ဝဂ္ဂနာ နဲ့ ပရီဂေါဇင်

ပြီးခဲ့တဲ့ ဇွန် ၂၃ ၊ ၂၄ ရက်နေ့ ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝဂ္ဂနာတပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အရေးအခင်း အပြီးမှာ ဝဂ္ဂနာတပ်ဖွဲ့ နဲ့ သူတို့‌ခေါင်းဆောင်အကြောင်းကို ခြေရာကောက် ကြည့်ခဲ့ပါတယ်။ ဝဂ္ဂနာ တပ်ဖွဲ့ ဆိုတာ PMC Wagner ကုမ္ပဏီကို ရည်ညွှန်းပြီးပြောတာဖြစ်ပါတယ်။ ရုရှားလို အသံထွက်အမှန်က ဗဂ္ဂနာ Vagner လို့ ဆိုပါတယ်။ PMC ဆိုတာက private military company ပုဂ္ဂလိကစစ်ဘက်ရေးရာကုမ္ပဏီ ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီမျိုးက ရုရှားမှာတင်ရှိတာမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရှိပြီး အစိုးရက တရား၀င်ငှားရမ်းသုံးတာရှိသလို ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတစ်ဦးချင်း တွေ အတွက်လုံခြုံရေးလုပ်ပေးတာ၊ လုံခြုံရေးဆိုင်ရာအကြံပေးတာ၊ တချို့နိုင်ငံအစိုးရတွေအတွက် လုံခြုံရေး သင်တန်းပေးတာတွေ လုပ်တယ်။ အီရတ်နဲ့Continue reading “ဝဂ္ဂနာ နဲ့ ပရီဂေါဇင်”

ပူတင်ဇာတ်လမ်း

ဘီလာရုစ် သမ္မတ ကြားဝင်စေ့စပ်ပေးတဲ့အတွက် ဝဂ္ဂနာ တပ်ဖွဲ့တွေရဲ့  ဆူပူထကြွမှု အဆုံး သတ်သွား တော့ မြန်မာနိုင်ငံက ပူတင် မှ ပူတင် ဆိုသူတွေဟာ ဒီဇာတ်လမ်းက တကယ်ဖြစ်တာ မဟုတ်ဘူး။ ပူတင်၊ ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင်  ပရီဂေါဇနီ နဲ့ ဘီလာရုစ် သမ္မတ ကြား ကြိုတင် ဇာတ်လမ်း ဆင် ထားတာ ဘီလာရုစ်ဘက်ကို ဝဂ္ဂနာ/ဗဂ္ဂနာ တပ်ဖွဲ့ တွေရွှေ့ချင် လို့  ဒီလို လုပ်တာလို့ သုံးသပ် နေ တာ တွေ့ရတယ်။ ပူတင်လို အာဏာရှင်မျိုးဟာ တစ်ချို့တိရိစ္ဆာန်တွေ  တစ်ကောင်နဲ့ တစ်ကောင် ရန်စောင် တဲ့ အခါ အမွှေး တွေ ဖွားပြီး တကယ်ရှိတဲ့ ကိုယ်လုံးအရွယ်အစားထက် ပိုကြီးတယ်လို့ ထင်အောင် လုပ် သလို မျိုး ကိုယ့်ကိုကိုယ်တကယ် ရှိတာထက် အင်အားပို ကောင်းတယ်၊ အာဏာပိုContinue reading “ပူတင်ဇာတ်လမ်း”

ဝံပုလွေ ပူတင်

ကစ်ပလင်ရဲ့ တောဟေဝန်ဇာတ်လမ်းများ ( The Jungle Book) မှာ ဝံပုလွေတွေအကြောင်းကို အခု လို ရေးခဲ့တယ်- ဝံပုလွေ အုပ်စုတစ်စုကို ဝံပုလွေအထီးတစ်ကောင်က ဦးဆောင်တယ်။ဒါပေမဲ့ ဝံပုလွေ အုပ်စုခေါင်း ဆောင်ဆိုတာ အင်အားကို သုံးပြီး ခေါင်းဆောင်ဖြစ်လာတာဆိုတော့ သူခွန်အားရှိနေသရွေ့ပဲ အုပ်စု ကို ဦးဆောင်လို့ရတယ်။ အုပ်စုထဲက အရွယ်ရောက်လာတဲ့ ဝံပုလွေပျိုအထီးအားလုံးဟာ တစ်နေ့မှာ အုပ်စုခေါင်းဆောင် ဖြစ်ရမယ်ဆိုတဲ့ အကောင်တွေချည်းပဲ။ ဒါ့ကြောင့် သူတို့အားလုံးက အုပ်စုခေါင်းဆောင်အခြေအနေ ကို စောင့်ကြည့် နေကြတယ်။  အမဲလိုက်တဲ့အခါ အုပ်စုခေါင်းဆောင်က ဦးဆောင်ရတယ်။ သူ့တာဝန်က သားကောင်ရှာရုံနဲ့ မပြီး ဘူး၊ သားကောင်ကို ခုန်အုပ်ပြီးချက်ကောင်းကို ကိုက်ခဲ ဆွဲလှဲနိုင်ဖို့လည်း လိုတယ်။ အုပ်စုခေါင်း ဆောင်က သားကောင်ကို မိမိရရ မတိုက်ခိုက်နိုင်ဘူး၊ သားကောင်က ပြန်တိုက်ခိုက်ပြီးContinue reading “ဝံပုလွေ ပူတင်”

