“ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က (ပါတီတွင်း) ရွေးချယ်ပွဲမှာ ကျွန်မ အနေနဲ့ ထောက်ခံမဲ ၇၃% နဲ့ အနိုင်ရခဲ့တယ်။ အခုလည်း အဲဒီလို အနိုင်ရဖို့အတွက် လုပ်ရမယ့်နည်းလမ်းရှိပါတယ်။ ဒါပေမယ့် အဲဒီ နည်းလမ်းကို သုံးရင် ထရမ့်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အလိမ်အညာတွေကို ထောက်ခံပြောဆိုရတော့မယ်။ နိုင်ငံတော်နဲ့ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ထရမ့်ရဲ့ လုပ်ရပ် တွေကို ကူညီရတော့မယ်။ ကျွန်မအနေနဲ့ အဲဒီလို မလုပ်နိုင်ဘူး။ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး။ အောက်လွှတ်တော် အမတ်နေရာတင်မဟုတ်ဘူး၊ ဒီနိုင်ငံမှာရှိတဲ့ ဘယ်ရာထူးကမှ နိင်ငံတော်ကို ကာကွယ်စောင့်ရှောက် ပါ့မယ်လို့ သစ္စာဆိုထားမှုထက် ပိုပြီး အရေးမကြီးဘူး။ ဒီလို သစ္စာစောင့်သိတဲ့အတွက် ဘာတွေ ပေးဆပ် ရမယ်ဆိုတာ ကောင်းကောင်းသိပေမယ့် မမှုပါဘူး။Continue reading “ယုံကြည်ရဲရင့် (၄)”
Tag Archives: Trump
ယုံကြည် ရဲရင့် (၃)
ယုံကြည် ရဲရင့် (၃) အမေရိကန်အောက်လွှတ်တော် ဇန်နဝါရီ ၆ ရက်နေ့အရေးအခင်း စုံစမ်းရေးကော်မတီရဲ့ တတိယ အကြိမ် စစ်ဆေးကြားနာမှုကို ဇွန်လ ၁၆ ရက်နေ့ မှာ ကျင်းပခဲ့တယ်။ ဒီတစ်ကြိမ် ကြားနားမှု မှာ တော့ ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့ နဲ့ ၆ ရက်နေ့မတိုင်မီ အချိန်တွေမှာ သမ္မတ ထရမ့်က ဒုသမ္မတ မိုက်ပင့်စ် ကိုဘယ်လို ဖိအားပေးခဲ့သလဲဆိုတာတွေကို အဓိက ထား ဖော်ထုတ်ခဲ့ပါတယ်။ ဒုတိယသမ္မတ မိုက်ပင့်စ် အကြောင်းမပြောခင် အမေရိကန်ဒုတိယသမ္မတရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို သိထားဖို့လိုပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယ သမ္မတ ဟာ သမ္မတရဲ့ အစိုးရအဖွဲ့မှာ ပါဝင်ပြီး အုပ်ချုပ်ရေးဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ရသလို အထက် လွှတ်တော်Continue reading “ယုံကြည် ရဲရင့် (၃)”
ယုံကြည်ရဲရင့် (၂)
ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က အမေရိကန်အောက်လွှတ်တော် ဇန်နဝါရီ ၆ ရက် အရေး အခင်း စုံစမ်းရေးကော်မတီ ဒုတိယအကြိမ် စစ်ဆေးကြားနာမှု လုပ်တယ်။ ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် ကြားနာမှုတွေမှာ အမေရိကန်ရှေ့နေချုပ်ဟောင်း ဝီလျံဘားရ် အပါအဝင် ထရမ့်ရဲ့ အိမ်ဖြူတော် ဝန်ထမ်းတွေ၊ ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက တာဝန်ရှိသူတွေ ရဲ့ ထွက်ဆို ချက် တွေကို တင်ပြခဲ့တယ်။ ထရမ့်ရဲ့ သမီးနဲ့ သားမက်ရဲ့ ထွက်ဆိုချက်တွေကိုလည်း တင်ပြခဲ့တယ်။ အခုကြားနာမှုတွေမှာ ရှေ့နေချုပ်ဟောင်း ဘားရ်ရဲ့ ပြောဆိုချက်တွေက နိုင်ငံရေးအကဲခတ် လေ့လာသူတွေ၊ မီဒီယာတွေရဲ့ အာရုံစိုက်မှုအများဆုံးရခဲ့တယ်။ ထရမ့်ကို ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေကြား အငြင်းအခုန်ဖြစ်စရာအများဆုံးဖြစ်ခဲ့တယ်။ ဝီလျံဘားရ်ရဲ့ ထွက်ဆိုချက်တွေအကြောင်းဆက်မပြောခင် အမေရိကန်ရှေ့နေချုပ်ရဲ့ အရေး ကြီးမှု ကို သိဖို့လိုပါတယ်။Continue reading “ယုံကြည်ရဲရင့် (၂)”
ယုံကြည် ရဲရင့်
အမေရိကန်အောက်လွှတ်တော်ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်အရေးအခင်း စုံစမ်းရေးကော်မတီ ရဲ့ စစ်ဆေးကြားနာမှုကို ဇွန်လ ၉ ရက်နေ့ က စတင်ကျင်းပခဲ့တယ်။ ဇန်နဝါရီ ၆ ရက် အရေး အခင်း စုံစမ်းရေးကော်မတီရဲ့ အရင်စစ်ဆေးကြားနာမှုတွေက တံခါးပိတ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခု တစ်ကြိမ်ကတော့ အများပြည်သူလေ့လာနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့အတွက် စိတ် ဝင်စားမှု များပြားခဲ့တယ်။ အခု ကြားနာစစ်ဆေးမှုက တစ်ကြိမ်တည်းနဲ့ ပြီးမယ့် ပွဲမဟုတ် ဘူး။ အနည်းဆုံး ခုနှစ်ကြိမ်ပြုလုပ်မှာဖြစ်ပါတယ်။ အခု စစ်ဆေးကြားနာမှု အကြောင်းမပြောခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ အရေးအခင်း ဘာလဲ ဆိုတာကို အတိုချုပ်ရှင်းပြချင်ပါတယ်။ ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်းContinue reading “ယုံကြည် ရဲရင့်”
သူ့ကို အားကိုးလို့ မဲပုံပေးပြီး ရွေးခဲ့တာပဲ။ ဒါပေမယ့် သူအာဏာရထဲက လုပ်သမ ျှ အောင်မြင်တာ မရှိသေးဘူး။ ကမ္ဘာ့အလယ်မှာ နိုင်ငံလည်း သိက္ခာကျတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီလည်း အခြေအနေမကောင်းဘူး၊ အခုတော့ သူကိုယ်တိုင်တောင် တရားစွဲခံရတော့မယ့် အခြေအနေရောက်နေပေါ့။ သူ့လက်နဲ့ထိလိုက်ရင် ရွှေမဖြစ်ဘဲ အားလုံးဒုက္ခရောက်ရတဲ့အကြောင်း ထရမ့်ကိုလည်း ဝေဖန်သလို ပါတီကိုရော၊ မိမိကိုယ်မိမိ ဝေဖန်ရေးရောလုပ်ထားတဲ့ ရီပတ်ဘလီကင်ပါတီ နိုင်ငံရေးအတိုင်ပင်ခံ Rick Wilson ရေးတဲ့ “ Everything Trump Touches Dies” စာအုပ်ကတော့ နယူးယောက်တိုင်းမ်သတင်းစာ အရောင်းရဆုံးစာအုပ်စာရင်းဝင်သွားပြီ