ဒီမိုကရေစီ နဲ့ မီဒီယာ

မတ်လ ၈ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက မဇ္ဈိမ၊ ခေတ်သစ်မီဒီယာ၊ 7 Day ၊ DVB နဲ့ Myanmar Now တို့ကို ထုတ်ဝေခွင့်ပိတ်သိမ်းလိုက်ကြောင်းကြေညာတာကို တွေ့ရတော့ စိတ် မကောင်းဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဝင်တွေထဲမှာ ကျွန်တော်ဟာ မီဒီယာတွေရဲ့ ဝေဖန်တိုက်ခိုက်မှု အများဆုံးခံခဲ့ရတဲ့သူဖြစ်ပါတယ်။ သတင်း/ သတင်းဆောင်းပါး/ ကာတွန်းနဲ့ ဝေဖန်ခံရရုံတင် မဟုတ် ပါဘူး၊ သတင်းသမားတစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်တွေကနေ ပုဂ္ဂိုလ်ရေး အရ ဝေဖန် တိုက်ခိုက် တာလည်းခံရဖူးပါတယ်။ ကျွန်တော်တက်ရောက်တဲ့အခမ်းအနားကို သပိတ်မှောက်တာ၊ ဆိုင်းဘုတ် ထောင်ဆန္ဒပြတာလဲ ကြုံဖူးတယ်။ ကျွန်တော်ဘက်ကလည်း သတင်းမီဒီယာတွေမှားတယ်၊ ကျင့်ဝတ်နဲ့မညီဘူးလို့ထင်တဲ့အခါ ပြန် ဝေဖန်တာပဲ။ ကိစ္စနှစ်ခုမှာဆိုရင် သတင်းမီဒီယာကောင်စီကတဆင့် ဖြေရှင်းတာမပြေလည်တဲ့ အတွက် ဝန်ကြီး ဌာနအနေနဲ့ တရားစွဲခဲ့တယ်။Continue reading “ဒီမိုကရေစီ နဲ့ မီဒီယာ”