ျိုက်ထီးရိုး နဲ့ ပြန်ကြားရေး

ကျိုက်ထီးရိုး တောင်ပေါ်က ပြဿနာမျိုးစုံအကြောင်းကို အခုမှ ရေးဖြစ်ပေမယ့် ၂၀၁၄-၂၀၁၆ ကာလ ပြန်ကြားရေး ဝန်ကြီးတာဝန်ထမ်းဆောင်နေချိန်မှာ ကျိုက်ထီးရိုးတောင်ပေါ်က ပြဿနာမျိုးစုံ ပတ်သက်တဲ့ သတင်းဆောင်းပါးရှည်ကြီးတစ်ပုဒ် ဖော်ပြနိုင်အောင် စီစဉ် ပေးခဲ့ဖူးတယ်။ အဲဒီအချိန်က နိုင်ငံပိုင်သတင်းစာက သတင်းထောက်တွေ၊ စာတည်းတွေဟာ ပေါ်လစီ ဆောင်းပါး၊ ဘုန်းတော်ဘွဲ့ဆောင်းပါးတွေပဲရေးတတ်တယ်လို့ အနှိမ်ခံနေရတဲ့အချိန်ပေါ့။ တကယ်တော့ သတင်းထောက်တွေ၊ စာတည်းတွေက ပုဂ္ဂလိက ဂျာနယ်တွေမှာပါတဲ့ ဆောင်းပါးပုံစံမျိုးတွေ ရေး တတ်တယ်၊ ရေးနိုင်စွမ်းလည်း ရှိတယ်။ အပေါ်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတဲ့ အတွက် ကြောင့်သာ လက်စွမ်းမပြနိုင်တာပါ။ ဒါ့ကြောင့် ကျွန်တော်က ဌာနဆိုင်ရာတွေ နဲ့ပတ်သက်ပြီး အမြင်မတော်တာတွေ၊ အောက်ခြေ ပြည်သူတွေရဲ့ လူနေမှုဘ၀ အခြေအနေတွေကို ထင်ဟပ်တဲ့ဆောင်းပါးတွေရေးဖို့အားပေးတယ်။ ဝေဖန်ထောက်ပြတဲ့အချက်တွေ ပါလို့ ပြဿနာတက်နိုင်မယ်ထင်ရင် ကျွန်တော့်ကို လာပြော၊Continue reading “ျိုက်ထီးရိုး နဲ့ ပြန်ကြားရေး”

ကျိုက်ထီးရိုး ခြေလျင်ခရီး (၄)

တတိယမြောက်နေ့ ခရီးစဉ်အတွက် လျာထားတာက ကျိုက်ထီးရိုးတောင်ကနေ မြစိမ်းတောင်ကို ဆိုင်ကယ်နဲ့ ပြန်သွား၊ မြစိမ်းတောင်ကနေ ဝိဇ္ဇာတောင်- ရေတံခွန် – ကျိုက်ထီးရိုးကို ခြေလျင်ခရီး သွားဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဝိဇ္ဇာတောင်နဲ့ ရေတံခွန်ကြားမှာ လူအသွားအလာမရှိသလောက် ဖြစ်ပြီး လမ်းပိတ်၊ လမ်းပျက်နေတာမျိုးနဲ့ ကြုံနိုင်တယ်လို့ သိရတဲ့အတွက် အဲဒီခရီးစဉ်အစား ကျိုက်ထီးရိုး – ကျောက်ထပ်ကြီးဘုရား ခရီးစဉ်ကို သွားဖို့ စီစဉ်ခဲ့တယ်။ ကျိုက်ထီးရိုးကနေ ရသေ့ တာင်၊ စွန်တောင်ခရီးစဉ်နဲ့ ကျိုက်ထီးရိုး – ကျောက်ထပ်ကြီးခရီးစဉ်တွေက လမ်းပြမလိုပါဘူး။ ဝိဇ္ဇာ တောင်- ရေတံခွန်လမ်းကြောင်းကတော့ လမ်းပြပါရင် ပိုကောင်းမယ်။ ကျိုက်ထီးရိုး- ကျောက်ထပ်ကြီးလမ်းက အသွား ၊ အပြန် ၄.၄ မိုင်ရှိတယ်။ ခရီးသွားချိန်က အသွား မှာ ၁ နာရီContinue reading “ကျိုက်ထီးရိုး ခြေလျင်ခရီး (၄)”