အင်းလေး (၃)

အင်းလေး ရှေ့ရေး အင်းလေးကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀၀ ကျော်မှာရှိတဲ့ ကုန်းမြင့်ဒေသ ရေချိုကန်ကြီး ဖြစ်ပါ တယ်။ အင်း‌လေးကန်ဟာ သဘာဝရေချိုကန်သက်သက်မဟုတ်ဘူး။ ကန်ထဲမှာ လူသားတွေနဲ့ သားငှက်တိရိစ္ဆာန် ပေါင်းစုံ အတူတကွ နေထိုင်ရှင်သန်နေတဲ့နေရာဖြစ်တယ်။ အင်းလေးကန်ထဲမှာ ကျေးရွာအုပ်စု ၃၄ အုပ်စု၊ ရွာပေါင်း ၄၃၄ ရွာ၊ လူဦးရေ တစ်သိန်းရှစ်သောင်းကျော် ရှိသလို  ငှက်မျိုးစိတ် ၂၆၇ မျိုး၊ ငါးမျိုးစိတ်  ၄၃ မျိုး ရဲ့ နေရင်းဒေသလည်း ဖြစ်တယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မတွေ့နိုင်ဘဲ အင်းလေးဒေသမှာပဲ တွေ့နိုင်တဲ့ ခရုမျိုးစိတ် ၂၀ နဲ့ ငါးမျိုးစိတ် ၉ မျိုးလည်းရှိတယ်။ ဆောင်းရာသီဆိုရင် အင်းလေးကို  ဆောင်းခိုငှက် နှစ်သောင်းကျော်လောက်လာတယ်။   ဒီလိုထူးခြားတဲ့ အခြေအနေတွေရှိတဲ့အတွက်  ၁၉၈၅ ခုနှစ် မှာ  ၆၄၂ စတုရန်းကီလိုမီတာကျယ်တဲ့ အင်းလေးကန်Continue reading “အင်းလေး (၃)”

အင်းလေး (၂)

အင်းလေး နဲ့ ဧည့်သည် ညောင်ရွှေမြို့နဲ့ အင်းလေးကန်ကို နောက်ဆုံးလည်ပတ်ခဲ့တာ ၂၀၁၅ ခုနှစ်ကဖြစ်ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလထဲမှာ ကလော- အင်းလေး နှစ်ညအိပ် သုံးရက် တောတွင်းခရီးကြမ်းလျှောက်ခဲ့ပေမဲ့ အင်းတိန်ဘုရားတွေ အထိပဲ ရောက်ခဲ့ပြီး အင်းတိန်ကနေ ကလောကို တိုက်ရိုက်ပြန်ခဲ့တဲ့အတွက် အင်းထဲမရောက်ခဲ့ဘူး။ ၂၀၁၅ ခုနှစ် ရောက်ခဲ့ ချိန်က ညောင်ရွှေ အင်းလေးဒေသမှာ ခရီးသွားလုပ်ငန်းအရှိန်အဟုန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်နေချိန်၊ အနာဂတ်ကို မျှော်မှန်း ပြီး လုပ်ငန်းတွေတိုးချဲ့နေချိန်ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံများရဲ့ အကျိုးစီးပွားကြား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လိုအပ်ချက်များကြား ဝိရောဓိတွေ ပြင်းထန်နေတဲ့အချိန် လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ အင်းလေးကန် အရှေ့ ဘက် ဟိုတယ်ဇုန် ၆၆၂ ဧက ဖော်ထုတ်ရေး စီမံကိန်းContinue reading “အင်းလေး (၂)”

အင်းလေး (၁)

