လှိုင်သာယာ ရေ ဒီတစ်ခါတော့ ဂျိုလီ ကို မေ ျှာ်မနေနဲ့ကွဲ့ သူက (အမေရိကန်) ရွေးကောက်ပွဲ နဲ့ အလုပ်များနေပေါ့။ သူ့( ဒီမိုကရက်) ပါတီနိုင်ရေး အရေးကြီးတော့ မင်းတို့အရေး သွေးအေးပြီပေါ့။ အမတ် နှစ်နေရာ ရဖို့ လှိုင်သာယာကို နှစ်ခြမ်းခွဲခဲ့ပေမယ် ဆေးရုံ နှစ်ခု မဖြစ်၊ အလုပ်အကိုင် နှစ်ဆ မတိုး ၊ စီးပွားရေး နှစ်ဆ မတက် ကြွေးတွေပဲ နှစ်ဆ တိုးတာလည်း သူမသိတော့ဘူး။ ဆင်းရဲတွင်းက လွတ်စေမယ်၊ ကျူးတွေအတွက် အိမ်ခန်းပေးမယ် ကတိတွေလည်း အိပ်မက်ဖြစ်ကုန်ပေါ့။ ဒါပေမယ့် မင်းရဲ့ မဲတွေကို စိမ်း၊ ပြာ၊ ဝါ လုပ်လိုက်ရင်တော့ ဂျိုလီတစ်ယောက် လှိုင်သာယာကို ပြန်သတိရကောင်းပါရဲ့။
Tag Archives: YGN
တံတားအောက်မှာ
မောင်ကိုဗစ်ကလည်းပြန်လာ၊ ရာသီဥတုလဲ မိုးလေးတစိမ့်စိမ့်နဲ့ ဆိုတော့ အိမ်မှာပဲ နေဖြစ် တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ အိမ်ကလူတွေကလည်း အကြောင်းအမျိုးမျိုးနဲ့ အပြင် ထွက်နေကြတယ်။ ကိုယ်နေတဲ့အိမ်ယာကလူတွေလည်း မဖြစ်မနေ ကိစ္စတွေနဲ့ သွားလာနေရ တာပဲ။ သူတို့ ကူးလာရင် ၊ ဒါမှမဟုတ် ရောဂါကူးစက်တဲ့နေရာတစ်ခုကို ရောက်ခဲ့တယ်ဆိုရင် ကိုယ်လည်း နေထိုင်သွားလာမှုကန့်သတ်ခံရမှာပဲ၊ ဒီတော့ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို လိုက်နာ၊ ကိုယ်လုပ်စရာရှိတာကို လုပ်၊ ဖြစ်ရင်လည်း ရင်ဆိုင်တာအကောင်းဆုံးလို့ပဲ ဆုံးဖြတ် လိုက်တယ်။ ပထမဆုံး ဂျန်းရှင်းစီတီးကိုသွားတယ်။ ကော်ဖီဆိုင်မှာထိုင်တယ်။ ကော်ဖီဈေးက ကြီးလှတယ်။ ဒါပေမယ့် သီးသန့်ဖြစ်ခြင်းကို ငွေနဲ့ပေးဝယ်ရတယ်လို့ပဲ သဘောထားလိုက်တယ်။ လုပ်ငန်း သဘောအရ အေးအေးဆေးဆေးစကားပြောဖို့လိုအပ်တဲ့အချိန်ကလွဲရင် ဒီလို ဆိုင်တွေမှာ မထိုင် ချင်ဘူး။ ကျွန်တော်ရောက်တော့ ကိုးနာရီစွန်းစွန်းလေးပဲရှိသေးတော့ ကော်ဖီစက်တွေတောင်Continue reading “တံတားအောက်မှာ”
တကယ်တီး မယ့် မြို့တော်စည်ပင်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သံစုံတီးဝိုင်း ဝယ်ယူဖို့အတွက် ကျပ် သိန်း ၁၃၇၀ ( ၁၃၇.