မြို့ပြတေး

ကြက်ဥကြော်နဲ့ ထမင်းကြော်တစ်ပွဲ၊ ကျဆိမ့်တစ်ခွက် စားပွဲပေါ်ရောက်လာတယ်။ ပလက်ဖောင်း ပေါ်မှာ လူသွားလူလာများလာပြီ။ ဘယ်သူက တာဝန်ပေးထားမှန်း မသိတဲ့လူတစ်ယောက်ကလည်လမ်ဘေး နေရာလွတ်တွေနားမှာရပ်စောင့်ပြီး ကားတွေကို နေရာချပေးနေတယ်။ ပြီးရင် နှစ်ရာတောင်းတယ်။ ဘယ်သူကမှ မေးခွန်းမထုတ်ဘူး။ ငွေနှစ်ရာထုတ်ပေးလိုက်တာပဲ။ ကားတွေကို သူစောင့်ကြည့်ပေး ၊ မပေး မသေချာဘူး။ ဒါပေမယ့် ငွေမပေးရင် လူရော၊ ကားပါ ကသိကအောင့်ဖြစ်စရာတွေ ကြုံမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပေးသွားကြတာပဲ။ အဆောက်အဦ နံရံကို မှီပြီးဖွင့်ထားတဲ့ ဒီဆိုင်ဟာ လမ်းဘေးဆိုင်ထဲမှာတော့ ဆိုင်ကြီး စာရင်း ဝင် တယ်။ ထီးမိုးထားတဲ့ စားပွဲလေးငါးလုံးရှိတယ်။ ထမင်းဖြူ၊ ထမင်းကြော်ရတယ်။ ချဉ်ပေါင်ကြော်၊ ကြက်ဥကြော်၊ ဝက်သား၊ကြက်၊ ငါး၊ ပုဇွန် ဟင်းတွေ ရတယ်။ အစိုးရရုံးတွေ၊ ပုဂ္ဂလိက ဆိုင်ခန်း တွေနားမှာရှိတော့Continue reading “မြို့ပြတေး”

ဘောက်ထော်

မြို့ထဲကနေ ဘောက်ထော် မှာ ဈေးသွားဝယ်တယ်ဆိုတာ အတော်ဂွကျကျ နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ကျွန်တော့်မှာတော့ လုံလောက်တဲ့အကြောင်းရှိတယ်။ ပထမတစ်ခုကတော့ ဘောက်ထော်ဈေး။ ဘူ တာရုံလေးနဲ့ မလှမ်းမကမ်းက ဈေးသေးသေးလေးရယ်၊ ဘူတာရုံကိုသွားတဲ့ လမ်းဘေးဝဲယာက ပံျ ကျဈေးဆိုင်လေးတွေရယ်၊ ဒီမြင်ကွင်းက ကျင်လည်ခဲ့ဖူးတဲ့ နယ်မြို့လေးတွေကို သတိရစေတယ်။ ဒါ့ကြောင့် ရံဖန်ရံခါ သွားဖြစ်တယ်။ ဈေးဝယ်တယ်ဆိုတာထက် ဈေးလေ ျှာက်တယ်ဆိုတာက ပိုမှန် မယ်။ နောက်တစ်ခုကတော့ ဒီဈေးလေး နဲ့မနီးမဝေးမှာ မန္တလေး အိမ်စားမြီးရှည်စစ်စစ် ဆိုပြီး ကြေညာ ရောင်းတဲ့ ကျွန်တော့်ရိုးရင်းကြီးရဲ့ မြီးရှည်ဆိုင်ရှိတယ်။ သူ့မြီးရှည်ဟာ မန္တလေးမြီးရှည် စစ်မစစ် တော့မသိဘူး။ မန္တလေးနန်းရှေ့မှာ နေခဲ့ဖူးတဲ့ ကျွန်တော့်အမေ့လက်ရာ မြီးရှည်နဲ့တော့တူတယ်။ အမေက အသက်ကြီးလာတော့ မြီးရှည်လုပ်မကျွေးနိုင်တော့ဘူး။ ဒီတော့ အမေ့လက်ရာContinue reading “ဘောက်ထော်”

