ပန်းဆိုးတန်း ပင်စင် ( မြို့ပြ၊ သက်ပြည့်) ထုတ်၊ ဆင်ခေါင်းပဲ နဲ့ စမူဆာသုပ်စား၊ စာအုပ်အဟောင်းတန်း မွှေ နှောက် ဝယ်ယူ၊ Book Tree ဆိုင်မှာ ခဏနား၊ ဆိုင်ကတိုက်တဲ့ လက်ဖက်ရည်သောက်၊ စာအုပ်အသစ် ဝယ်။ စာအုပ် နဲ့ ဥစ္စာက ကက်ကင်း ကျ တဲ့ အတွက် စာအုပ် များများ ဝယ်ရင် အိပ်ကပ်ပိန်သွားကြောင်း ရှာဖွေတွေ့ရှိ။

ပန်းဆိုးတန်း

ဇရာရဲ့ လက္ခဏာ က ဘာလဲလို့မေးရင် ဆံဖြူတာ၊ မျက်စိမှုန်တာ၊ သွားကျိုးတာ၊ အထိုင် အထ ခက်တာတွေကိုပဲပြောမှာသေချာတယ်။ ကျွန်တော့်ကတော့ ဇရာရဲ့ ထင်ရှားတဲ့လက္ခဏာ တွေ ထဲမှာ ခြေသည်းညှပ်လို့မရတော့တာလည်းပါတယ်လို့ထင်တယ်။ အသက်ကြီးတော့ ဗိုက်ပူ၊ အထိုင်၊အထ ခက်၊ ခါးကုန်းလို့လည်းမလွယ်။ဗိုက်ကလည်းခံနေတော့ ခြေသည်း ညှပ်ရတာ အတော်ခက်တယ်။ မျက်လုံးနဲ့ ခြေထောက်အကွာအဝေးက စာကြည့်မျက်မှန် နဲ့ လည်း အဆင် မပြေ၊ အဝေးကြည့်နဲ့လည်း စကော စက။ ဒီလိုနဲ့ ခြေသည်းတစ်ခါညှပ် ပြီးတိုင်း ခြေသည်း ဟာ ကြွက်ကိုက်ခံထားရသလိုဖြစ်ကျန်ခဲ့ရော။ တစ်ခါကနာမည်ကြီးဆံပင်ညှပ်ဆိုင်မှာဆံပင်ညှပ်ရင်း ခြေသည်းလည်းညှပ်ကြည့်ဖူးတယ်။ ကောင်း တော့ ကောင်းတယ်။ ဒါပေမယ့် ခြေထောက်ကို သန့်ရှင်းရေးလုပ်တာရော၊ ခြေသည်းအတွက် အားဆေးဆို လား ဘာလား ထည့်တာရော ဈေးက မသေးဘူး။Continue reading “ပန်းဆိုးတန်း”