ကိုဗစ်ကို အောင်နိုင်ခြင်း

အသက် ၇၄ နှစ်၊ သွေးတိုးရောဂါ အခံလည်းရှိတဲ့ ကိုဗစ် ၁၉ ဝေဒနာရှင်တစ်ယောက် ပြန်နလံ ထူ ဖို့အတော်ခက်ပါတယ်။ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ကုသခံရပြီး အသက်ရှုစက်အကူအညီ နဲ့နေရတယ်ဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမယ့် Manuel Bulauitan ကတော့ ကိုဗစ် ၁၉ နဲ့ တစ်လခွဲလောက်တိုက်ပွဲဝင်ပြီး အောင်ပွဲခံ ခဲ့တယ်။ Manuel Bulauitan ကိုယ်တိုင်က ခွဲစိတ်ဆရာဝန်ဖြစ်ပါတယ်။ သူ့သားသုံးယောက် လုံးကလည်း ဆရာဝန်တွေ၊ သားအကြီးဆုံးက အမေရိ ကန်တပ်မတော်အရန်တပ်ဖွဲ့ဝင် ဆရာဝန်။ အငယ်နှစ်ယောက်က အရပ်ဘက် ဆရာဝန်တွေ၊ Manuel Bulauitan က အသက် ၇၄ နှစ် ဖြစ်ပေမယ့် အလုပ်လုပ်နေဆဲပဲ။ လွန်ခဲ့တဲ့ အနှစ်လေး ဆယ်လုံး ဖိလစ်ပိုင်နိုင်ငံမှာ စေတနာ့ဝန်ထမ်းဆေးကုပေးခဲ့တယ်။ အမေရိကန်နိုင်ငံ နယူးContinue reading “ကိုဗစ်ကို အောင်နိုင်ခြင်း”

ဗိုင်းရပ်နဲ့ ဝါရှင်တန်မြို့တော် အတွေ့အကြုံ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် ဒီစီ မြို့တော်ဝန်က မတ်လ ၂၅ ရက်နေ့ကနေ ဧပြီလ ၂၄ ရက်နေ့အထိ လူထုအတွက် မဖြစ်မနေ လိုအပ်တဲ့ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေက လွဲပြီး ကျန်တဲ့ ဆိုင်တွေ လုပ်ငန်းတွေကို ပိတ်ဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီအမိန့်မှာ ဆက်ဖွင့်ထားနိုင်တဲ့ လုပ်ငန်းတွေနဲ့ ပိတ်ထားရမယ့် လုပ်ငန်းတွေကို အခုလို ခွဲခြားသတ်မှတ်ထားတာတွေ့ရတယ် ။ ( လုပ်ငန်းအမျိုးအစား အမည်တွေကို ကိုယ့်နိုင်ငံနဲ့နီးစပ်တဲ့ အသုံးအနှုန်းတွေနဲ့ ဆီလျော်အောင် ဘာသာပြန်ထား ပါတယ်။ ) ဖွင့်လှစ်နိုင်သောလုပ်ငန်းများ ၁။ ကားပြင်အလုပ်ရုံ နဲ့ ကားအပိုပစ္စည်းအရောင်းဆိုင်များ။၂။ ဘဏ်များ၊၃။ စက်ဘီးအရောင်းဆိုင်နဲ့ စက်ဘီးပြင်ဆိုင်များ။၄။ ကလေးစောင့်ရှောက်ရေးဂေဟာများ။၅။ စားနပ်ရိက္ခာ ၊ အိမ်သုံးပစ္စည်း ၊ လူသုံးကုန်ပစ္စည်း နဲ့ အဖျော်ယမကာContinue reading “ဗိုင်းရပ်နဲ့ ဝါရှင်တန်မြို့တော် အတွေ့အကြုံ”

အိုဘားမားရဲ့ ချစ်ကြည်ရေးခရီးစဉ်

၂၀၀၁ ခုနှစ် တရုတ်သမ္မတ ကျန်စီမင်းရဲ့ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အပြီး နှစ်နှစ်ဆယ်နီးပါး ကြာမှ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ အင်န်အယ်လ်ဒီ ပါတီကိုထောက်ခံသူတွေက အင်မတန်အရေးပါတဲ့ သံတမန်ရေးရာအောင်မြင်မှုကြီး အဖြစ် ချီးမွမ်း ကြတယ်။အစဉ်အလာ မဟာမိတ်နိုင်ငံခေါင်းဆောင်တစ်ယောက် နှစ်ဆယ်နီးပါးကြာမှ ချစ်ကြည်ရေးခရီး ပြန် လာနိုင်တာကို ဂုဏ်ယူကြတယ်ဆိုရင်သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရတာဝန်ယူချိန်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ထဲက တစ်ကြိမ်မှာ ချစ်ကြည်ရေးခရီး မလာဘူးတဲ့၊ ၁၉ ၈၈ ခုနှစ် နောက်ပိုင်း မှာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဦးဆောင်ချမှတ်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ အိုဘားမား တစ်ယောက် မြန်မာနိုင်ငံကို နှစ်ကြိမ်တိတိ လာရောက်လည်ပတ်ခဲ့တာကိုလည်း ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေ ဂုဏ်ယူသင့်တာပေါ့။လက်ရှိသမ္မတ ထရမ့် ကတော့ မြောက်ကိုရီးယားနယ်စပ်မျဉ်းကို ဖြတ်ကျော်ခြေချခဲ့ပေမယ့် နေပြည်တော်ဘက်ကိုContinue reading “အိုဘားမားရဲ့ ချစ်ကြည်ရေးခရီးစဉ်”

သူ့ကို အားကိုးလို့ မဲပုံပေးပြီး ရွေးခဲ့တာပဲ။ ဒါပေမယ့် သူအာဏာရထဲက လုပ်သမ ျှ အောင်မြင်တာ မရှိသေးဘူး။ ကမ္ဘာ့အလယ်မှာ နိုင်ငံလည်း သိက္ခာကျတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီလည်း အခြေအနေမကောင်းဘူး၊ အခုတော့ သူကိုယ်တိုင်တောင် တရားစွဲခံရတော့မယ့် အခြေအနေရောက်နေပေါ့။ သူ့လက်နဲ့ထိလိုက်ရင် ရွှေမဖြစ်ဘဲ အားလုံးဒုက္ခရောက်ရတဲ့အကြောင်း ထရမ့်ကိုလည်း ဝေဖန်သလို ပါတီကိုရော၊ မိမိကိုယ်မိမိ ဝေဖန်ရေးရောလုပ်ထားတဲ့ ရီပတ်ဘလီကင်ပါတီ နိုင်ငံရေးအတိုင်ပင်ခံ Rick Wilson ရေးတဲ့ “ Everything Trump Touches Dies” စာအုပ်ကတော့ နယူးယောက်တိုင်းမ်သတင်းစာ အရောင်းရဆုံးစာအုပ်စာရင်းဝင်သွားပြီ