လူစွမ်း လူစ

အရပ်မြင့်မြင့် ၊ ကိုယ်လုံးပါးပါး၊ ရှပ်အကျီ ၤ လက်ရှည်အကွက်က ဖရိုဖရဲ၊ ခါးမှာ ကာကီ ရောင် ဘောင်းဘီတို၊ခြေထောက်မှာ ညှပ်ဖိနပ်၊ ကြောပိုးအိပ် သေးသေး လေးလွယ်ထားတယ်။ ဆံပင် ရှည် ရှည် ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေက ထိုးထိုးထောင်ထောင်၊ လူပုံက ပေတူးတူး။ ပိုက်ကျော်ခြင်းဝိုင်းတွေမှာ သူ့နာမည်ရင်းကို သိတဲ့သူနည်းတယ်။ အိမ်နာမည် xx ကြီး ဆိုတာနဲ့ပဲ သိကြတယ်။ ခြင်းဝိုင်းကောင်းပြီ ဆိုရင် သူရောက်လာပြီ။ ကိုယ်တိုင်ကလည်း ခြင်းသမား၊ ရန်ကုန် တင်မဟုတ် နယ်တွေအထိ ဆင်းခတ်တဲ့သူ။ သူ့အကြောင်း မသိတဲ့သူတွေအတွက်တော့ သူဟာ ကြေးစားခြင်းသမားတစ်ယောက်ပဲ။ ဒါပေမယ့် သူ့ဘဝက အဲဒီလိုမဟုတ်ဘူး။ သူ့ကို တောင်ဒဂုံ ၆၅ရပ်ကွက် ပိုက်ကျော်ခြင်းကွင်းဘေး လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့တယ်။ သူ့Continue reading “လူစွမ်း လူစ”

လွတ်လပ်ရေးနေ့ လမ်းလေ ျှာက်ခြင်း

အိမ်ကနေ ထွက်တော့ နေ့လည်တစ်နာရီ။ ရန်ကုန်မြို့လမ်းတွေမှာ ကားနည်းနည်းပဲ ရှိတယ်။ ပလက်ဖောင်းတွေပေါ်မှာ လူတွေ၊ လမ်းဘေးဈေးဆိုင်တွေကလည်း ကျိုးတိုးကျဲတဲ။ အပန်းဖြေ တယ်ဆိုတာ စိတ်ရော လူပါ အေးအေးချမ်းချမ်း အနားယူတယ်ဆိုတာကို သဘောမပေါက်တဲ့ သူတွေကတော့ ကားတွေပြည့်ကျပ်နေတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ၊ ဈေးကြီးသလောက် စား လို့မကောင်းတဲ့ဆိုင်တွေမှာ၊ ရာသီအမီဈေးမြှင့်ထားတဲ့ ဟိုတယ်ခန်းတွေမှာ၊ လူပင်လယ်တွေ၊ လူ ကမ်းခြေတွေမှာ အပန်းဖြေတယ်ဆိုပြီး ရုန်းကန်သွားလာနေကြတယ်။ အမြင်ကျယ်တဲ့ ရန်ကုန် သားတွေကတော့ ကားရှင်း၊ လူရှင်းတဲ့ ရန်ကုန်မြို့မှာ အေးအေးဆေးဆေး ဇိမ်ခံနေကြတယ်။ သူ တို့ကို အနှောင့်အယှက်ပေးတာဆိုလို့ လော်စပီကာသံပဲရှိတယ်။ ဒါတောင် လွတ်လပ်ရေးနေ့ တစ်ရက်ပါပဲ။ မြို့ထဲက လမ်းတိုတွေ အတော်များများ လမ်းပိတ်ပြီး လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ နေ ကြတယ်။ မနက်ပိုင်းပွဲတွေပြီးသွားပေမယ့် တစ်ချို့လမ်းတွေထဲမှာContinue reading “လွတ်လပ်ရေးနေ့ လမ်းလေ ျှာက်ခြင်း”

