တစ်ခါတစ်လေအတိတ်မှာပဲနေတာကောင်းတယ်

မနေ့က ရေးခဲ့တဲ့ ချင်းတွင်းခရီးစဉ် ၂၀၁၁ မှာ ချင်းတွင်းမြစ် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေတဲ့ အကြောင်း တိုက်ရိုက်မရေးနိုင်လို့ သွယ်ဝိုက်ပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့တဲ့ အကြောင်း ပြောခဲ့ပါ တယ်။ အခု အဲဒီဆောင်းပါးကို မဖတ်ရသေးသူများ ဖတ်နိုင်ဖို့ အတွက်မ ျှဝေလိုက်ပါတယ်။ ဆောင်းပါး ကို ၂၀၁၁ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။ တစ်ခါတစ်လေအတိတ်မှာပဲနေတာကောင်းတယ် ကျွန်တော့်ဖခင်က ၁၉၆၇ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ချင်းတွင်းမြစ်ဖျားက ခန္တီးမြို့မှာ တာဝန် ကျပါတယ်။ တပ်ရင်းမှူး ဖြစ် တဲ့အတွက်ခရိုင်လုံခြုံရေးနဲ့အုပ်ချုပ်မှု ကော်မတီဥက္ကဌ တာဝန်ယူရတယ်။ အဲဒီတုံးက နာဂတောင်တန်းမှာရော၊ ချင်းတွင်းမြစ် တစ်လျှောက်မှာရော လူနေနည်းပါးပါသေးတယ်။ ကျွန်တော်ဖခင်တာဝန်ယူရတဲ့နယ်မြေကချင်းတွင်းမြစ်အတိုင်းဆိုရင်ဟုမ္မလင်းအောက်ဖက် သောင်သွတ် ကနေ ချင်းတွင်းမြစ်ဖျား ဘီလူးမုန်းရွာအကျော်၊ ကချင်Continue reading “တစ်ခါတစ်လေအတိတ်မှာပဲနေတာကောင်းတယ်”

ချင်းတွင်း ခရီးစဉ် ၂၀၁၁

၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ချင်းတွင်းမြစ်ဖျား ခန္တီးမြို့ကနေ ကနီ မြို့ အထိ ချင်းတွင်းမြစ်အတိုင်း စက်လှေနဲ့ စုံဆင်းခဲ့ဖူးတယ်။ အဲဒီခရီးဟာ ကျွန်တော့်ကို ခရီးသွားဆောင်းပါးတွေ၊ အက်ဆေး တွေရေးဖြစ်အောင်လှုံ့ဆော်ပေးတဲ့ခရီးစဉ်ဖြစ်သလို ချင်းတွင်းမြစ်ရိုးမှာ နောက်တစ်ကြိမ် အဲဒီလို သွားနိုင်ဖို့ မလွယ်တော့တဲ့အတွက် ဘဝမှာ အမှတ်တရ အဖြစ်ဆုံး ခရီးစဉ်လို့လည်း ပြောလို့ ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်တဲ့အတွက် ချင်းတွင်းမြစ်ရိုးတစ်လေ ျှာက်မှာ ရှိတဲ့ မြို့နယ်ရုံး တွေ၊ ကျေးရွာစာကြည့်တိုက်တွေကို လိုက်လံစစ်ဆေးဖို့ စီစဉ်ခဲ့တယ်။ အဲဒီလို စစ်ဆေးတဲ့အခါ ခရီးသည်တင်မော်တော်နဲ့ သွားရင် မြစ်ရိုးက ရွာတွေကို ဝင်ကြည့် ဖို့ မလွယ်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ၊ ပဲ့ထောင်စက်လှေတစ်စီးငှားမယ်။ တစ်မြို့ပြီးContinue reading “ချင်းတွင်း ခရီးစဉ် ၂၀၁၁”