ပြီးခဲ့တဲ့ ဇွန် ၂၃ ၊ ၂၄ ရက်နေ့ ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝဂ္ဂနာတပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အရေးအခင်း အပြီးမှာ ဝဂ္ဂနာတပ်ဖွဲ့ နဲ့ သူတို့ခေါင်းဆောင်အကြောင်းကို ခြေရာကောက် ကြည့်ခဲ့ပါတယ်။ ဝဂ္ဂနာ တပ်ဖွဲ့ ဆိုတာ PMC Wagner ကုမ္ပဏီကို ရည်ညွှန်းပြီးပြောတာဖြစ်ပါတယ်။ ရုရှားလို အသံထွက်အမှန်က ဗဂ္ဂနာ Vagner လို့ ဆိုပါတယ်။ PMC ဆိုတာက private military company ပုဂ္ဂလိကစစ်ဘက်ရေးရာကုမ္ပဏီ ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီမျိုးက ရုရှားမှာတင်ရှိတာမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရှိပြီး အစိုးရက တရား၀င်ငှားရမ်းသုံးတာရှိသလို ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတစ်ဦးချင်း တွေ အတွက်လုံခြုံရေးလုပ်ပေးတာ၊ လုံခြုံရေးဆိုင်ရာအကြံပေးတာ၊ တချို့နိုင်ငံအစိုးရတွေအတွက် လုံခြုံရေး သင်တန်းပေးတာတွေ လုပ်တယ်။ အီရတ်နဲ့Continue reading “ဝဂ္ဂနာ နဲ့ ပရီဂေါဇင်”
Tag Archives: #PutinVladimir
ပူတင်ဇာတ်လမ်း
ဘီလာရုစ် သမ္မတ ကြားဝင်စေ့စပ်ပေးတဲ့အတွက် ဝဂ္ဂနာ တပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အဆုံး သတ်သွား တော့ မြန်မာနိုင်ငံက ပူတင် မှ ပူတင် ဆိုသူတွေဟာ ဒီဇာတ်လမ်းက တကယ်ဖြစ်တာ မဟုတ်ဘူး။ ပူတင်၊ ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင် ပရီဂေါဇနီ နဲ့ ဘီလာရုစ် သမ္မတ ကြား ကြိုတင် ဇာတ်လမ်း ဆင် ထားတာ ဘီလာရုစ်ဘက်ကို ဝဂ္ဂနာ/ဗဂ္ဂနာ တပ်ဖွဲ့ တွေရွှေ့ချင် လို့ ဒီလို လုပ်တာလို့ သုံးသပ် နေ တာ တွေ့ရတယ်။ ပူတင်လို အာဏာရှင်မျိုးဟာ တစ်ချို့တိရိစ္ဆာန်တွေ တစ်ကောင်နဲ့ တစ်ကောင် ရန်စောင် တဲ့ အခါ အမွှေး တွေ ဖွားပြီး တကယ်ရှိတဲ့ ကိုယ်လုံးအရွယ်အစားထက် ပိုကြီးတယ်လို့ ထင်အောင် လုပ် သလို မျိုး ကိုယ့်ကိုကိုယ်တကယ် ရှိတာထက် အင်အားပို ကောင်းတယ်၊ အာဏာပိုContinue reading “ပူတင်ဇာတ်လမ်း”
ဝံပုလွေ ပူတင်
ကစ်ပလင်ရဲ့ တောဟေဝန်ဇာတ်လမ်းများ ( The Jungle Book) မှာ ဝံပုလွေတွေအကြောင်းကို အခု လို ရေးခဲ့တယ်- ဝံပုလွေ အုပ်စုတစ်စုကို ဝံပုလွေအထီးတစ်ကောင်က ဦးဆောင်တယ်။ဒါပေမဲ့ ဝံပုလွေ အုပ်စုခေါင်း ဆောင်ဆိုတာ အင်အားကို သုံးပြီး ခေါင်းဆောင်ဖြစ်လာတာဆိုတော့ သူခွန်အားရှိနေသရွေ့ပဲ အုပ်စု ကို ဦးဆောင်လို့ရတယ်။ အုပ်စုထဲက အရွယ်ရောက်လာတဲ့ ဝံပုလွေပျိုအထီးအားလုံးဟာ တစ်နေ့မှာ အုပ်စုခေါင်းဆောင် ဖြစ်ရမယ်ဆိုတဲ့ အကောင်တွေချည်းပဲ။ ဒါ့ကြောင့် သူတို့အားလုံးက အုပ်စုခေါင်းဆောင်အခြေအနေ ကို စောင့်ကြည့် နေကြတယ်။ အမဲလိုက်တဲ့အခါ အုပ်စုခေါင်းဆောင်က ဦးဆောင်ရတယ်။ သူ့တာဝန်က သားကောင်ရှာရုံနဲ့ မပြီး ဘူး၊ သားကောင်ကို ခုန်အုပ်ပြီးချက်ကောင်းကို ကိုက်ခဲ ဆွဲလှဲနိုင်ဖို့လည်း လိုတယ်။ အုပ်စုခေါင်း ဆောင်က သားကောင်ကို မိမိရရ မတိုက်ခိုက်နိုင်ဘူး၊ သားကောင်က ပြန်တိုက်ခိုက်ပြီးContinue reading “ဝံပုလွေ ပူတင်”