ရေစကြို စကားဝိုင်း

ရေစကြို ဆိုတာ ကျွန်တော့် ဘေး၊ အဘွားတို့ရဲ့ ချက်မြှုပ်၊ အမေနဲ့အဒေါ်တွေ ကြီးပြင်း ခဲ့ရာ၊ အခုအချိန်ထိ ဆွေမျိုးတွေရှိနေသေးတဲ့နယ်မြေပေါ့။ ကျွန်တော့် အမေဘက်က ဘိုးဘွားတွေက အညာသူ၊အညာသားတွေ၊၊ အဖေဘက်က မော်လမြိုင် ဇာတိတွေ၊ ဒါတောင် အဖေ့ဘက်က အဘွားသာ မွန်တိုင်းရင်းသူ။ အဘိုးက မင်း တုန်းမင်း နဲ့ သီပေါမင်း အကူးအပြောင်း တိုင်းရေးပြည်ရေးမငြိမ်သက်တဲ့ ကာလမှာ အညာကနေ အောက်ပြည်၊ အောက်ရွာကို ပြောင်းရွှေ့လာတဲ့ အညာသား မျိုးဆက် ကနေ ဆင်းသက်လာတာ။ ကျွန်တော်ကတော့ ရန်ကုန်မှာမွေးပေမယ့် ငယ်ငယ်တည်းက အမေ့ဘက်က အဘိုးအဘွားတွေနဲ့ ကြီး ခဲ့ရ၊ ကျွန်တော့် ကို ထိန်းတာကလည်း ရေစကြိုနယ်သူတွေဆိုတော့ ရေစကြိုအကြောင်း အညာအကြောင်းတွေ နားထောင်ရင်း ကိုယ့်ကိုယ်ကိုယ် ရေစကြိုသားလို့ပဲ ခံယူထားတာ။Continue reading “ရေစကြို စကားဝိုင်း”