မော်တင်စွန်း (၂)

ကျွန်တော့်အနားမှာ လာထိုင်တဲ့သူက အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုဒဏ်တွေကြားမှာ လှုပ်ရှားရုန်းကန်နေရသူမှန်း သိသာတဲ့ အသွင်အပြင်နဲ့၊ အထဲ မှာ စပို့ရှပ်ဝတ်ပြီး အပြင်မှာ ဇစ်တပ်ထားတဲ့ ကော်လံပါဆွယ်တာဝတ်ထားတယ်၊ ဆွယ်တာ ကော်လံမှာအဖြူရောင် အစင်းကြောင်းနှစ်ခုပါတယ် ၊ ပုဆိုးက အစိမ်းပုတ်ရောင်ကွက်စိတ်၊ လက်ထဲ မှာ ကွမ်းထုတ် တစ်ထုတ်နဲ့။ အသက်ကလေးဆယ်ကျော် ( နောက်သူပြောတဲ့ အသက်အတိအကျ က ၄၇ နှစ်) ။ ခရီးသွားတို့ ထုံးစံအတိုင်း ဘယ်ကလာလို့၊ဘယ်သွားမလဲကနေ စကားစတာပေါ့။ ကျွန်တော့် ပုံ ကတော့ ရပ်ဝေးဧည့်သည်မှန်းသိသာနေတော့ ဘုရားပွဲသွားမှာလားလို့မေးတယ်။ သူက ရန်ကုန် ဂိတ်က စီးတာမဟုတ်ဘူး။ ဆားမလောက်ကနေ ဖြတ်စီး လာတဲ့သူ၊ ဟိုင်းကြီးကျွန်းကို သွားမှာတဲ့။ သူ့ဇာတိကဟိုင်းကြီးကျွန်းတဖက်ကမ်းကျောက်ကလပ်ကမ်းခြေရှိတဲ့အလယ်ကျွန်း၊နာဂစ် နောက် ပိုင်းContinue reading “မော်တင်စွန်း (၂)”

မော်တင်စွန်း ၁

ဟိုးအရင်ထဲက အငြိမ်းစားဘဝနဲ့ ခရီးတွေသွားတဲ့အခါ ခြေလျင်တောင်တက်ခရီးတွေ သွား သလို ဘုရားပွဲတွေ၊ အခြားဘာသာများရဲ့ ဘာသာရေးပွဲတော်တွေကိုလည်း လေ့လာမယ်လို့ ကြိုတင် စဉ်းစားခဲ့ဖူးတယ်။ အထူးသဖြင့် ဆရာမကြီးလူထုဒေါ်အမာ ရေးတဲ့ ၁၂ ပွဲဈေးသည် တွေ အကြောင်း၊ အညာဘုရားပွဲတွေအကြောင်းဆောင်းပါးတွေကို ဖတ်ပြီး အညာက ဘုရားပွဲ ဈေးတန်းကြီးတွေမှာ ကုန်ပစ္စည်းမျိုးစုံရောင်းကြ၊ ဝယ်ကြ တာကို လေ့လာချင်တယ်၊ ကျေးလက် ဒေသ ဘုရားဖူးတွေ နဲ့ စကားပြောကြည့်ချင်တယ်။ ဒါပေမဲ့ အခုကာလမှာ အညာ ဘုရားပွဲတွေကို သွားဖို့ ဆို တာမလွယ်လှဘူး။ ဒါ့ကြောင့် သွားလို့ရနိုင်တဲ့ဘုရားပွဲတွေကို သွားမယ်လို့ ဆုံးဖြတ်ပြီး မော်တင်စွန်း ဘုရားပွဲကို သွားဖို့ ရွေးချယ်ခဲ့တယ်။ မော်တင်စွန်းဘုရားပွဲကို သွားဖို့ရွေးတာက ဘုရားပွဲကို လေ့လာချင် တာလည်း ပါတယ်။ နောက်ပြီးContinue reading “မော်တင်စွန်း ၁”