွယ်လှဘူး။ ဒါ့ကြောင့် သွားလို့ရနိုင်တဲ့ဘုရားပွဲတွေကို သွားမယ်လို့ ဆုံးဖြတ်ပြီး မော်တင်စွန်း ဘုရားပွဲကို သွားဖို့ ရွေးချယ်ခဲ့တယ်။ မော်တင်စွန်းဘုရားပွဲကို သွားဖို့ရွေးတာက ဘုရားပွဲကို လေ့လာချင် တာလည်း ပါတယ်။ နောက်ပြီးContinue reading “မော်တင်စွန်း ၁”
ဆိုင်ကယ်စီးပြီး ခရီးနှင်
စက်ဘီးတစ်စီးနဲ့ အိမ်တိုင်ရာရောက် ပစ္စည်းပို့တဲ့ လူငယ်လေးတွေကို ကိုယ်ချင်းစာ မိတယ်။ ဒါတောင် ကိုယ်က ဆိုင်ကယ်နောက်ကထိုင်စီးရတာပါ။ ၂၆ ဖေဖော်ဝါရီ ၂၀၂၃
လေသာဆောင်
ဝရန်တာ (Veranda) ဆိုတာ အင်္ဂလိပ်ဝေါဟာရကနေ တိုက်ရိုက်မွေးစားထားတဲ့စကားလုံးပါ။ မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ် – မြန်မာ အဘိဓာန်မှာတောင် “ Veranda” – ဝရန်တာ လို့ပဲ အနက်ပေးထားတာကို တွေ့တယ်။ ကျွန်တော်တို့အားလုံးကလည်း “ ဝရန်တာ” လို့ ပြော လိုက်တာနဲ့ အိမ်အပြင်မှာ ထုတ်ထားတဲ့ လက်ရန်းပဲရှိတဲ့ ဟင်းလင်းဖွင့်နေရာလေးဆိုတာ နားလည်ပြီးသားဖြစ်နေပါပြီ။ မြို့ပြက တိုက်ခန်းတွေမှာ ဝရန်တာပါခဲ့ရင် အဲဒီနေရာလေးဟာ အပန်းဖြေဖို့ပန်းခြံငယ်လေး အဖြစ် ရှိနေတတ်တယ်။ ပန်းအိုးလှလှလေးတွေရှိမယ်။ ထိုင်ခုံသေးသေးလေးတွေရှိမယ်။ ဒီနေရာလေး မှာ မနက်စော စော ကော်ဖီတစ်ခွက်နဲ့ ၊ ညနေစောင်းမှာ အဖျော်ယမကာလေးနဲ့ အပန်းဖြေ လို့ရတယ်။ မိသားစု ဖြစ် ဖြစ်၊ မိတ်ဆွေသူငယ်ချင်းနဲ့ ဖြစ်ဖြစ် အေးအေးဆေးဆေး စကားContinue reading “လေသာဆောင်”
သံလွင်ဆည်းဆာ
ဘားအံရောက် ဧည့်သည့်အတော်များများက ဘားအံနေဝင်ဆည်းဆာကို ကြာအင်းတောင်ပေါ် က နေ ဓာတ်ပုံရိုက်တာများပါတယ်။ ဒါပေမယ့် သံလွင်မြစ်ကမ်း သောင်ပြင်ကနေ ရိုက်ရင်လည်း မတူ ကွဲပြားခြားနားတဲ့ နေဝင်ဆည်းဆာအလှကို မြင်ရပါတယ်။
ဇွဲကပင် ခရီးစဉ် (၆)
ဇွဲကပင်တောင်ကို အောင်အောင်မြင်မြင် တက်ပြီးတက်အချိန်မှာ ဘားအံခရီးစဉ် ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် နောက်နေ့ပြန်ဖို့ စီစဉ်တယ်။ တောင်ပေါ်က ဆင်းလာတဲ့နေ့ကိုတော့ ပေါ့ပေါ့ ပါးပါး ပဲဖြတ်သန်းလိုက်တယ်။ ဟိုတယ်မှာနားတယ်၊ ညနေစောင်း သံလွင်မြစ်ကမ်းခြေကို ဆင်းပြီး နေ ဝင် ဆည်းဆာချိန် ဓာတ်ပုံရိုက်တယ်။ ညစာကိုတော့ မြို့ခံမိတ်ဆွေတစ်ယောက်က ကျွေးတယ်။ ရန်ကုန်အပြန်အတွက် ကားလက်မှတ်ဝယ်တဲ့အခါ မြဝတီက ထွက်တဲ့ နာမည်ကြီးကားလိုင်း တွေ ရှိပေမယ့် ဘားအံကို မနက် ၁၁ နာရီမှရောက်တဲ့အတွက် ညောင်ခါးရှည်မှာ ကြာနေရင် ရန်ကုန် ဝင် ချိန် နောက်ကျနိုင်လို့ ဘားအံက ထွက်တဲ့ ကားကိုပဲဝယ်လိုက်တယ်။ တစ်ယောက် တစ်သောင်း နှစ် ထောင်၊ အလာတုန်းကထက်သက်သာတယ်။ ကားကို ဟိုတယ်ရှေ့ကပဲစောင့်စီးတယ်။ ကားရောက်လာလို့ ပစ္စည်းတင်မယ်ဆိုတော့ ပုံမှန် ပစ္စည်းContinue reading “ဇွဲကပင် ခရီးစဉ် (၆)”