လင်းယုန်နဲ့ နဂါးကြားက အိန္ဒိယ သမုဒ္ဒရာ

ဒီဇင်ဘာ ၈ ရက်နေ့က နေ ၁၀ ရက်နေ့အထိ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း အမေရိကန် – တရုတ် အင်အားပြိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ခဲ့ရတယ်။ လူ ရှစ်ဆယ်ကျော်ပါဝင်ဆွေးနွေးတဲ့အထဲမှာ မြန်မာနိုင်ငံက တပ်မတော်အရာရှိနှစ်ဦး၊ ပညာရေးဝန် ထမ်းတစ်ဦး တက်ရောက်တာလည်း တွေ့တယ်။ ဆွေးနွေးပွဲက အမေရိကန်နိုင်ငံရဲ့ အင်ဒို – ပစိဖိတ်မဟာဗျူဟာ နဲ့ တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားတိုးချဲ့လာမှု တွေက ဒေသတွင်းနိုင်ငံတွေအပေါ် အကျိုးသက်ရောက်မှုအခြေအနေကို ဆွေးနွေးကြတာဖြစ်ပါတယ်။ အင်ဒို – ပစိဖိတ် ဆိုသည်မှာ အင်ဒို – ပစိဖိတ်ဒေသဆိုတာက အာဖရိက တိုက် အရှေ့ဘက်ကမ်းခြေကနေ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေ အထိ ၊ တနည်းအားဖြင့် အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ နှစ်ခု ပေါင်းစပ်ထားတဲ့ ဒေသကြီးဖြစ်ပါတယ်။Continue reading “လင်းယုန်နဲ့ နဂါးကြားက အိန္ဒိယ သမုဒ္ဒရာ”