သာမိုင်းခမ်း (၆)

စဝ်ထွန်းအေး စော်ဘွားဖြစ်လာတဲ့အချိန်မှာ အင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ “ ကမ္ဗောဇပဒေသရာဇာအသင်း ( The Federal Council of Shan Chiefs) ဆိုတာပေါ်ပေါက်နေပြီ။ ဒီကောင်စီပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းက အင်္ဂလိပ်အစိုးရရဲ့ မြန်မာနိုင်ငံအုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုတွေ နဲ့ ပတ်သက်နေပါတယ်။ ၁၉ ၂၃ ခုနှစ်မှာ အင်္ဂလိပ်က ၁၉ ၁၉ ခုနှစ် အိန္ဒိယနိုင်ငံစီရင်အုပ်ချုပ်မှု ဥပဒေ ကို မြန်မာနိုင်ငံမှာ စ တင်ကျင့်သုံးခဲ့တယ်။ သမိုင်းမှာ ဒိုင်အာခီအုပ်ချုပ်ရေးလို့ လူသိများတဲ့ အုပ်ချုပ်ရေးပုံစံဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီအုပ်ချုပ်ရေးစနစ်ကို တစ်နိုင်ငံလုံးမှာကျင့်သုံးခဲ့တာမဟုတ်ဘူး။ ရှမ်းပြည်နယ် နဲ့ ချင်း ၊ ကချင်၊ နာဂ တောင်တန်းဒေသတွေကို မဖွံ့ဖြိုးသောဒေသများ ( Backward Tract ) များလို့Continue reading “သာမိုင်းခမ်း (၆)”

သာမိုင်းခမ်း (၃)

အဖွားဒေါ်အေးတီ က လက်ရှိ သာမိုင်းခမ်းနေရာက ဒုတိယနေရာ၊ ပထမ သာမိုင်းခမ်းက မွေတော် ဘုရားကုန်းတောင်ဘက်မှာလို့ ပြောတယ်။ လက်ရှိနေရာကို ဘယ်အချိန်က ရွှေ့လာခဲ့သလဲဆိုတာ တော့ သူမသိဘူး။ မင်းလမ်းမ တောင်ဘက် က ဟော်နေရာ၊ မြောက် ဘက်အကွက်မှာ စော်ဘွားရဲ့ ကျန်တဲ့ ဇနီးတွေ၊မောင်းမတွေအတွက်အိမ်တွေဆောက်ထားတယ်။အခုဒေါ်အေးတီ တို့နေတဲ့ မြေကွက် က ဒုတိယဇနီးအိမ်ရှိခဲ့တဲ့နေရာလို့ ဆိုတယ်။ လက်ရှိ သာမိုင်းခမ်းရွာရဲ့ ဟော်ကုန်းလမ်းက စော်ဘွားကြီးဟော်ခြံဝင်းအဆုံးပဲ။ အခု မင်းလမ်းမ လို့ ခေါ်နေတဲ့လမ်းကို စော်ဘွားကြီးရှိချိန်က မင်္ဂလာလမ်းမ အဖြစ် သတ်မှတ်ထားတယ်။ အဲဒီလမ်း ကို မင်္ဂလာမရှိတဲ့ အရာတွေမဖြတ်ရဘူး။ ရွာတောင်ဘက်မှာ နာရေးရှိရင် ရွာပြင်က ပတ်ပြီး သုသာန် ကို သွားရတယ်။ ရွာမြောက်ဘက်က လည်း ဒီအတိုင်းပဲ။Continue reading “သာမိုင်းခမ်း (၃)”

သာမိုင်းခမ်း (၁)

သာမိုင်းခမ်း ဆိုတာ ဓနုစကားအရ “သာ” ဆိုတာက “သာယာခြင်း”၊ “မိုင်း” ဆိုတာက ရှမ်းစကား အရ “ပြည်”၊ “ခမ်း” ဆိုတာက ရှမ်းစကားအရ “ရွှေ”၊ ဒါ့ကြောင့် သာမိုင်းခန်းဆိုတာ မြန်မာ စကားနဲ့ “သာယာရွှေပြည်” လို့ အောင်ပန်း ( သို့မဟုတ်) မြို့သစ်တစ်မြို့မွေးဖွားခြင်း (၂၀၀၈) ( ဆရာဦးမြင့်သန်း) စာအုပ်မှာ ဖော်ပြထားတယ်။ ကျွန်တော်လည်း အရင်ကတော့ သာမိုင်းခမ်း ဆိုတဲ့ အမည်ကို ဆရာဒဂုန်တာရာ စာတွေထဲမှာ တွေ့ နေပေမယ့် အလေးအနက်မထားမိဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ အတွင်း ကလော – အင်း လေး ခြေလျင်ခရီးကြမ်းလေ ျှာက်တော့ ညအိပ်ရပ်နားရတဲ့ လမိုင်းရွာက အိမ်ရှင် အဘကြီး ဦးContinue reading “သာမိုင်းခမ်း (၁)”