နော်ေ၀ ခရီးစဉ် ၂၀၁၆

လွန်ခဲ့တဲ့ ခြောက်နှစ်က ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့အထိ နော်ဝေနိုင်ငံကို သွားခဲ့ရတယ်။ ကျွန်တော့်အနေနဲ့ နော်ဝေကို ပထမဆုံးရောက်ဖူးတာက ၂၀၁၂ ခုနှစ်ပါ။ အဲဒီ အချိန်က IMS နဲ့ DVB အစီအစဉ်နဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နိုင်ငံတွေရဲ့ပြည်သူ့ဝန်ဆောင် မှုမီဒီယာ လုပ်ငန်းတွေကို လေ့လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် အဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့ လိုက်ခဲ့ရ တာပါ။ ဒုတိယအကြိမ်ကတော့ ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်ရဲ့ချစ်ကြည်ရေးခရီးစဉ်ဖြစ် ပါတယ်။ အခု ခရီးစဉ်အတွက် ကျွန်တော့်ကို ဖိတ်ကြားတာက နော်ဝေးမြန်မာကော်မတီ ( Norwegian Burma Committee ) က ဖြစ်ပါတယ်။ ဒီအဖွဲ့ကအရင်က ပြည်ပအခြေစိုက်Continue reading “နော်ေ၀ ခရီးစဉ် ၂၀၁၆”