ဗိုလ်ချုပ်ဈေး

ဗိုလ်ချုပ်ဈေး (အရင်က စကော့ဈေး) ဆိုတာ ရန်ကုန်ရဲ့ အသည်းနှလုံးပဲ။ လမ်းစဉ်ပါတီခေတ် ကုန်တိုက်ကြီးတွေမရှိတဲ့အချိန်မှာ ဗိုလ်ချုပ်ဈေးဟာ ဈေးဝယ်ဖို့၊ သူငယ်ချင်းတွေ ဆုံဖို့၊ မျက် စိ စားပွဲထိုင်ဖို့၊ ရင်ခုန်သံတွေ စည်းချက်ညှိဖို့နေရာ။ စနေနေ နေ့တစ်ဝက် ရုံးပိတ်တဲ့ အဲဒီခေတ်မှာ စနေနေ့လယ်ဆို ရင် ဗိုလ်ချုပ်ဈေးကို သွားကြ၊ တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့ ဗိုလ်ချုပ်ဈေးမှ ချိန်းမှ ခေတ်မီတာလေ။ ဒီလိုနဲ့ “ ဗိုလ်ချုပ်ဈေး စနေနေ့ လည်လည်သွားကြ၊ မြင်မြင်ခြင်းဆိုပါတော့ မင်းကိုချစ်တယ်။” “ဗို်လ်ချုပ်ဈေး ပေါင်ချိန်စက် ပေါင်ချိန်တော့ ဟောတဲ့အကြောင်းလေး အချစ်ရေးမကောင်းနိုင်ဘူး” စသည်ဖြင့် သီချင်းထဲတောင် ထည့်ရေးရအောင် ရေပန်းစားခဲ့တယ်။ ပြည်ပက သွင်းကုန်တွေကို ကန့်သတ်ထားတော့ သဘောၤာသားတွေ သယ်လာတဲ့ အလှပြင် ပစ္စည်း၊ အဝတ်အထည်၊ ဖက်ရှင်အဆင်တန်ဆာတွေဆိုတာလည်းContinue reading “ဗိုလ်ချုပ်ဈေး”