ပုဂံ အလှ နဲ့ ဘ၀ (၁၄)

ကျောက်ဂူ ဥမင် ပုဂံမှာ ကျောက်နဲ့ ဆောက်ထားတဲ့သာသနိက အဆောက်အအုံ အလွန်နည်းပါတယ်။ အဓိက အားဖြင့် ရွှေစည်းခုံ၊ နန်းဘုရား၊ ကျောက်ဂူဥမင် နဲ့ ၊ တုရင်တောင်ခြေက ပိဋကတ်တိုက် လေးခုပဲ ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ၁၉ ၉ ၄ နိုဝင်ဘာလမှာထုတ်ဝေခဲ့တဲ့ ပုဂံဘုရားပုထိုး များ ( ပထမတွဲ) မှာဖော်ပြထားတယ်။ ကျောက်ဂူဥမင်က ညောင်ဦးမြို့ရဲ့ အရှေ့ဘက် နှစ်မိုင်ကျော်မှာရှိတယ်။ ကျောက်ဂူ ဥမင်ကို သွားတဲ့သူအများစုက ညောင်ဦး – မြင်းခြံ ကားလမ်းဘက်က သွားတယ်။ ကျွန်တော်ကတော့ ဧရာဝတီမြစ်ဘက်ကနေ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ပုဂံကနေ ညနေ သုံးနာရီခွဲကျော်ကျော် လောက် ထွက်မယ်၊ အပြန်မှာ ပုဂံ နေဝင်ဆည်းဆာကို မြစ်ထဲကနေ ကြည့်မယ်ပေါ့။ ကျောက်ဂူဥမင်ကိုContinue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၄)”

ပုဂံ အလှ နဲ့ ဘ၀ (၁၃)

ရွှေဥသြ ရွှေစည်းခုံစေတီတော်စောင်းတန်းလေးဘက်ကို လှည့်ပတ်ကြည့်ရင်း ခြံဝင်းအဝမှာ ရွှေဥသြ ပုန်းရည်ကြီးလို့ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုတွေ့တယ်။ ခြံထဲမှ စွတ်ကျယ် ချိုင်းပြတ်၊ မျက် မှန်နဲ့ ကိုယ်လုံးပြည့်ပြည့်လူတစ်ယောက်တွေ့တယ်။ သူ့နောက်ဘက်က ဂိုဒေါင်လို အဆောက်အအုံ ထဲ မှာ မီးဖိုတွေ၊ ဒယ်အိုးတွေနဲ့ ပုန်းရည်ကြီးကျိုနေတာကို လှမ်းမြင်နေရတယ်။ အလုပ်ရုံထဲ ဝင်ကြည့်လို့ရလားဆိုပြီးခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ မေးသမ ျှလည်း ဖြေပေး ပါတယ်။ သူ့နာမည်က ကိုအောင်ဇော်မင်းတဲ့။ လက်ရှိ ဦးစီးလုပ်ကိုင်နေတဲ့သူပေါ့။ ဒီလုပ်ငန်း က ၁၉ ၆၄ ခုနှစ်မှာ မိဘတွေက စလုပ်ခဲ့တာ။ တကယ်တော့ အဖေ့ဘက်က မိဘတွေက ယွန်းထည် လုပ်ငန်းလုပ်တာ၊ အမေ့ဘက်က မိဘတွေက ပန်းထိမ်လုပ်ငန်းလုပ်တာ။ သားသမီးတွေကို အိမ် ထောင်ချပေးပြီးတဲ့အခါ လုပ်ငန်းတစ်ခုလုပ်ဆိုပြီး ပုန်းရည်ကြီးလုပ်ငန်းကို ထူထောင် ပေး ခဲ့တယ်။Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၃)”

ပုဂံ အလှ နဲ့ ဘ၀ (၁၂)

