Power သတင်းဂျာနယ်က ကျွန်တော့်စာအုပ် “ Myanmar’s Political Transition and Lost Opportunities (2010-2016)” စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုနေမှုအခြေအနေနဲ့ အဲဒီစာအုပ်ထွက်ရင် ပွဲဆူမယ်လို့ ပြောနေတဲ့ အပေါ် မေးလို့ အခုလိုဖြေခဲ့ပါတယ်- ( ဂျာနယ်ကို ဖြေဖို့ကျန်သွားတဲ့အတွက် ထပ်ပြောချင်တဲ့စကားကတော့ စာအုပ်ပါရေးသားချက် တွေနဲ့ပတ်သက်ပြီး မကျေလည်သူတွေအနေနဲ့ (၁) အချက်အလက်နဲ့ ပြန်ရှင်း (၂) ကာယကံ ရှင်ကိုယ်တိုင်က ကျွန်တော့် တရားစွဲပြီး ဥပဒေအကြောင်းအရ ရင်ဆိုင်ဖြေရှင်း ဆိုတဲ့ နည်းလမ်း နှစ်ခုထဲက နှစ်သက်ရာကို ရွေးလို့ရကြောင်း ဆိုတဲ့ စကားပါပဲ။) “ ကျွန်တော့်စာအုပ်ကို ကျွန်တော်က အင်္ဂလိပ်လိုရေးခဲ့တယ်။ ကိုယ်ရေးတဲ့ စာအုပ်ကို ကိုယ်ကိုယ် တိုင်ဘာသာပြန်ဖို့ တိုက်တွန်းတဲ့ လူတွေလည်းရှိတယ်။ ဒါပေမယ့်Continue reading ““ Myanmar’s Political Transition and Lost Opportunities (2010-2016)””
Tag Archives: PowerJournal
ပါဝါဂျာနယ်အင်တာဗျူး
ဇူလိုင် ၁၂ ရက်နေ့က ပါဝါဂျာနယ်သတင်းအဖွဲ့ နဲ့ တွေ့ဆုံဖြေကြားခဲ့ပါတယ်။ အဲဒီအင်တာဗျူး ကို ဒီနေ့ ဇူလိုင် ၁၅ ထုတ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဖြေကြားချက်တွေထဲက စိတ်ဝင်စားစရာ လေးတွေကို ကောက်နှုတ်မ ျှဝေရရင် ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါက အရမ်းကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်က သြဇာ ရော၊အာဏာပါရှိတယ်။ မြန်မာ့နိုင်ငံရေးမှာ ဦးနေဝင်းတို့၊ ဦးသန်းရွှေတို့က အာဏာပဲ ရှိတာ၊ ( လူထုအပေါ်) သြဇာမရှိဘူး။ xx အခုကျွန်တော်ပြောနေတာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကို ဝေဖန်တယ် ဆို တာထက် ဘာမှမဝေဖန်ဘဲနဲ့ ဝိုင်းမြှောက်လို့ရှိရင် အကြီးအကဲတွေ ဘယ်လို ဒုက္ခရောက်တယ် ဆိုတာကို ကိုယ်တွေ့မြင်ခဲ့တဲ့အတွက်ကြောင့်မို့ အဲဒီလိုမျိုးမဖြစ်စေချင်တဲ့ စိတ်နဲ့ ကျွန်တော် ဝေဖန်တာပါ။ မကြိုက်မှန်းသိတယ်။ အဆဲခံရမှန်းလည်း သိတယ်။Continue reading “ပါဝါဂျာနယ်အင်တာဗျူး”