သင်္ဘောတစ်စီးမှာ ရေယာဥ်မှူးဆိုတာက ရာထူးအကြီးဆုံး၊ သင်္ဘောတစ်စီးလုံး ဘေးရန် ကင်း ကင်းနဲ့ လိုရာ ခရီး ရောက်ဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်၊ နိုင်ငံရေး၊ စီးပွားရေး လောကမှာတောင် သူတို့ ခေါင်းဆောင် တွေကို ပဲ့ကိုင် ရှင် ကြီး ဆိုပြီး တင်စားရအောင် ရေယာဥ်မှူးရဲ့ အခန်းကဏ္ဍက ကြီးမားလှတယ်။ ဒါပေမဲ့ ပဲ့ကိုင်ရှင်ကြီး အမှားမှား အယွင်းယွင်း ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီမေးခွန်းကို ဂရင်းဗီးလ် ရေငုပ် သင်္ဘေဖြစ်စဥ်မှာ အဖြေရှာ လို့ရပါ တယ်။ ဂရင်းဗီးလ်ဆိုတာက အမေရိကန် ရေတပ် က အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ် အက်စ် ဂရင်းဗီးလ် ( USSGreeneville) ကို ပြောတာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မနက် ရှစ်နာရီမှာ ဂရင်းဗီးလ် ရေငုတ်သင်္ဘောက ဟာဝိုင်ယီကျွန်း ပုလဲဆိပ်ကမ်းကနေ ထွက်လာတယ်။Continue reading “ဂရင်းဗီးလ်”
Tag Archives: Leadership
ခေါင်းဆောင်နဲ့ တာဝန်ယူမှု
အမေရိကန်သမ္မတ ထရူးမင်း ( ၁၉၄၅-၁၉၅၃) က သူရဲ့ အိမ်ဖြူတော်ရုံးခန်းစားပွဲပေါ်မှာ “ The Buck Stops Here” ဆိုတဲ့ စားပွဲတင်ဆိုင်းဘုတ်လေးတစ်ခုတင်ထားတယ်။ ဆိုလိုတာကတော့ သမ္မတ အနေနဲ့ သူ့ဆုံးဖြတ်ချက် တွေ ရဲ့ ရလဒ်အားလုံးကို တာဝန်ယူတယ်၊ အဆိုးတွေဖြစ်လာလို့ ဘယ်သူ့ကိုမှ ( အထူးသဖြင့် လက် အောက်ကို) အပြစ် မတင်ဘူးလို့ဆိုလိုတာ ဖြစ်ပါတယ်။ ထရူးမင်းကြောင့် ဒီစကားဟာ ခေါင်းဆောင်တစ်ယောက် ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ပြတဲ့ စကားအဖြစ် လူသိများသွားခဲ့တယ်။ သမ္မတ ဂျင်မီကာတာ (၁၉၇၇-၁၉၈၁) ကရေနံအကျပ်အတည်းနဲ့ ကြုံတဲ့အခါ အစိုးရရဲ့ စွမ်းအင်မူဝါဒ နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို ရုပ်သံကနေ တိုက်ရိုက်မိန့်ခွန်းပြောဖို့ စီစဥ်တယ်။ အဲဒီမိန့်ခွန်းကို ရုပ်သံရိုက်တဲ့အခါ သမ္မတ ကာတာက သမ္မတ ထရူးမင်းအထိမ်းအမှတ်ပြတိုက်ကနေ “The Buck Stops Here” ဆိုင်းဘုတ် လေးကို ခဏငှား၊ သူ ရုံးစားပွဲပေါ်မှာတင်ထားခဲ့ပြီး ပြည်သူတွေကိုContinue reading “ခေါင်းဆောင်နဲ့ တာဝန်ယူမှု”
စာအုပ်တစ်အုပ်၊ အတွေးတစ်စ
“ The Generals” by Thomas E. Ricks ဆိုတာ ဒုတိယကမ္ဘာစစ်ကနေ အာဖဂန် ၊ အီရတ် စစ်ပွဲ ( ၂၀၁၁ ထိ အခြေအနေ) အထိ စစ်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန် ကြည်းတပ် ဗိုလ်ချုပ်ကြီး ၃၀ ဦး ရဲ့ စစ်ဘက်ခေါင်းဆောင်မှုအရည်အချင်းတွေကို သုံးသပ်ထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ် ကို ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း William J. Perry နဲ့ ဗိုလ်ချုပ်ကြီး ( ငြိမ်း) Anthony C. Zinni တို့က ဖတ်ရှုလေ့လာသင့်တဲ့စာအုပ်၊ စစ်ဘက် ခေါင်းဆောင်မှုပညာရပ်နဲ့ပတ်သက်ပြီး အတွေးအမြင်သစ်တွေပေးတဲ့စာအုပ်၊ အနာဂတ် လေ့ကျင့် ရေး၊Continue reading “စာအုပ်တစ်အုပ်၊ အတွေးတစ်စ”
ခေါင်းဆောင်တစ်ယောက်ရဲ့ နှလုံးသား
မြောက်ပိုင်း မက်ဆီဒိုးနီးယားနိုင်ငံ သမ္မတ Stevo Pendarovski ဟာ ဒေါင်း ရောဂါ လက္ခဏာ ခံစားနေရတဲ့ ၁၁ နှစ်အရွယ် ကျောင်းသူလေး တစ်ယောက်ကို လက်ဆွဲပြီး ကိုယ်တိုင် ကျောင်း ပို့ခဲ့တယ်။ အဲဒီကျောင်းသူလေးကို သူ့ရောဂါ အကြောင်းပြုပြီး ကျောင်းမှာ အနိုင်အထက် ပြုကျင့်မှုတွေရှိ တယ် ဆို တဲ့ သတင်းတွေပေါ်ထွက်လာပြီးတဲ့နောက် သမ္မတ Stevo Pendarovski ဟာ ကျောင်းသူလေး နဲ့ သူ့မိဘ တွေကို တွေ့ဆုံအားပေးစကားပြောကြားခဲ့သလို ကလေးငယ်လေးကိုလည်း ကိုယ်တိုင်လက်ဆွဲ ပြီး ကျောင်းပို့ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတက လူတိုင်းဟာ မိမိရဲ့ အခွင့်အရေးကို အပြည့်အ၀ ခံစားခွင့်ရှိသလို အခြားသူတစ်ဦးရဲ့ အခွင့်အရေးကိုလည်း လေးစား ရမယ်၊ ဒုက္ခရောက်နေသူတွေကို စာနာမှုပေးနိုင်ရမယ်၊ ကျွန်တော်တို့အနေနဲ့Continue reading “ခေါင်းဆောင်တစ်ယောက်ရဲ့ နှလုံးသား”