ရွှေစည်းခုံ ကျွန်တော်ပုဂံမှာ ရှိနေဆဲမှာပဲ ဘုရားဖူးဧည့်သည်တွေအလာများတဲ့ ဘုရား ၁၇ ဆူကို ဝင်ခွင့်ပိတ် တဲ့ အကြောင်း ကြေညာခဲ့တယ်။ ဂေါပကတွေကို ခေါ်အသိပေးတာက ဇူလိုင် ၂၈ ည ဆိုတော့ ဇူလိုင် ၂၉ မနက်မှာ ဒီသတင်းက အတော်ဂယက်ရိုက်သွားတယ်။ ကိုဗစ်ကြောင့် ခရီးသွားဧည့်သည်မရှိတဲ့အချိန်မှာ အခုလို ရုံးပိတ်ရက်ရှည်ဆိုတာ ဒေသခံတွေ အတွက် အသက်ကယ်ဆေးပဲ။ ဒါပေမယ့် ဘုရားတွေကို ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး အစီအစဉ် တွေနဲ့ ဖူးခွင့်ရအောင် စီစဉ်ပေးမယ့်အစား လုံးဝပိတ်ချလိုက်တာက ဒေသခံတွေအတွက် အခက် အခဲအများကြီး ဖြစ်သွားတယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ ဂေါပကတွေအတွက်ကတော့ လုံး၀ ပိတ်လိုက်တာဟာ အလုပ်ရှုပ်အသက်သာဆုံးနည်းလမ်းဖြစ်ပေမယ့် ပန်းရောင်းတဲ့ကလေးကနေ ဟိုတယ်ပိုင်ရှင်အထိ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်နေသူတွေအတွက်ကတော့ အရှိုက်ထိုးခံရ တာပဲ။ ကျွန်တော်လည်းContinue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၂)”

ပုဂံ အလှ နဲ့ ဘ၀ (၁၁)

သပြေရိပ် ပုဂံ ကျောက်ပန်းတောင်း ကားလမ်းဘေးက ထန်းရည်တဲကြီးတွေ နာမည်ကြီးပေမယ့် တစ်ခေါက်မှ မရောက်ဖြစ်ဘူး။ ဒီတစ်ခေါက်တော့ သွားဖြစ်အောင်သွားမယ်လို့ဆုံးဖြတ်ခဲ့ တယ်။ ကျွန်တော့်လမ်းညွှန်သူ ကိုဇော်ကြီးကတော့ စိတ်ပါလက်ပါမရှိလှဘူး။ ဒါပေမယ့် ကောင်းရင် လည်း ရေးမယ်၊မကောင်းရင်လည်း မကောင်းတဲ့အကြောင်းရေးမယ်ဆိုပြီးရောက်သွားခဲ့တယ်။ ပုဂံဒေသမှ စားသောက်ဆိုင်များ ( ၁၁ သြ ၂၀၁၈) ပို့စ်မှာ အညာလက်ဆောင် နဲ့ ပိုင်ထန်းတဲ ဆိုင်နှစ်ဆိုင်ကို ညွှန်းထားတော့ ပိုင် ထန်းတဲကို သွားဖို့ရွေးခဲ့တယ်။ အဲဒီလမ်းတစ်လေ ျှာက် မှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ထန်းရည်ဆိုင်ကြီးတွေအများကြီးရှိတယ်။ အညွှန်းအရ ပိုင် ထန်းရည်တဲ က ဘူးသီးကြော်ကောင်းတယ်ဆိုလို့ ရွေးခဲ့တာပါ။ ပိုင်ထန်းတဲက တစ်ချို့ဆိုင်တွေလို နှစ်ထပ်တွေ၊ လင့်စင်တွေမတွေ့ဘူး။ (နောက်ထဲမှာ ရှိ/မရှိ တော့ မသိဘူး။ ) ရှေ့ပိုင်းကတော့Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၁)”

ပုဂံ အလှ နဲ့ ဘ၀ (၁၀)

