လ ျှပ်တစ်ပြက် ဘဏ်

အသုပ်စုံသည်လေးဟာ စတီးဇလုံထဲက မုန့်ဖတ်တွေကို တစ်ခါသုံးလက်အိတ်စွတ်ထားတဲ့ လက်နဲ့ အားပါး တရ နယ်နေတယ်။ ဆိုင်ရှေ့ ခွေးခြေခုံတွေမှာ အမျိုးသမီးလေးယောက်ထိုင်နေတယ်။ ၀၀ဖိုင့်ဖိုင့် တစ်ယောက်နဲ့ ပိန်ပိန် သွယ်သွယ်တစ်ယောက်က တစ်ဖွဲ့၊ အဒေါ်ကြီးတစ်ယောက်နဲ့ သူ့သမီးအရွယ် အမျိုး သမီးငယ်လေးက တစ်ဖွဲ့၊ အဒေါ်ကြီးနဲ့ သူ့အဖော်က အသုပ်စုံစားပြီးလို့ ဟင်းခါးကို ဇိမ်ခံ သောက်နေတယ်။ ငြုပ်ကောင်းများများ၊ အချိုမှုန့်များများနဲ့ ဟင်းခါးဟာ အဟာရတန်ဖိုးအရ အနှစ်သာရ မရှိပေမယ့် မိုးအေးအေး အသုပ်စုံစပ်စပ်နဲ့ လိုက်ဖက်ခံတွင်းတွေ့တာတော့ အမှန်ပဲ။ မူလတန်ဖိုးမရှိပေမယ့် အခြေအနေအချိန်အခါကြောင့် တန်ဖိုးတက်သွားတတ်တာကလည်း လောက သဘာဝပဲ။ ၀၀ဖိုင့်ဖိုင့်အမျိုးသမီးကတော့ အသုပ်စုံသည်လေးကို မန်ကျည်းရေ နည်းနည်းထပ်ထည့်၊ ပဲမှုန့် ထပ်ထည့်ဦး၊ ငြုပ်သီးလျော့ စသည်ဖြင့် ညွှန်ကြားနေတယ်။ သူတို့ နှစ်ယောက်ပြောဆိုနေပုံ အရတော့ ဒီအမျိုးသမီးနဲ့Continue reading “လ ျှပ်တစ်ပြက် ဘဏ်”