၄၃၅သန်း) တောင်းခံထားတယ်လို့ မြန်မာတိုင်းမ်သတင်းမှာဖော်ပြထားတယ်။ ပုံ ၁ မြို့တော်စည်ပင်အနေနဲ့ တကယ်တီးမယ်၊ မှုတ်မယ်ဆိုတာကောင်းပါတယ်။ ဒါပေမယ့် သံစုံ တီးဝိုင်း ပစ္စည်းတွေဝယ်၊ တီးဝိုင်းသမားတွေကို လစာပေးခန့်ထားတာနဲ့ လိုအပ်တဲ့အချိန်မှ အကောင်းဆုံး ဆိုတဲ့ တီးဝိုင်းကို ငှားသုံးတာ ဘယ်ဟာက ပိုကောင်းမလဲ၊ သံစုံ တီးဝိုင်းအသုံးပြုရမယ့် ဌာနဆိုင်ရာအခမ်းအနားတွေက တစ်နှစ်ကို ဘယ်နှစ်ကြိမ် လုပ်မလဲဆိုတာလည်း စဉ်းစားသင့်ပါတယ်လို့ထင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ပေတစ်ထောင်ကို ကျပ်သန်းပေါင်းငါးရာ ကုန်မယ်ဆိုတဲ့ လူကူးတံတားနဲ့ သန်း ၁၃၁၅ သန်းကုန်မယ်ဆိုတဲ့ လမ်းသစ်တစ်ခုကို လွှတ်တော်က ကန့်ကွက် ခဲ့တဲ့ မေ ၃၀ ၂၀၁၈ က သတင်းလေးလည်း ပြန်ဖတ်မိတယ်။ ပုံ ၂
မြို့ပြတေး
ကြက်ဥကြော်နဲ့ ထမင်းကြော်တစ်ပွဲ၊ ကျဆိမ့်တစ်ခွက် စားပွဲပေါ်ရောက်လာတယ်။ ပလက်ဖောင်း ပေါ်မှာ လူသွားလူလာများလာပြီ။ ဘယ်သူက တာဝန်ပေးထားမှန်း မသိတဲ့လူတစ်ယောက်ကလည်လမ်ဘေး နေရာလွတ်တွေနားမှာရပ်စောင့်ပြီး ကားတွေကို နေရာချပေးနေတယ်။ ပြီးရင် နှစ်ရာတောင်းတယ်။ ဘယ်သူကမှ မေးခွန်းမထုတ်ဘူး။ ငွေနှစ်ရာထုတ်ပေးလိုက်တာပဲ။ ကားတွေကို သူစောင့်ကြည့်ပေး ၊ မပေး မသေချာဘူး။ ဒါပေမယ့် ငွေမပေးရင် လူရော၊ ကားပါ ကသိကအောင့်ဖြစ်စရာတွေ ကြုံမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပေးသွားကြတာပဲ။ အဆောက်အဦ နံရံကို မှီပြီးဖွင့်ထားတဲ့ ဒီဆိုင်ဟာ လမ်းဘေးဆိုင်ထဲမှာတော့ ဆိုင်ကြီး စာရင်း ဝင် တယ်။ ထီးမိုးထားတဲ့ စားပွဲလေးငါးလုံးရှိတယ်။ ထမင်းဖြူ၊ ထမင်းကြော်ရတယ်။ ချဉ်ပေါင်ကြော်၊ ကြက်ဥကြော်၊ ဝက်သား၊ကြက်၊ ငါး၊ ပုဇွန် ဟင်းတွေ ရတယ်။ အစိုးရရုံးတွေ၊ ပုဂ္ဂလိက ဆိုင်ခန်း တွေနားမှာရှိတော့Continue reading “မြို့ပြတေး”
ရန်ကုန်မြို့လယ်
ဒီနေ့ မနက် ဆယ်နာရီလောက်က ပစ္စည်းတစ်ချို့ဝယ်ဖို့ ၂၇ လမ်း၊ ၂၈ လမ်းဘက် ရောက် သွားတယ်။ ဗိုလ်ချုပ်လမ်း၊ ဆူးလေ ဘုရားလမ်း ကားရှင်းတယ်။ အနော်ရထာ၊ မဟာဗန္ဓုလ ၂၈ လမ်း ၊ ၂၇ လမ်းတစ်ဝိုက်မှာ ကားကျပ်ဆဲ၊ ကားရပ်ဖို့နေရာခက်နေဆဲပဲ။ ကားကို ဟိုတယ်/ခရီး ရုံးဟောင်း ရှေ့မှာ သွားရပ်ပြီးလမ်းပြန်လေ ျှာက်ရတယ်။ မဟာဗန္ဓုလ လမ်း ဘယ်ညာ ပလက်ဖောင်းတွေပေါ်မှာတော့ လူနည်းနည်းရှင်းတယ်။ ကွန်က ရစ်မြောင်းလုပ်နေတဲ့ ၊ ဓာတ်ကြိုးနဲ့မလွတ်တဲ့ အပင်တွေကို ခုတ်နေတဲ့ စည်ပင်ဝန်ထမ်းတွေ၊ တွေ့တယ်။ မြို့တော်ကြီး ရပ်မသွားဖို့ အခြေခံအကျဆုံးအလုပ်တွေကို လုပ်နေသူတွေပေါ့။ လူမသိတဲ့ သူရဲကောင်းတွေပဲ။ စည်ပင်ဝန်ထမ်းတွေသာ တစ်ပတ်လောက် အမှိုက်မသိမ်းနိုင် ရင် ရန်ကုန်မြို့ဘာဖြစ်သွားမလဲလို့ တွေးကြည့်မိတယ်။ ပလက်ဖောင်းပေါ်မှာContinue reading “ရန်ကုန်မြို့လယ်”
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့တော်အခြေအနေကို အခု လိုသုံးသပ်ပြောကြားလိုက်တဲ့အကြောင်း စံတော်ချိန်သတင်းမှာ ဖော်ပြထားပါတယ် –၁။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက် တမ်း နောက်ဆုံးနှစ်အတွင်း တိုးတက်လာ ပြီး ရာသီဥတု ကောင်းမွန်လာတယ်။၂။ လူတွေရဲ့စိတ်ရင်း၊ စိတ်ဓာတ်တွေ သာယာပြီး အေးချမ်းလို့ရာသီဥတုလည်း ကောင်းလာတာ ဖြစ်တယ်။စကားအရာမှာတော့ မန္တလေးဟာ ရန်ကုန်ကို လိုက်လို့မမီတော့ဘူး။
၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ စီးပွားရေးအတွေ့အကြုံ
ရန်ကုန်မြို့ပြအများပြည် သူ သယ်ယူပို့ဆောင်ရေး (YUPT) အများပိုင်ဘတ်စ်ကားကုမ္ပဏီ မှာ ထည့်ဝင်ထားတဲ့ ကျပ် ၃၅ ဘီလီယံ လုံးပါးပျောက် ဆုံးမယ့် အခြေအနေအဖြစ်ခံမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အာမခံ ပြောကြားလိုက်ပါတယ်။ ဒီနေ့( ဒီဇင်ဘာ ၃၀ ၂၀၁၉ )ထုတ် ဆဲဗင်းဒေးသတင်းစာပါ သတင်းအရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၁။ သူအကျွမ်းကျင်ဆုံးဘာသာသာရပ်က စီးပွားရေးဖြစ်ပြီး အများပြည်သူပို့ဆောင် ရေး လုပ်ငန်းမအောင်မြင်စရာမရှိဘူး။၂။ သူဟာ စီးပွားရေးစာအုပ်တွေဖတ်နေတဲ့သူမဟုတ်ပါဘူး။၃။ Business နယ်ပယ်မှာကို အောင်မြင်ခဲ့တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။၄။ ၃၅ ဘီလီယံ လုံးပါးပါးပြီး ပျောက်ဆုံးသွားမယ့် အခြေအနေမျိုး ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။ လို့ ပြောကြားခဲ့တာကိုတွေ့ရပါတယ်။ သူ့အနေနဲ့ ဘာစီးပွားရေးလုပ်ငန်းတွေလုပ်ပြီးအောင်မြင်ခဲ့တယ်ဆိုတာတော့ မိန့်ခွန်းထဲမှာ ထည့် ပြောမထားဘူး။Continue reading “၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ စီးပွားရေးအတွေ့အကြုံ”