ပုံပြောသူ “သားသားနာမည်က ထက်ကြည်လေ၊ ဒီမြင်းကပါရွာမှာနေတာလေ၊ ဒီဘုရား သမိုင်းကြောင်း ပြောပြမယ်လေ။ မနူဟာ ဘုရင်ကြီးဆီမှာဆို ပိဋကသုံးပုံ ရှိတယ်လေ။ အဲဒီပိဋက သုံးပုံကို အနော် ရထာ ဘုရင်ကတောင်းခံခဲ့တယ်လေ။ တောင်းခံခဲ့တဲ့အချိန်အခါမှာ သထုံ ဘုရင်က မပေးဘူးလေ။ မပေး ခဲ့တဲ့အတွက်ကြောင့် သထုံနဲ့ ပုဂံနဲ့ စစ်ထိုးကြတယ်လေ။ သထုံမင်းကြီး ဒီစစ်ကြီး ရှုံးသွား တယ် လေ။ စစ်ရှုံးသွားတော့ ပုဂံပြည်ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လေ။” မနူဟာဘုရားဘေး ဘုန်းကြီးကျောင်းဝင်းထဲက တမာပင်ရိပ်ကွပ်ပျစ်မှာ ကျွန်တော်တို့ နှစ်ယောက် ထိုင်နေကြတယ်။ ပုံပြောသူဟာ ရှပ်အင်္ကျီကတုံး၊ ချည်ချောပုဆိုးကွက်စိတ်၊ လွယ်အိတ်အနီ ကို စလွယ်သိုင်းလွယ်ထားတယ်။ အင်္ကျီက ဆိုက်ကြီးနေတော့ ပွပွ၊ အင်္ကျီ လက်ကိုလည်း အထပ် ထပ်ခေါက်ထားရတယ်။သူ့မျက်နှာမှာသနပ်ခါးအဖွေးသားနဲ့၊ လည်ပင်းမှာကျောက်နက်တုံး လေး ဆွဲထားတယ်။ကျားတစ်ကောင်ပုံနဲ့Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၀)”

ပုဂံ အလှ နဲ့ ဘ၀ (၉ )

နတ်ရေကန် နတ်ရေကန်ဆိုတာ တုရင်တောင်နဲ့တစ်ဆက်တည်းရှိနေတဲ့ သက်စိုးတောင်စောင်းက သဘာ၀ ကျောက်ရေကန်ကို ခေါ်တာဖြစ်ပါတယ်။ ညောင်ဦး- ကျောက်ပန်းတောင်းကားလမ်း အတိုင်း သွားရင် တုရင်တောင်ဘုရားပေါ်တက်တဲ့လမ်းခွဲကို အရင်တွေ့မယ်၊ အဲဒီလမ်းခွဲ အတိုင်းမသွားနဲ့။ တုရင်တောင်ပေါ်ကနေ သက်စိုးတောင်ကို သွားလို့ရပေမယ့် ခရီးဝေး တယ်။ တောင်ပေါ် က ဆင်းပြီး ပြန်တက်နေရမယ်။ ဘုရားလမ်းခွဲကျော်သွားရင် တုရင်တောင် ကျောင်း ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်ရယ်၊ မုခ်ဦးရယ်တွေ့မယ်။ အဲဒီ လမ်းအတိုင်းဝင်သွားရင် သက်စိုးတောင်ခြေကို ရောက်မယ်။ လ ျှပ်စစ်ဘီးနဲ့ဆိုရင်တော့ တောင်ပေါ်တက်လို့မရဘူး။ တောင်ခြေဇရပ်မှာ ထားခဲ့ပြီး ကားလမ်း အတိုင်း လမ်းလေ ျှာက်တက်ရမယ်၊ ကား/ဆိုင်ကယ်နဲ့ ဆိုရင် တောက်လေ ျှာက်မောင်း တက် သွား လို့ရတယ်။ ကားလမ်းအတိုင်း ကိုက်နှစ်ရာလောက်တက်ရင် ဘယ်ဘက်မှာ တုရင်Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၉ )”

ပုဂံ အလှ နဲ့ ဘ၀ (၈)

