ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ ကဘူးလ်လေဆိပ် ဗုံးခွဲ တိုက်ခိုက်မှုမှာ ( အခု ဆောင်းပါးရေး ချိန် အထိ CNN oသတင်းအရ ) အမေရိကန် စစ်သည် ၁၃ ဦးနဲ့ အာဖဂန်ပြည်သူ ၁၇၀ ကျော်သေ ဆုံး၊ အမေရိကန်စစ်သည် ၁၈ ဦးနဲ့ အာဖဂန်ပြည်သူ နှစ်ရာ နီးပါး ဒဏ်ရာရခဲ့တယ်။ အမေရိကန် စစ်သည်တွေ ကျဆုံးမှုဟာ ပြီးခဲ့တဲ့ ၁၈ လ အတွင်း ပထမဆုံး အမေရိကန်စစ်သည်တွေ ကျဆုံးမှုဖြစ်တယ်။ ဒီအဖြစ်အပျက်က အမေရိကန် စစ်သည်တွေ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ မဖြစ်အောင် အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာ လိုက်တာဖြစ်တယ်လို့ အကြောင်းပြခဲ့တဲ့ သမ္မတ ဘိုင်ဒန်အတွက် အရှိုက်ထိုးခံလိုက်ရတဲ့ အဖြစ် အပျက်ပဲ။Continue reading “ထရမ့် ၊ ဘိုင်ဒန် နဲ့ တာလီဘန်”
Tag Archives: Afghanistan
အမေရိကန်အတွက် အာဖဂန် သင်ခန်းစာ
အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အောင်ပွဲခံပြီးနောက် အမေရိကန်နဲ့ အပေါင်းအပါတွေက သူတို့ နိုင်ငံ သားတွေ၊ သူတို့နဲ့လက်တွဲလုပ်ခဲ့တဲ့ အာဖဂန်နိုင်ငံသားတွေကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ဖို့ အသည်းအသန်ကြိုးစားနေချိန်၊ ကဘူးနိုင်ငံတကာလေဆိပ်ထဲကို ဝင်ခွင့်ရဖို့ ကြိုးစားနေသူ တွေနဲ့ ကသောင်းကနင်းဖြစ်နေချိန်မှာ အာဖဂန်နစ္စတန် ကျဆုံးခန်းအတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်မှာ တာဝန်ရှိတယ်ဆိုတဲ့ ဝေဖန်သံတွေ ဆူညံလာတယ်။ အမေရိကန်သမ္မတ ဘိုင်ဒန်ကတော့ အဲဒါကို လက်မခံဘူး။ အာဖဂန်မှာ တာလီဘန်တွေ လွယ် လွယ်နဲ့ အာဏာပြန်ရသွားတာဟာ ( ပြုတ်ကျသွားတဲ့ ) အာဖဂန် အစိုးရနဲ့ အာဖဂန် ပြည်သူ တွေမှာပဲ တာဝန်ရှိတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက နိုင်ငံတည်ဆောက်ရေး၊ အာဖဂန် တပ်မတော်ဖွဲ့စည်းရေးအတွက် နှစ်နှစ်ဆယ်လောက် ကူညီပေးခဲ့ပြီးပြီ၊ အာဖဂန်တွေက သူတို့ ကိုယ်သူတို့ မကာကွယ်နိုင်ဘူးဆိုရင်Continue reading “အမေရိကန်အတွက် အာဖဂန် သင်ခန်းစာ”