  ဖောင်တော်ဦး ဒီတစ်ခေါက် ကျွန်တော့ခရီးစဥ်က ကလော- ပင်းတယ- ရွာငံ – ဘော်ဆိုင်း ခရီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ အဲဒီဒေသကို ရောက်နေချိန်ဟာ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ဒေသစာရီကြွချီ အပူဇော်ခံတဲ့ အချိန်ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် အင်းလေးကို တစ်ရက်သွားခဲ့ပါတယ်။ ဖောင်တော်ဦးဘုရားရုပ်ပွားတော် များ ဒေသစာရီကြွချီတဲ့ ကာလ ကအောက်တိုဘာ ၁၅  ရက်ကနေ နိုဝင်ဘာ ၁  ရက်အထိ ဖြစ်ပါတယ်။   ကျွန်တော့်နဲ့ ကျွန်တော့် ခရီးသွားဖော်မိတ်ဆွေကို ပင်းတယ က မိတ်ဆွေတစ်ယောက်က ပင်းတယ – ဟဲဟိုးလမ်း အတိုင်း လိုက်ပို့ပါတယ်။ အဲဒီလမ်းက တောင်ကြီး ဒါမှမဟုတ် ဟဲဟိုးလေယာဥ်ကွင်းကနေ ပင်းတယ ကို သွား ချင်တဲ့ ခရီးသွားများအတွက်အဆင်အပြေဆုံးလမ်းကြောင်းပါ။ ဟဲဟိုးကနေ ပင်းတယအထိ ၂၂ မိုင်ပဲContinue reading “အင်းလေး (၁)”

ရွှေအင်းတိန် ဘုရား ၄

ရွှေအင်းတိန်ဘုရားရဲ့ အရံစေတီတွေမှာ ရွှေတိဂုံရင်ပြင်ပေါ်က စေတီတစ်ချို့မှာလိုပဲ အစောင့် ရုပ်တု တွေရှိတယ်။ ရွှေတိဂုံဘုရားများ အတွေ့များတာက ခြင်္သေ့၊ နဂါး၊ ဘီလူး၊ ဇော်ဂျီ ရုပ်တွေ ဖြစ်ပေမယ့် ရွှေအင်းတိန်ဘုရားမှာတော့ လူရုပ်ပုံတွေများပါတယ်။ နတ်သား၊နတ်သမီးလို့ ယူဆ ရတဲ့ ရုပ်တုတွေလည်းရှိတယ်။ လူပုံအနေအထားတွေကလည်း သူငယ်တော်လို့ယူဆရတဲ့ အရုပ်ရှိသလို ကလေးရုပ်လေး လို့ ယူဆရတဲ့ အရုပ်လည်းတွေ့တယ်။ တစ်နေရာမှာ ကလေးချီထားတဲ့ မိခင်၊ ဖခင်ပုံလည်းတွေ့ တယ်။ နန်းဝတ်နန်းစားနဲ့ အမျိုးသားတစ်ယောက်အောက်မှာ ကလေးနှစ်ယောက် မတ်တပ်ရပ် နေပုံလည်း ရှိတယ်။ အမျိုးသားအမျိုးသမီး ကနေတဲ့ ပုံ လည်း ရှိတယ်။ ဝတ်ကောင်းစားလှနဲ့ အမျိုးသား၊ အမျိုးသမီးပုံ ကို တစ်ဖက်တစ်ချက်မှာ ထားတာ လည်း ရှိတယ်။ အိုးရွက်ထားတဲ့အမျိုးသမီးတစ်ယောက်ပုံကတော့ ခေါင်းမှာ အခုContinue reading “ရွှေအင်းတိန် ဘုရား ၄”

ရွှေ အင်းတိန် ဘုရား ၃

ရွှေအင်းတိန်ဘုရားဝင်းထဲက အရံစေတီတွေမှာ အင်္ဂတေပန်းနွယ်၊ပန်းခက်လက်ရာတွေရှိတယ်။ ပုဂံ လက်ရာလို အနုစိတ်တာမျိုးမဟုတ်ပေမယ့် ရှေးယခင်က အင်းလေးဒေသမှာ ဒီလို ပန်းတော့ ပညာ ထွန်းကားခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကတော့ အသစ်ပြန်ပြင်ထားတဲ့ စေတီတွေက လက်ရာတွေ ကို စိတ်မဝင်စားဘူး၊ မပြင်ရသေးတဲ့ ဒါမှမဟုတ် လက်ရှိအနေအထားထက် ပိုပြီး ပျက်စီးမသွား အောင် ထိန်းသိမ်းထားတဲ့ လက်ရာတွေကိုပဲ စိတ်ဝင်စားတယ်၊သေသေချာချာလေ့လာတယ် လို့ သိခဲ့ရတယ်။ ပြည်တွင်းခရီးသွားတွေကတော့ အဲဒီလက်ရာတွေရှိတဲ့ဘက်ကို သွားလေ့လာတဲ့ သူ နည်းမယ်ထင်တယ်။ ဒါ့ကြောင့် စိတ်ဝင်စားသူများ လေ့လာသိရှိနိုင်အောင် လက်လှမ်းမီသလောက် မှတ်တမ်းတင် မ ျှေ၀ ပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင်းနဲ့ ဘုရားဟောင်းတွေပေါ်မှာ သစ်ပင်ချုံနွယ်တွေပေါက်နေ တာ မြင်ရတော့ ဂေါပကအဖွဲ့အနေနဲ့ ဘုရားဟောင်းကို အသစ်ဖြစ်အောင် ပြင်သလို ဘုရားဟောင်း တွေပေါ် ကContinue reading “ရွှေ အင်းတိန် ဘုရား ၃”

