ဂျင် ဂျင် လည်

ဂျင် (၁) အား ၊ ဒီအခန်းထဲရောက်မှပဲ နားရတော့တယ်။ ဟို ဂျင်ဆိုတဲ့အခန်းထဲမှာ ထိုင်နေလို့မရဘူး။ မတ်တပ် မတ်တပ် နဲ့ အမှိုက်လှဲလိုက်၊ မှန်သုတ်လိုက်။ ကစားနေတဲ့သူတွေ က ခေါ်ပြီး ခုံ တွေ၊ လက်ကိုင်တန်းတွေ သုတ်ခိုင်းလိုက်နဲ့။ တကယ်တော့ ခေါ်တယ်လို့သာပြောတာပါ။ ကျွတ် ကျွတ် ကျွတ် ကျွတ်ဆိုပြီး စုတ်သတ်ခေါ်၊ လက်ညှိုးထိုးပြီး ခိုင်းတာပါပဲ။ ဒီကိုလာတဲ့ လူအများစုက သန့် ရှင်းရေးသမားတွေကို လူစာရင်းသွင်းတာမဟုတ်ဘူး။ ဟို နည်းပြတွေဆိုရင်သာ ဆရာ ဆရာ ၊ ဆရာ မ၊ ဆရာမ နဲ့ ပြာနေတာ။ ကိုယ်လိုကောင်ကို လူလို သူလို နှုတ်ဆက်တတ်တာဆိုလို့ လက်ချိုးရေ လို့ရတယ်။ အများစုကတော့ ခန်းမထဲက အားကစားခုံလောက်တောင် ဂရုစိုက်တာမဟုတ်ဘူး။Continue reading “ဂျင် ဂျင် လည်”