ယူကရိန်းစစ်ပွဲ အလှည့်အပြောင်း

ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ ခြောက်လကျော် ခုနှစ်လထဲရောက်လာတော့ ပူတင်ရဲ့ ယူကရိန်း မူဝါဒ အခြေမလှ ပုံ က ပိုပြီး ပေါ်လွင်ထင်ရှားလာတယ်။ ပူတင်က စစ်ပွဲအစမှာ မိန့်ခွန်းပြောတော့ ယူကရိန်းက သူ့အဆို နာဇီလက်သစ်အစိုးရကို ဖယ်ရှားပစ်ဖို့ နဲ့နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားတာ ကို ရပ်တန့် ပစ်ဖို့ သူ့အခေါ် ယူကရိန်းအထူးစစ်ဆင်ရေးကို ဆင်နွဲရတာပါလို့ ပြောခဲ့တယ်။ တနည်းအားဖြင့် ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ရုရှားရဲ့ မဟာဗျူဟာရည်မှန်းချက်ပေါ့။ ဒါပေမယ့် ရုရှားထိုးစစ်အောက်မှာ ယူကရိန်းတပ်ဖွဲ့တွေ မြန်မြန်ပြိုလဲသွားပြီး ကိဗ်မြို့တော်ကို သိမ်း ပိုက်နိုင်မယ်ဆိုတဲ့ မေ ျှာ်လင့်ချက်က မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဖူး။ ဒါ့ကြောင့် မတ်လ ၂၆ ရက် နေ့မှာ ရုရှားတွေက သူတို့ရဲ့ အဓိက ရည်မှန်းချက်က ယူကရိန်းအရှေ့တောင်ဘက်ကContinue reading “ယူကရိန်းစစ်ပွဲ အလှည့်အပြောင်း”

ပျောက်စေ ဆရာ

ရုရှား သမ္မတ ပူတင်ရဲ့ ယူကရိန်းစစ်ဆင်ရေးက ၁၈ ရက်ကြာလာပြီ။ နှစ်ဘက်လုံးက ထုတ်ပြန် နေတဲ့ စစ်ဘက်ဆိုင်ရာ ထိခိုက်သေဆုံးပျက်စီးမှု စာရင်းတွေကို သီးခြားအဖွဲ့အစည်းတွေက အတည်ပြုနိုင်တာမရှိသေးပေမယ့် ရုရှားတပ်တွေ ထင်တိုင်းမပေါက်တာကတော့ သေချာ ပါတယ်။ စစ်ပွဲမစခင်ကတော့ အနောက်နိုင်ငံတွေကတောင် ရုရှားတပ်တွေ ကို ယူကရိန်း တပ်ဖွဲ့တွေ ယှဉ်နိုင်မှာမဟုတ်ဘူး။ အချိန်တိုအတွင်းမှာ အရေးပါတဲ့ မြို့ကြီးတွေကို ရုရှားတွေသိမ်းပိုက် နိုင် မယ်လို့ သုံးသပ်ပြောဆိုခဲ့ကြတယ်။ ပူတင်ရဲ့ မဟာဗျူဟာကလည်း မြို့တော်ကိယဗ် နဲ့အရေးပါတဲ့ မြို့တွေကို သိမ်းပြီးရင် ယူကရိန်း သမ္မတ ဇယ်လန်းစကီးရဲ့ အစိုးရကို ဖြုတ်ချပြီး ရုပ်သေးအစိုးရနဲ့ အစားထိုးမယ်။ ယူကရိန်းကို နေတိုးအဖွဲ့မဝင်ဘဲ ကြားနေ နိုင်ငံ အဖြစ် ထားရှိမယ့် စာချုပ်ချုပ်မယ်။ ယူကရိန်းက နိုင်ငံ အရှေ့ပိုင်းကContinue reading “ပျောက်စေ ဆရာ”