ဆယ်တင်ပေးသူများ ပုဂံ – ချောက်ကားလမ်းမှာရှိတဲ့ ဘုရားတွေကို လေ့လာမယ်ဆိုပြီး ထွက်ခဲ့တာ လောကနန္ဒာ ဘုရားကို လွန်လာတော့ လမ်းဘယ်ဘက်မှာ မီးခိုးတွေအူနေတဲ့ အမှိုက်ပုံတွေကို တွေ့တယ်။ ကျီးကန်းတွေက လောလောလတ်လတ်ပုံထားတဲ့ အမှိုက်တွေကြားမှာ အစာရှာလို့။ ဒါနဲ့ပဲ ရှေးဟောင်းမြို့တော်ထဲကနေ ဘယ်လိုခေတ်သစ်အမှိုက်တွေ ထွက်လာသလဲဆိုတာ သိရအောင် အမှိုက်ပုံထဲကို ချိုးဝင်ခဲ့တယ်။ အမှိုက်ပုံတွေကြားကထနောင်းပင်တွေအောက်မှာ ပလတ်စတစ်ခုံအဟောင်းတွေနဲ့ ကလေး တစ်သိုက် ထိုင်နေကြတယ်။ အငယ်ဆုံးလေးတစ်ယောက်က ရှေ့ဘီးမရှိတော့တဲ့ ကစားစရာ ကားလေးပေါ် မှာ ဆော့နေတယ်။ ပတ်ဝန်းကျင်မှာတော့ အမှိုက်ပုံတွေ၊ ပုလင်းခွံ၊ ဘူးခွံတွေ၊ ဝါးစားပွဲပေါ်မှာ သောက်ရေအိုးတစ်လုံး ၊ ရေသန့်ဘူးကြီးအခွံတွေ၊ တိုလီမိုလီပစ္စည်းတွေ တင်ထားတယ်။ ဒီမှာ နေတဲ့သူတွေရဲ့ အလုပ်စားပွဲထင်တယ်။ အမှိုက်တွေကတော့ ၂၁ ရာစု အမှိုက် ဘူးခွံတွေ၊ ဖော့ဘူးတွေ၊Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၈)”

ပုဂံ အလှ နဲ့ ဘ၀ (၇)

ဝေဒနာမြင်းလှည်း “မြင်းလှည်းတွေကတော့ လုပ်ငန်းတစ်ခုပေါ်လာလိုက် “အ” သွားလိုက်ပါပဲ။ အရင်က လူ လည်း ပို့၊ ညောင်ဦးဘက်ကို ကုန်လေးဘာလေးလည်းပို့ပေါ့။ ထွေလာဂျီတွေပေါ်လာတော့ ကုန်မပို့ရ တော့ ဘူး။ ဧည့်သည်တွေများလာလို့မောင်းကောင်းတုန်း အီးဘိုက်ပေါ်လာတော့ “အ”သွားပြန် ရော၊ အခု တုတ်တုတ်တွေပေါ်လာတော့ ငုတ်တုတ်မေ့တော့တာပဲ” မြင်းလှည်းဆရာလေးက လေသံပျော့ပျော့လေးနဲ့ ရှင်းပြနေတယ်။ မြင်းလှည်းမောင်းတာ ခြောက် နှစ်ရှိပြီ၊ ဆယ်တန်းစာမေးပွဲကျတော့ စားသောက်ဆိုင်မှာ ခဏဝင်လုပ်တယ်။ နောက်တော့ အဘက အသက်ကြီး ၊မျက်စိလည်းမှုန်လာတော့ မြင်းလှည်းမောင်းလို့ မကိုက်တော့ဘူး၊ ဧည့် သည်တွေ ဘာတွေ စပ်တာလည်း အဆင်မပြေတော့ဘူး။ ဒါ့ကြောင့် မြင်းလှည်းပေါ်တက်လိုက် တာ လို့ ပြောပြတယ်။ အရင်ကတော့ ပုဂံရောက်ဧည့်သည်တွေဟာ စက်ဘီးငှားစီးရင်စီး၊မစီးရင် မြင်းလှည်းစီးပေါ့။ အခု တော့ အီးဘိုက် တစ်စီးContinue reading “ပုဂံ အလှ နဲ့ ဘ၀ (၇)”

