“Juneteenth” လို့ ခေါင်းစဥ်တပ်လိုက်တော့ ရုပ်ရှင်အကြောင်းများလားလို့ ထင်ကြမယ်။ ရုပ်ရှင် အကြောင်းမဟုတ်ပါဘူး၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု ကို ထင်ဟပ်တဲ့ နေ့တစ်နေ့အကြောင်း ပြော ပြချင်တာပါ။ Juneteenth ဆိုတာက June 19th ကို စာနဲ့ရေးတဲ့June nineteenth စကားလုံးနှစ်လုံးကို ပေါင်း အတိုကောက် ခေါ်တာြဖစ်ပြီး (ဂျွန်တိသ်) လို့ အသံထွက်ပါတယ်။ June 19 ဇွန် ၁၉ ရက်နေ့ဟာ အမေရိကန်နိုင်ငံရဲ့ ပြည်ထောင်စုအစိုးရ ရုံးပိတ်ရက် ဖြစ် ပြီး ကျွန်ပြုခံထားရတဲ့ လူမည်းတွေ ကျွန် ဘ၀ကလွတ်မြောက်တဲ့အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ တရားဝင်အမည်က Juneteenth National Independence Day ဖြစ်ပါတယ်။ ဒီအထိမ်းအမှတ်နေ့ဖြစ်လာတဲ့ သမိုင်းကြောင်းက ဒီလိုပါ။ အမေရိကန် သမ္မတ လင်ကွန်း လက်ထက် မှာ ကျွန်စနစ်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီးဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ် ( ၁၈၆၁ –Continue reading ““Juneteenth””