ရွှေအင်းတိန် ဘုရား ၂

ရွှေအင်းတိန်ဘုရားရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက စောင်းတန်းရှည်ကြီးဖြစ်ပါတယ်။ မှတ်တမ်း များ အရတော့ စောင်းတန်းအရှည်က ၃.၃ ဖာလုံ ( ပေ နှစ်ထောင့်တစ်ရာကျော်) ရှိပြီး တိုင်ပေါင်း ၄၀၃ လုံးရှိတယ်။ စောင်းတန်းရှည်တယ်ဆိုပေမယ့် ဘုရားကုန်းပေါ်ကို ပြေပြေလေး ချိုးကွေ့တက် သွားတဲ့အတွက် တက်ရတာ မပင်ပန်းပါဘူး။ ကျွန်တော်တို့ကတော့ ကုန်းတော်ပေါ်ကို ကားနဲ့ တက်ခဲ့တာဆိုတော့ ကားကို အောက်ပြန်လွှတ်ပြီး စောင်းတန်းအတိုင်းခြေလျင်ပြန်ဆင်းခဲ့ တယ်။ တကယ်တော့ ဘုရားဖူးတဲ့အခါ စောင်းတန်းအတိုင်း တက်ပြီးဖူးတာ အကောင်းဆုံးပဲ။ စောင်းတန်း တလေ ျှာက်မှာ ဗုဒ္ဓဝင်ပန်းချီကားတွေရှိရင် လေ့လာလို့ရတယ်။ ဈေးဆိုင်တွေကို ကြည့်ပြီး ဒေသ လူမှု စီးပွားရေးအခြေအနေကို အကဲဖြတ်လို့ရတယ်။ အလှူရှင်အမည်ရေးထားတာ တွေကို ဖတ်ပြီး အဲဒီခေတ်ကာလ အခေါ်အဝေါ်တွေ ၊ သတ်ပုံတွေကိုContinue reading “ရွှေအင်းတိန် ဘုရား ၂”

ရွှေအင်းတိန် ဘုရား (၁)

ခရီးစဉ်တတိယနေ့မှာ ပတ္တူပေါက်ရွာကနေ အင်းတိန်ရွာကို ကားနဲ့ သွားပါတယ်။ ပက္တူပေါက် ရွာကနေ အောင်ပန်း – အင်းတိန် ကားလမ်းအထိ မြေသားလမ်းဖြစ်ပြီး ဆယ်မိနစ်လောက် မောင်း ရတယ်။ အောင်ပန်း – အင်းတိန်ကားလမ်းက တစ်ချို့နေရာတွေမှာ ကျောက်ချောလမ်း၊တစ်ချို့ နေရာတွေမှာ ကတ္တရာလမ်းဖြစ်ပြီး လမ်းအခြေအနေကောင်းပါတယ်။ တစ်နေရာမှာတော့ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ၅.၆၉ ကီလိုမီတာကို ကတ္တရာလမ်းအဆင့်မြှင့်တင် တည် ဆောက်မယ်ဆိုတဲ့ အကြောင်း ဆိုင်းဘုတ်ထောင်ထားတာတွေ့ခဲ့ရတယ်။ ပက္တူပေါက်လမ်းခွဲကနေ အင်းတိန်းဘက်ကို သွားရင် ထီသိန်ရွာ၊ ကျောက်စုရွာ၊ နန်းရုပ်ရွာတွေကို ဖြတ်ပြီး အင်းတိန်ကို ရောက်တယ်။ ထီသိန်၊ ကျောက်စု နဲ့နန်းရုပ်ရွာတွေက ပအိုဝ်း ရွာတွေ၊ အင်း တိန်က အင်းသားရွာဖြစ်ပါတယ်။ ထီသိန်မှာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းContinue reading “ရွှေအင်းတိန် ဘုရား (၁)”