ပုဂံ အလှ နဲ့ ဘ၀ (၆)

ဘဝဈေး ခရီးသွားတဲ့အခါ မြို့တစ်မြို့ကို ရောက်ရင် အဲဒီမြို့ရဲ့ မနက်ဈေးကို သွားနိုင် ဖို့ ကြိုးစား သင့်တယ်။ မနက်ဈေးဟာ လူစုံတယ်၊ ရင်ခုန်ဖို့ကောင်းတယ်။ ဈေးသည်၊ ဈေးဝယ်တွေကို ကြည့် ပြီး ဒေသရဲ့လူမှုစီးပွားအခြေအနေကို ခန့်မှန်းနိုင်တယ်။ ဒေသအစားအစာလေးတွေ မြင် ရတယ်။ စားနိုင်တယ်။ ဒါ့ကြောင့် ညောင်ဦးရောက်ခိုက် ဘုန်းဇင်ဈေးကို အရောက်သွားခဲ့တယ်။ ဘုန်းဇင်ဈေးက မဏိ စည်သူဈေးကြီးဘေးက ကွက်လပ်မှာရောင်းတာပါ။ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ မဏိစည်သူ ဈေး ကို ပြန်လည်ပြုပြင်တော့ ဒီကွက်လပ်မှာ ယာယီဈေးဖွင့်ခဲ့တယ်။ မဏိစည်သူဈေးပြီးသွားတော့ ဒီနေရာမှာ အခွန်လွတ်ဈေးအဖြစ်နဲ့ ကျန်ခဲ့တာလို့ဆိုတယ်။ ဒီဈေးမှာ ဈေးကောက်နှစ်ရာကျပ်ပဲပေးရတယ်။ ဆိုင်ခန်းခမရှိဘူး။ ဈေုးရုံထဲမှာ ခင်းရောင်းတဲ့ သူတွေရှိသလို ဈေးရုံဘေး ကွက်လပ်မှာလည်း ခင်းရောင်းကြတယ်။ ဈေးအပြင်Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၆)”

ပုဂံ အလှ နဲ့ သဘာ၀ (၅)

ဆည်းဆာ ပုဂံ နေဝင်ဆည်းဆာအလှက ပုဂံရဲ့ အဓိက ဆွဲဆောင်မှုတွေထဲက တစ်ခုပေါ့။ တစ်ချိန် ကတော့ နေဝင်ဆည်းဆာအလှကို စေတီတွေပေါ်ကနေ ကြည့်ရှုခံစားခဲ့ကြတယ်။ ကန့်သတ် ချက်မရှိဘူး။နောင်တော့ တစ်ဖြေးဖြေးနဲ့ အပေါ်တက်ခွင့်ရတဲ့စေတီတွေနည်းနည်းလာတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ငလျင်ဒဏ်ကြောင့် ပုဂံဒေသက စေတီ ပုထိုးတွေ ထိခိုက် ခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်နေ့ကစပြီးဘုရားတွေပေါ်ကနေ နေဝင် ဆည်း ဆာကြည့်ရှုတာကို လုံးဝပိတ်ပင်ခဲ့တယ်။ အဲဒီအစား နေဝင်ဆည်းဆာကို ကြည့်ဖို့ဆိုပြီး ရှေးဟောင်းသုတေသနဌာန အစီအစဉ်နဲ့ လူလုပ်ကုန်း လေးခုကို တည်ဆောက်ပေးခဲ့တယ်။ ဒါပေမယ့်လည်း ပြဿနာကပြေလည်မသွားဘူး။ လူလုပ်ကုန်းတွေက ရှေးဟောင်းရေကန် တွေ ကို ပြန်တူးပြီးတည်ဆောက်တာဖြစ်တဲ့အတွက် ဝေဖန်ခံရသလို ရှေးခေတ်မြို့ပြမြင်ကွင်းကို ပျက်စီးစေ တယ်လို့ ပညာရှင်တွေဘက်ကထောက်ပြတာလည်းရှိတယ်။Continue reading “ပုဂံ အလှ နဲ့ သဘာ၀ (၅)”