မမ နဲ့ ခရီးသွားခြင်း (၃)

ရထားက တပ်ကုန်းဘူတာ ကျော်တာနဲ့ လမ်းဘေးဝဲယာရှုခင်းတွေပြောင်းသွားတယ်။ လယ်ကွင်း တွေအစား ပဲခင်းတွေ၊ ငရုတ်စိုက်ခင်းတွေဖြစ်လာတယ်။ တမာပင်တွေ တွေ့လာရတယ်။ ပျော်ဘွယ်နားနီးတော့ စပျစ်စိုက်ခင်းတွေတွေ့တယ်။ ပျော်ဘွယ်ကျော်လာတော့ ထနောင်းပင် တွေ၊ ကန္တရာပင်တွေ နဲ့ အညာရှုခင်းနဲ့ ဆင်တူလာတယ်။ ဒီရှုခင်းတွေကို မြင်တော့ အမျိုးတွေ ကို သတိရပြန်ရော။ အမေဘက်က အဘွား နဲ့ အမေက ရေစကြိုသူတွေ၊ အဘိုးက တောင်တွင်းကြီးသား။ ဒီတော့ ကျွန်တော်က အညာမွေး၊ အညာကြီးမဟုတ်ပေမယ့် အဘိုး၊ အဘွားသွေးနဲ့ ကိုယ့်ကိုကိုယ် အညာ သားလို့ ပဲ ခံယူထားတာ။ အညာက မိုးနည်းရပ်ဝန်းဒေသ၊ ဘဝရှင်သန်ရေးအတွက် ရုန်းကန်ရ၊ ဒီအခက်အခဲမျိုးစုံကို ကျော်ဖြတ်ဖို့ အချင်းချင်းပဲ အပြန်အလှန်မှီခိုအားထားရ ဆိုတော့ အညာသူ အညာသားက ဒေသ ချစ်စိတ်၊Continue reading “မမ နဲ့ ခရီးသွားခြင်း (၃)”

မမ နှင့် ခရီးသွားခြင်း (၂)

ကျွန်တော်တို့ စီးတဲ့ အမှတ် ၃ အဆန်က အထက်တန်းရော၊ ရိုးရိုးတန်းပါ တွဲဟောင်းတွေဖြစ်ပါ တယ်။ ညနေ သုံးနာရီ လေးဆယ့်ငါး ထွက်တဲ့ အမှတ် ၅ အဆန်က လေအိတ်တွဲ လို့ခေါ်တဲ့ တွဲ သစ်တွေဖြစ်ပြီး ၂၀၁၆ ခုနှစ် အတွင်း မှာ တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့တဲ့တွဲတွေလို့ သိရတယ်။ အဲဒီရထားကတော့ ထိုင်ခုံတွေကောင်း၊ မီး တွေ အကုန်လင်း၊ အိမ်သာက အစ သန့်ရှင်း တောက်ပြောင်တယ်လို့ ဆိုတယ်။ ကျွန်တော်က အဲဒီရထားကို မစီးဘဲ အမှတ် ၃ အဆန်ကို စီးရတဲ့ အကြောင်းနှစ်ချက်ရှိတယ်။ ပထမတစ်ချက်က လေအိတ် ရထားမှာ အိပ်ခန်းတွဲမပါဘူး။ ညရထားဆိုရင် အိပ်ခန်းတွဲမှာ စီးရတာက ပိုလွတ်လပ်တယ်။ နောက်တစ်ချက်က လေContinue reading “မမ နှင့် ခရီးသွားခြင်း (၂)”

မမ နဲ့ တွေ့ဖို့

“ မမ ” လို့ခေါ်တဲ့ မြန်မာ့မီးရထားနဲ့ ခရီးသွားမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လက်မှတ်ဝယ်ဖို့အတွက် စုံစမ်းရတဲ့ကိစ္စပဲ။ ဌာနမှာ တာဝန်ထမ်းဆောင်ချိန်မှာ ရုံးက ဝယ်ပေး တာဆိုတော့သွားမယ့်နေ့၊သွားချင်တဲ့ရထားပြောရုံပဲပေါ့။ အခုကတော့ “ မမ ” နဲ့တွေ့ဖို့ ကိုယ်တိုင် ကြိုးစား ရပြီလေ။ ဒီလိုနဲ့ e-Government ခေတ်ပဲဆိုပြီး အင်တာနက်က ရှာဖွေဖို့ လုပ်တယ်။ မြန်မာ့မီးရထား ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကိုဝင်ကြည့်တဲ့အခါ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ သတင်းများ၊ လုပ်ငန်းစဉ်များ၊ ဥပဒေစည်းမျဉ်းများနဲ့ဆက်သွယ်ရန် ဆိုတဲ့ ကဏ္ဍတွေတွေ့တယ်။ လုပ်ငန်းစဉ်များကဏ္ဍအောက် မှာ လက်မှတ်ခနှုန်းထား၊ တန်ဆာခနှုန်းထား၊ ဥပဒေများတွေ့တယ်။ ကြိုတင်လက်မှတ်ရောင်းတဲ့ စည်းကမ်းသတ်မှတ်ချက် ရှာ မတွေ့ဘူး။ ( မရှာတတ်တာလည်း ဖြစ်နိုင်ပါတယ်။ ) ကိုယ့်အတွေ့အကြုံအရ အစိုးရ ဝက်ဘ်ဆိုက်အတော်များများရဲ့ အားနည်းချက်ကိုContinue reading “မမ နဲ့ တွေ့ဖို့”