ဆိတ်ငြိမ်ရာ

အဆောင်ရှေ့ကပြင်မှာ ကျွန်တော်တစ်ယောက်တည်း။ ဝရန်တာမီးတွေပိတ်ထားသည်။ ပတ်ဝန်းကျင်မှာ မီးရောင်မရှိ၊ မလှမ်းမကမ်း လေ ျှာက်လမ်းလေးတွေမှာ ထွန်းထားသောမီးတွေကလည်း နေရာ ကွက်ကွက်လေးကို အလင်းပေးနိုင်ရုံ။ ညကို အလှပျက်အောင် လင်းထိန်နေတာမျိုးမဟုတ်။ သစ်ရွက်ကြိုကြားကနေ လရောင်ကို မြင်နိုင် သေးသည်။ အဝေးတစ်နေရာက ငှက်အော်သံကြားရသည်။ အစာရှာတာလား၊ အန္တရာယ်ကို အချက်ပေး တာလား။ ငှက်အော်သံတိတ်သွားတော့ ပိုးကောင်လေးတွေအသံကြားရသည်။ စီစီ စီစီနဲ့ အော် တဲ့အကောင်ရှိသလို ကျစ်ကျစ်နဲ့ အသံပေးတဲ့ကောင်လည်းလည်း ရှိသည်။ ပုစဉ်းရင်ကွဲ အသံ မကြားရတဲ့အတွက် ကျေးဇူးတင်သည်။ ပုစဉ်းရင်ကွဲအသံသည် အလှုခံ မဏ္ဍပ်က အသံချဲ့စက်သံလိုပဲ မုန်းဖို့ကောင်းသည်။ ပိုးကောင်လေးတွေအသံတိတ်သွားတော့ သစ်ရွက်ကြွေတွေကြားထဲမှာ အကောင်တစ်ကောင် လေ ျှာတိုက်သွားသံကို ကြားလိုက်ရသည်။ မြွေလား၊ ကင်းလိပ်ချောလား။ အသံက အဆောင်အောက်ကနေ အဆောင်ရှေ့ချောင်းခြောက်လေးထဲကို ဆင်းသွားContinue reading “ဆိတ်ငြိမ်ရာ”

မိုး ရန်ကုန်

“မိုးတွေရွာစွေ” မိုးဘွဲ့သီချင်းတွေထဲမှာ ထူးခြားလှတဲ့ ကိုခင်ဝမ်း ရေးဖွဲ့ခဲ့သော သီချင်းဖြစ်သည်။ ကိုခင်ဝမ်းသီချင်းခွေတွေထဲမှာ ထူးထူးခြားခြား အမျိုးသမီး အဆို တော် ပါဝင်သီဆိုခဲ့သောသီချင်းလည်းဖြစ်သည်။ အဆိုတော်အမည်ကလည်း မိုးမိုး ၊ မိုး ဆိုတဲ့ စကားလုံးကို ထပ်ကာ ထပ်ကာ ဖွဲ့သီထားသောသီချင်း ကောင်းကင်ထက်မှာ ၊ ခြိမ်းကာ ခြိမ်းကာ ၊ လ ျှပ်စစ်ဝင်းလက်၊ ပြက်ကာ ပြိုးကာ နက်မှောင် တိမ်ညို လွှမ်းခြုံမိုးနေ၊ ကိုင်းခက်လေဆောင် နွဲ့၍ ထိမ်းနေ တိမ်းကာ ယိမ်းကာ မိုးတွေ ရွာစွေ xxx မိုးရေ မိုးရေ မိုးတွေ ရွာစွေ ရွာစွေပါ မိုးရေ သီတင်းကျွတ်မှာ နှုတ်ဆက်သွားပြီ၊ အပူတွေပဲထားခဲ့ပြီဟု ထင်ခဲ့သော ရန်ကုန်မိုးက ဆိုင်းမပါ ဗုံမဆင့် ပြန်ရောက်လာသည်။Continue reading “မိုး ရန်ကုန်”

လော်မယ်ဆိုရင်လေ

လတ်တလောဖေ့စ်ဘွတ်ပေါ်တွင်ခေတ်စားနေတာက “လော်” ဆိုသည့်စကား ဖြစ်သည်။ လော် ဆိုတာ အရပ် စကားအရတော့ လော်စပီကာ ဒါမှမဟုတ် အသံချဲ့စက် ဒါမှမဟုတ် အော်လံကြီးကို ပြောတာ ဖြစ်သည်။ ထို့အတူ အင်္ဂလိပ်ဘာသာမှာ လော်ဘီ Lobby ဆိုတာရှိသည်။ လော်ဘီ Lobby ရဲ့ မူရင်း အနက်က ဧည့်သည်တွေစောင့်တဲ့ ခန်းမကြီးဖြစ်သည်။ နိုင်ငံရေးအနက်ကတော့ အစိုးရ သို့မဟုတ် ဥပဒေပြုအမတ်များကို မိမိတို့ ဆန္ဒများကို အကောင်အထည်ဖော်ပေးဖို့ ဆွဲဆောင်ခြင်းဖြစ်သည်။ အဲဒီအသုံးအနှုန်းဖြစ်လာပုံက ဗြိတိသ ျှ ပါလီမန်အဆောက်အဦ အဝင်က ဧည့်ခန်းမ ကြီးမှာ မဲဆန္ဒ ရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေက အမတ်တွေကို ပါလီမန်အစည်းအဝေး မစခင်မှာ တွေ့ဆုံပြီး ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး သူတို့ ဆန္ဒတွေကို တင်ပြတာ၊ အခြားContinue reading “လော်မယ်ဆိုရင်လေ”

