ကရင်အကြောင်း စာအုပ်ကောင်းတစ်အုပ်

မနေ့က ပန်းဆိုးတန်းမှာ စာအုပ်ရှာပုံတော်ဖွင့်ခဲ့တယ်။ ကာလအတော်ကြာ တံခါးပိတ်နေခဲ့တဲ့ စာအုပ်ဆိုင် အတော်များများ ပြန်ဖွင့်နေကြပါပြီ။ စာအုပ်ဝယ်သူကတော့ နည်းတယ်။ ကျွန်တော် သွားတဲ့အချိန်က ကိုးနာရီကျော် ဆိုင်တွေဖွင့်စ အချိန်ဖြစ်လို့ လူပါးတာလည်း ဖြစ်နိုင်ပါတယ်။ သွားရှာတဲ့စာအုပ်က ဆရာမြသန်းတင့်ရဲ့ “ လူလေးသို့ပေးစာများ” (ဘာသာပြန်) ပါ။ ပန်းဆိုး တန်း အပေါ်ဘလောက် ဘူတာကြီး ကုန်းကျော်တံတားအဆင်း ညာဘက်ခြမ်းမှာ ရှိတဲ့ Book Tree စာအုပ်မှာ ရှာတွေ့တယ်။ အဲဒီဆိုင်မှာပဲ “ ကရင်အမျိုးသားသမိုင်း” ( ဒေါက်တာ နန်းလှိုင်) စာအုပ်ထူကြီး ကို တွေ့လို ဝယ်ခဲ့တယ်။ ဆိုင်ထဲမှာ စာမြည်းကြည့်ပြီးတဲ့နောက် စာမျက်နှာ ၁၂ ၈၃ မျက်နှာ ရှိတဲ့စာအုပ်ထူကြီးကို ဝယ်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်း သုံးချက်ရှိပါတယ်။Continue reading “ကရင်အကြောင်း စာအုပ်ကောင်းတစ်အုပ်”