စံပယ်ဖြူဖြူ

ထူးထူးဆန်းဆန်းနာမည်တွေ အင်္ဂလိပ်နာမည်တွေနဲ့ စားသောက်ဆိုင် အလွန်များတဲ့ နေပြည် တော်မှာ “ စံပယ်ဖြူဖြူ” ဆိုတဲ့ ရိုးရှင်းလှပတဲ့ နာမည်နဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ကို ရှာဖွေ တွေ့ရှိခဲ့ တယ်။ တစ်နေ့က ခရီးတစ်ခု သွားရင်း နေပြည်တော်ကို ဝင်ဖို့ အကြောင်းပေါ်လာတယ်။ ဒဂုံမြို့သား ရဲ့ နေပြည်တော်ဝင်ခန်းကတော့ နေပြည်တော်အဝင်ဂိတ်မှာ အုပ်ကြီးဆီက တောင်းလာတဲ့ ထောက်ခံ စာပြ၊မှတ်ပုံတင်ပြရတာနဲ့ စတယ်။ ပြီးတော့ နေပြည်တော်ကို ဘာကိစ္စလာသလဲပြော ၊ ကား နံပါတ် နဲ့ တည်းခိုမယ့်လိပ်စာပေး၊ ကိုယ်ပြော သမ ျှကို လုံခြုံရေးတာဝန်ရှိသူက ကွန်ပျူတာထဲ ရိုက်သွင်း တာကို စောင့်၊ ရပြီဆိုရင် ကားဆီပြန်သွား၊ ကားမောင်းဝင်ပေါ့။ နေပြည်တော် ဝင်ဖို့အတွက် ကိစ္စအားလုံးပြီးတော့ နေ့လယ်စာ စားရမယ့် အချိန်ရောက်နေပြီ။Continue reading “စံပယ်ဖြူဖြူ”