ပန်းဆိုးတန်း

ဇရာရဲ့ လက္ခဏာ က ဘာလဲလို့မေးရင် ဆံဖြူတာ၊ မျက်စိမှုန်တာ၊ သွားကျိုးတာ၊ အထိုင် အထ ခက်တာတွေကိုပဲပြောမှာသေချာတယ်။ ကျွန်တော့်ကတော့ ဇရာရဲ့ ထင်ရှားတဲ့လက္ခဏာ တွေ ထဲမှာ ခြေသည်းညှပ်လို့မရတော့တာလည်းပါတယ်လို့ထင်တယ်။ အသက်ကြီးတော့ ဗိုက်ပူ၊ အထိုင်၊အထ ခက်၊ ခါးကုန်းလို့လည်းမလွယ်။ဗိုက်ကလည်းခံနေတော့ ခြေသည်း ညှပ်ရတာ အတော်ခက်တယ်။ မျက်လုံးနဲ့ ခြေထောက်အကွာအဝေးက စာကြည့်မျက်မှန် နဲ့ လည်း အဆင် မပြေ၊ အဝေးကြည့်နဲ့လည်း စကော စက။ ဒီလိုနဲ့ ခြေသည်းတစ်ခါညှပ် ပြီးတိုင်း ခြေသည်း ဟာ ကြွက်ကိုက်ခံထားရသလိုဖြစ်ကျန်ခဲ့ရော။ တစ်ခါကနာမည်ကြီးဆံပင်ညှပ်ဆိုင်မှာဆံပင်ညှပ်ရင်း ခြေသည်းလည်းညှပ်ကြည့်ဖူးတယ်။ ကောင်း တော့ ကောင်းတယ်။ ဒါပေမယ့် ခြေထောက်ကို သန့်ရှင်းရေးလုပ်တာရော၊ ခြေသည်းအတွက် အားဆေးဆို လား ဘာလား ထည့်တာရော ဈေးက မသေးဘူး။Continue reading “ပန်းဆိုးတန်း”

လ ျှူရှောက်ချီ၊ တက္ကစီ နဲ့ ပင်စင်

သီတင်းကျွတ်ပြီးတာနဲ့ မိုးပါ အကျွတ်အလွတ်ဖြစ်သွားတယ်။ ပေါ်မလာတော့ဘူး။ ဒီတော့ ရန်ကုန် ဟာ နေ့လယ်ဆိုရင် ကျွက်ကျွက်ဆူအောင်ပူတော့တာပဲ။ မိုးပြီးရင် ဆောင်းဦးလာတယ်ဆိုတာ ဒဏ္ဍာရီထဲမှာကျန်ခဲ့ပြီ။ မိုးဟာ အေးမြခြင်းကို မထားခဲ့တော့ဘူး။ သူထွက်သွားတဲ့အခါ အပူတွေ ပဲ ချန်ခဲ့တော့တယ်။ နေပူတော့ လူက အခန်းပဲအောင်းနေရတာပေါ့။ ဒါပေမယ့် မြို့ထဲကို မသွားမဖြစ် သွားရမယ့်ကိစ္စပေါ်လာတော့ စဉ်းစားရပြီ။ ပုံမှန်ကတော့ မြို့ထဲ ဆိုရင် နီးရင် လမ်းလေ ျှာက်၊ ဝေးရင် တက္ကစီပေါ့။ ကိုယ့်ကားနဲ့ကိုယ် သွားဖို့ကတော့ ကားရပ် ဖို့ နေရာအခက်အခဲကြောင့်ဆယ်ခါ တစ်ခါပဲ သွားဖြစ်တော့တယ်။ ဒီတစ်ခါသွားမှာက နည်းနည်း လှမ်းတော့ ဒီနေ နဲ့လမ်းလေ ျှာက်လို့မဖြစ်၊ ပြီးတော့ သုံးလေးနေရာ ဆက်သွားရမှာဆိုတော့ တက္ကစီခကလည်း မနည်းဘူး။ ဒီလိုနဲ့ ကိုယ့်ကားနဲ့ကိုယ်လာခဲ့တယ်။Continue reading “လ ျှူရှောက်ချီ၊ တက္ကစီ နဲ့ ပင်စင်”