ျိုက်ထီးရိုး ခြေလျင်ခရီး (၁)

ကျိုက်ထီးရိုးတောင်ပေါ်ကို ခြေလျင်တက်ဖို့ စီစဉ်နေတာအတော်ကြာပါပြီ၊ အကြောင်းအမျိုးမျိုး ကြောင့် ပျက်ခဲ့ရတယ်။ အခုတော့ကဆုန်လပြည့်နေ့ တောင်မပိတ်ခင် အရောက်သွားမယ်၊ ကျိုက်ထီးရိုးတောင်ပေါ်ရောက်ရင် အဆင်ပြေသလောက်ဆက်နေပြီး ပတ်ဝန်းကျင် တောင်ကြော တွေကိုပါ ဆက်သွားမယ်လို့ ဆုံးဖြတ်လို့ အဖော်တစ်ယောက်နဲ့ ခရီးထွက်ခဲ့တယ်။ ကျိုက်ထီးရိုးခရီးစဉ်အတွက် ရန်ကုန်ကနေ ရွှေနဂါး ကားနဲ့သွားတယ်။ ဒီကားလိုင်းက ဘုရားဖူး ကားလိုင်းသက်သက်ဆိုတော့ ရန်ကုန်က လူတင်ပြီးရင် ကြားမှ လူ/ကုန်တင်တာမရှိဘူး။ လက် မှတ်ကတော့ သူတို့ ပေ့ချ်မှာပါတဲ့နံပါတ်ကို ဖုန်းဆက်ပြီးဝယ်လိုက်တာပါ။ သူတို့ကားကြိုပေး နိုင်မယ့်နေရာတွေထဲက အဆင်ပြေတဲ့နေရာက တက်စီးရုံပါပဲ။ အသွား/ အပြန်အတွက် နှစ်သောင်းခွဲပေးရတယ်။ ကားက ရန်ကုန်က မနက် ငါးနာရီခွဲထွက်တယ်။ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းခစန်းကို မနက် ၁၁ နာရီ ပတ်ဝန်းကျင်ရောက်တယ်။ ဒီကားလိုင်းက ပထမဆုံးအကြိမ်စီးဖူးတာပဲ။ ကားမောင်းတာရော၊ အချိန်မှန်Continue reading “ျိုက်ထီးရိုး ခြေလျင်ခရီး (၁)”